စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဆိုသည့် သတင်းအမှား

သျှမ်းသံတော်ဆင့်သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် စစ်ကော်မရှင်၏ ဒရုန်းကြောင့် TNLA သူနာပြုဆရာမ အယောက် ၃၀ ကျဆုံးသွားသည်ဟု ဆိုကာ သတင်းအမှားဖြန့်ချိနေပါသည်။

အဆိုပါသတင်းအမှားကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်နှာတစ်ခုမှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။

၎င်းက”သီပေါကနေ ကျောက်မဲဘက်ကို ထွက်လာတဲ့ TNLA ရဲ့ သူနာပြုမလေး အယောက် ၃၀ လုံး လမ်းတစ်ဝက်မှာ စကမရဲ့ ဒရုန်းကြောင့် အကုန်လုံးကျဆုံး” ဟု (မူးရင်းအရေးအသား) ရေးသားဖြန့်ချိခဲ့ရာ reaction ပြုလုပ်သူ ၁၈၂ ဦးနှင့် ပြန်လည်မျှဝေသူ ၆၀ ဦး ရှိသည်။

ထို့အပြင် စစ်တပ်လော်ဘီ စာမျက်နှာတချို့ကလည်း အဆိုပါအကြောင်းအရာကို ကော်ပီယူတင်ပြီး ပြန်လည်ဖြန့်ဝေနေကြသည်။


မူးရင်းလင့်ခ် – https://archive.ph/ENgWk


နွေဦးရောင်ခြည် – https://archive.ph/gzbmf
PCT News – https://archive.ph/isVo8

အချက်အလက်စိစစ်ချက်

လူမှုမီဒီယာဖေ့ဘွတ်ခ်ပေါ်မှ ပျံ့နှံ့နေသာ အကြောင်းအရာကို MNFC အဖွဲ့ဝင် သျှမ်းသံတော်ဆင့် သတင်းဌာနမှ စိစစ်ကြည့်ရာ လုပ်ကြံဖန်တီးထားသည့် သတင်းအမှားဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ TNLA ၏ သူနာပြုဆရာမ အယောက် ၃၀ သည် စစ်ကော်မရှင်၏ ဒရုန်းကြောင့် အကုန်ကျဆုံးသွားသည်ဆိုသည့် အကြောင်းအရာအား လွတ်လပ်သည့် သတင်းမီဒီယာများတွင် သတင်းဖော်ပြထားခြင်း လုံးဝမတွေ့ရပေ။

ဖြန့်ဝေထားသည့်ပိုစ့်တွင် အသုံးပြုထားသော ဓာတ်ပုံကို Reverse Image Search ဖြင့် ရှာဖွေကြည့်သည့် အခါမှာလည်း ဓာတ်ပုံသည် ယခင်ကဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်တစ်ခုမှ ဓာတ်ပုံအဟောင်းဖြစ်နေသည်။

အဆိုပါဓာတ်ပုံကို စစ်တပ်လော်ဘီချန်နယ်များတွင် မကြာခဏဆိုသလို အသုံးပြုလေ့ရှိပြီး ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့တုန်းကလည်း သတင်းအမှားတခုကို ဖြန့်ချိခဲ့ရာမှာ အသုံးပြုခဲ့သည်ကို အချက်အလက် စစ်ဆေးသည့် ဝဘ်ဆိုဒ်တခုဖြစ်သည့် Boom Myanmar က စစ်ဆေးခဲ့ဖူးသည်။

Boom Myanmar မှ အချက်အလက်စစ်ဆေးထားတဲ့ Link >>> https://bit.ly/41Pk2TJ

ထို့ပြင် ဖြန့်ဝေထားသည့် ဓာတ်ပုံသည် သျှမ်းပြည်အခြေစိုက်သတင်းဌာတခုဖြစ်သည့် သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဖြန့်ဝေထားသည့်ပုံစံဖြင့် တုပပြုလုပ်ဖြန့်ဝေထားသည်ကို တွေ့ရသည်။ သျှမ်းသံတော်ဆင့် သတင်းဌာန ဝဘ်ဆိုဒ်နှင့် ဖေ့ဘတ်ခ်စာမျက်နှာတွင် အဆိုပါအကြောင်းအရာကို ဖော်ပြထားခြင်း လုံးမ မရှိပေ။

သုံးသပ်ချက်

စစ်ဆေးတွေ့ရှိချက်များအရ TNLA ၏ သူနာပြုဆရာမ အယောက် ၃၀ သည် စစ်ကော်မရှင်၏ ဒရုန်းကြောင့် အကုန်ကျဆုံးသွားသည်ဆိုသည့် အကြောင်းအရာသည် ဒေသတွင်း သတင်းမီဒီယာဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးထားသည့် သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့သည်။

အဆိုပါအကြောင်းအရာကို အချက်အလက်စစ်ဆေးသည့် ဝဘ်ဆိုဒ်တခုဖြစ်သည့် “ဟုတ်တယ် Vs မဟုတ်ဘူး” အဖွဲ့က ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း စစ်ဆေးခဲ့သည်။

ရှမ်းပြည်နယ် ဖက်ဒရယ်ဒီမိုကရေစီ သတင်းစုံဆိုသည့် နာမည်ဖြင့် ဖွင့်လှစ်ထားသည့် စာမျက်နှာသည် လူမျိုးရေး ပဋိက္ခဖြစ်ပွားစေနိုင်သည့် အကြောင်းအရာတွေကို ဖြန့်ဝေဝါဒဖြန့်နေသည့် ဒီမိုကရေစီ အယောင်ဆောင် စာမျက်နှာတခုဖြစ်ပြီး စာမျက်နှာကိုထိန်းချုပ်ထားသည့် Admin အကောင့် ၁ ခုရှိပြီး ထိုင်းနိုင်ငံမှ ထိန်းချုပ်နေခြင်း ဖြစ်ကြောင်း “ဟုတ်တယ် Vs မဟုတ်ဘူး” အဖွဲ့က ဖော်ပြထားသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ပျံ့နှံ့လာသော သတင်းအကြောင်းအရာများကို ချက်ချင်းဆိုသလို အလွယ်တကူ လက်ခံယုံကြည်ပြီး ပြန်လည်မျှဝေခြင်း မပြုလုပ်ကြရန် တိုက်တွန်းပါသည်။

စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းမှား ဖြစ်သည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်/ မဟုတ် အတည်ပြု မေးမြန်းလိုသည် ဖြစ်စေ Fact-checking ပြုလုပ်ပေးသည့် သတင်းဌာန၊ အဖွဲ့အစည်းများ၏ Chat Box မှတစ်ဆင့် သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

သျှမ်းသံတော်ဆင့်သည် Myanmar Fact-Checking Network အဖွဲ့ဝင် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...