၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ထားသည့် မြို့များအားလုံး စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်း ပေးရတော့မည်ဟု ဝါဒဖြန့်နေ

၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်အင်အားစုများ သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များအားလုံး စစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်းပေးရတော့မည်ဖြစ်ပြီး စစ်ကြောင့် ပျက်စီးခဲ့သည့် အစိုးရ အဆောက်အဦများနှင့် ပြည်သူ့နေအိမ်များကို တော်လှန်ရေးအင်အားစုဘက်က တန်းဖိုးအတိုင်းပေးလျော်ရမည် ဖြစ်ကြောင်း ဝါဒဖြန့်ချိနေပါသည်။

ဦးဖိုးမှန် အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “အခုဆိုရင် ရှမ်းပြည်မြောက်ပိုင်းမှာ သူပုန်သိမ်းထားတဲ့ မြို့အားလုံးနီးပါးကို တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးဖို့အထိ ဖြစ်လာခဲ့ရသလို စစ်ကြောင့်ထိခိုက်ခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေအတွက်လည်း သူပုန်တွေမှ အလျော်ပေးရမည့်အပြင် အစိုးရဌာနဆိုင်ရာ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် ကာလတန်ကြေး အတိုင်းအလျော်ပေးချေရလိမ့်မည်”ဟု (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဝါဒဖြန့်သတင်းကို လိုက်ခ် – ၇၉၀ ကျော်နှင့် ပြန်လည်မျှဝေသူ – ၁၁၉ ဦး ရှိသည်။

မူးရင်းလင့်ခ် – https://archive.ph/62Ktj

ပျံ့နှံ့လာသော ဝါဒဖြန့်သတင်းကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ အချက်အလက်များ မှားယွင်းနေကြောင်း စိစစ်တွေ့ရှိသည်။

သတင်း စိစစ်ချက်

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့စတင်၍ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင့်တပ် AA တို့ ဦးဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ကျော်ကာလအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်းရှိ မြို့ပေါင်း ၂၃ မြို့ကို တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထိုထဲတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ၊ မော်ထိုက်၊ ကုန်းကြမ်း၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ လောက်ကိုင်၊ ကွတ်ခိုင်၊ ဟိုပန်၊ ပန်လုံ၊ မဘိမ်း၊ နောင်ချို၊ မိုးမိတ်၊ ကျောက်မဲ နှင့် သီပေါတို့ ပါဝင်ကြောင်း ဧပြီ ၃၀ ရက်နေ့ထုတ် BNI-Myanmar Peace Monitor (BNI-MPM) ၏ အင်ဖိုဂရပ်ဖစ်ဒေတာအရ သိရသည်။
သတင်းအပြည့် အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

BNI – https://shorturl.at/Jdn5E

၂၀၂၄ ခုနှစ် သြဂုတ်လဆန်းမှစ၍ ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုးမြို့ကို တရုတ်အစိုးကြားဝင်မှုဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် စစ်ကောင်စီထံ ပြန်လည်လက်လွှဲခဲ့ရသည်။

စစ်ကောင်စီသည် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုတွင် ပြန်လည်တပ်စွဲခွင့်နှင့် အရပ်ဘက်အုပ်ချုပ်ရေးများ ပြုလုပ်ခွင့် ရမည်ဖြစ်ပြီး၊ ကိုးကန့်တပ် MNDAA သည် ကျေးရွာ ၄၅၀ ကို အုပ်ချုပ်ခွင့်ရမည်ဟု တရုတ်ကကြားဝင် စေ့စပ်ပေးခဲ့ကြောင်း Myanmar Now က ဧပြီလ ၂၅ ရက်တွင် ဖော်ပြသည်။
သတင်းအပြည့် အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သတင်းလင့်ခ် – https://shorturl.at/FTjan

တရုတ်အစိုးရကြားဝင်မှုဖြင့် ကိုးကန့်တပ် MNDAA က ပြန်ပေးထားသည့် လားရှိုးမြို့တွင် စစ်ကောင်စီက အန္တရာယ်ကင်း ပရိတ်ရွတ်ရန် စီစဉ်နေကြောင်း People’s Spring က မေလ ၄ ရက်နေ့တွင် ဖော်ပြသည်။
သတင်းအပြည့် အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သတင်းလင့်ခ် – https://shorturl.at/cAJfi

အလားတူ တအောင်းတပ် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့နယ်များမှ TNLA တပ်ဖွဲ့ဝင်အားလုံး ဆုတ်ခွာပေးရန် ပြီးခဲ့သည့် ဧပြီလ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကူမင်းမြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအတွင်း စစ်ကောင်စီဘက်မှ တောင်းဆိုခဲ့သည်။

သို့သော် လားရှိုးမြို့ ဖြစ်ရပ်လိုမျိုး ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်ပေးရန် အစီအစဉ်မရှိကြောင်း TNLA တွဲဖက်အတွင်းရေးမှူး တားပန်လက ပြောဆိုထားကြောင်း ဧရာဝတီသတင်းနှင့် BBC မြန်မာပိုင်းသတင်းတွင် ဖော်ပြထားသည်။
သတင်းအပြည့် အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဧရာဝတီ သတင်းလင့်ခ် – https://shorturl.at/YWOh8
BBC မြန်မာပိုင်း သတင်းလင့်ခ် – https://shorturl.at/JIUJF

သုံးသပ်ချက်

တရုတ်အစိုးရကြားဝင်မှုကြောင့် ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လက်လွှဲခဲ့ရသည်ဖြစ်စဉ်မှာ မှန်ကန်သည်။

သို့သော် စစ်မဖြစ်မီက လူဦးရေ ၁ သိန်း ၄ သောင်းခန့်ရှိ လားရှိုးမြို့ လူဦးရေ၏ ထက်ဝက်စီကို ခွဲခြမ်းအုပ်ချုပ်ခွင့်ရမည် ဖြစ်သော်လည်း စစ်ကောင်စီ ပြန်ရသည့် နယ်မြေက လားရှိုးဧရိယာ၏ ၁ ရာခိုင်နှုန်းသာ ရှိသည်ဟု Myanmar Now က ဖော်ပြသည်။

လက်ရှိတွင် လားရှိုးမြို့ ဖြစ်ရပ်လိုမျိုး ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်ပေးရန် အစီအစဉ်မရှိကြောင်း TNLA တွဲဖက်အတွင်းရေးမှူး တားပန်လက ပြောဆိုထားသည်။

ထို့ကြောင့် တိုင်းရင်းသားတော်လှန်ရေးတပ်များ ၁၀၂၇ စစ်ဆင်ရေးတွင် သိမ်းပိုက်ထားသည့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များအားလုံး စစ်ကောင်စီထံသို့ ပြန်လွှဲပြောင်းပေးပြီး ပျက်စီးမှုများအတွက် လျော်ကြေးပေးရတော့မည်ဆိုသည့် ဖော်ပြချက်အကြောင်းအရာက မှားယွင်းနေပါသည်။

ယခုစစ်ဆေးအတည်ပြုချက်သည် မေ ၅ ၂၀၂၅ ရက်နေ့ထိ အချက်အလက်များကို စိစစ်အတည်ပြုထားသည့် တွေ့ရှိချက်များကိုကိုးကားဖော်ပြထားပါသည်။

စာဖတ်ပရိတ်များအနေဖြင့်လည်း လူမှုကွန်ရက်စာမျက်ပေါ်မှ ပျံ့နှံလာသော အကြောင်းအရာများကို ချက်ချင်း မယုံကြည်ဘဲ လွတ်လပ်သည့် သတင်းဌာနများနှင့် အချက်အလက်များအား စစ်ဆေးသည့် အဖွဲ့အစည်းများတွင် မေးမြန်းအတည်ပြု၊ ကြည့်ရှုကြပါရန် တိုက်တွန်းအပ်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...