ဒေသတွင်း သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး သတင်းအမှားဖြန့်

သျှမ်းပြည်အခြေစိုက်သတင်းဌာန တခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာန၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင်းအမှားများ ဖြန့်ချိနေပါသည်။

အဆိုပါသတင်းအမှားများကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်တခုမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။

၎င်းက “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်းစစ်ဆေးတွေ့ရှိ” ဟု (မူရင်း) နှင့် “TNLA ဖောက်ခွဲခဲ့သည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်ဝန်ကြီး သွားကြည့်၊ ဒေသခံများကို ရထားသံလမ်းသန့်ရှင်းရေး လုပ်အားပေးခိုင်း” ဟု (မူရင်း) ဆိုကာ အကြောင်းအရာတွေကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် တုပပြုလုပ်ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာကို စစ်တပ်လော်ဘီ စာမျက်နှာတချို့ကပါ ကော်ပီယူတင်ပြီး ပြန်လည်ဖြန့်ဝေ နေကြသည်ကို တွေ့ရသည်။ ထိုအကြောင်းအရာသည် ပျံ့နှံ့မှုအားကောင်းနေပြီး ရှမ်းနှင့် တအာင်း တို့အကြား လူမျိုးရေးပဋိက္ခ ဖန်တီးနေခြင်း ဖြစ်သည်။

ဖြန့်ဝေထားသည့် လင့် – https://archive.ph/9Thl6

ဖြန့်ဝေထားသည့် လင့် – https://archive.ph/FNEc0

အချက်အလက်စိစစ်ချက်

လူမူမီဒီယာဖေ့ဘွတ်ခ်ပေါ်မှ ပျံ့နှံ့လာသော အဆိုပါအကြောင်းအရာကို MNFC အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ခမ်းသားငေါဝ်း သတင်းဌာတို့၏အချက်အလက်စစ်ဆေးသူများက စိစစ်ခဲ့ရာ လုပ်ကြံဖန်တီးထားသော သတင်းအမှား ဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိအချက်အရ “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်း စစ်ဆေးတွေ့ရှိ” ဟု ဆိုသည့် အကြောင်းအရာသည် လွတ်လပ်သည့် သတင်းမီဒီယများတွင် ဖော်ပြထားခြင်း လုံးဝမတွေ့ရပေ။

ဖြန့်ဝေထားသည့်အကြောင်းအရာတွင် အသုံးပြုထားသော ဓာတ်ပုံကို Reverse Image Search ဖြင့် ရှာဖွေကြည့်သည့်အခါ ပြီးခဲ့သော ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကော်မရှင် လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့ (CCDAC Myanmar) မှ ဖော်ပြထားသည့် မူးယစ်ဆေးဖမ်းဆီးမှု ဖြစ်စဉ်တခုမှ ဓာတ်ပုံဖြစ်နေသည်။

CCDAC Myanmar – https://archive.ph/ksN1Z

အဆိုပါအကြောင်းအရာကို သျှမ်းသံတော်ဆင့်သတင်းဌာနတွင် “စစ်ကော်မရှင်ထိန်းချုပ် လားရှိုးမြို့ ဒေသခံတစ်ဦးထံ စိတ်ကြွဆေးပြား လေးထောင်ကျော် ဖမ်းမိ” ဟု ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖော်ပြထားသော သတင်း – https://shorturl.at/LYFSx

အလားတူ “TNLA ဖောက်ခွဲခဲ့သည့် ဂုတ်ထိပ်တံတားကို စစ်ကော်မရှင်ဝန်ကြီး သွားကြည့်၊ ဒေသခံများကို ရထားသံလမ်း သန့်ရှင်းရေးလုပ်အားပေးခိုင်း” ဟု ဆိုသည့် အကြောင်းအရာကို စိစစ်ကြည့်သည့် အခါမှာလည်း လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

ရှမ်းပြည် ကျောက်မဲနှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတား၏ မိုင်းခွဲဖျက်ဆီးခံ ထားရသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စစ်ကော်မရှင် ဝန်ကြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာနကရေးသားဖော်ပြထားသည်။

သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖော်ပြထားသော သတင်း – https://shorturl.at/9zU4E

သို့သော် ​​မိုင်းခွဲဖျက်ဆီးခံထားရသည့် ဂုတ်ထိပ်တံတားနှင့် ပတ်သက်၍ TNLA က ဖောက်ခွဲခဲ့သည်ဟု သျှမ်းသံတော်ဆင့်သတင်းဌာနတွင် ထည့်သွင်းရေးသားဖော်ပြခြင်း လုံးဝမရှိပါ။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေစဉ် ပြီးခဲ့သည့်ဩဂုတ်လ (၂၄) ရက်တွင် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး ပေ (၃၀) ခန့် ကျိုးကျပျက်စီးသွားခြင်းဖြစ်သည်။

အဆိုပါ တံတားမိုင်းခွဲဖျက်ဆီးခံရသည့် အကြောင်းနှင့် ပတ်သက်၍ စစ်ကော်မရှင်နှင့် TNLA တို့အကြား နှစ်ဘက်အပြန်အလှန် စွပ်စွဲထားကြသည််။

ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် နောက်ဆက်တွဲတွင် သက်သေအတုများ ဖန်တီးကာ သတင်းအမှား ဖြန့်ဝေနေမှုများလည်း ရှိသည်။ ထိုအကြောင်းအရာကို MFCN အဖွဲ့ဝင် ခမ်းသားငေါဝ်းသတင်းဌာနက စိစစ်ထားပါသည်။

ဂုတ်ထိပ်တံတားကို မိုင်းခွဲရန် ပြင်ဆင်နေဆိုပြီး သက်သေအတုဖြင့် သတင်းအမှားဖြန့် – https://shorturl.at/4JZc8

သုံးသပ်ချက်

အထက်ပါ အချက်အလက်များနှင့် စိစစ်ကြည့်လိုက်သောအခါ “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” မှ ဖြန့်ဝေထားသောအကြောင်းအရာသည် ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာ၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးထားသည့် သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံဆိုသည့် နာမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာသည် လူမျိုးရေး ပဋိက္ခဖြစ်ပွားစေနိုင်သည့်အကြောင်းအရာတွေကို ဖြန့်ဝေဝါဒဖြန့်နေသည့် ဒီမိုကရေစီ အယောင်ဆောင် စာမျက်နှာတခုဖြစ်ပြီး စာမျက်နှာကိုထိန်းချုပ်ထားသည့် Admin အကောင့် ၁ ခုရှိပြီး ထိုင်းနိုင်ငံမှ ထိန်းချုပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်တွင်လည်း “ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံ”တွင် သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားဖြန့်ချိခဲ့ဖူးသည်။

စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဆိုသည့် သတင်းအမှား – https://shorturl.at/vpo1p

စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်/ မဟုတ် အတည်ပြု မေးမြန်းလိုသည် ဖြစ်စေ Fact-checking ပြုလုပ်ပေးသည့် သတင်းဌာန၊ အဖွဲ့အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

ယခုသတင်းကို Fact-check _ခမ်းသားငေါဝ်း/ သျှမ်းသံတော်ဆင့်/ The Red Flag/ MFCN တို့က ပူးပေါင်းစိစစ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...