နောင်ချိုမြို့ကို စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပေးရန် ဒေသခံများတောင်းဆိုနေဆိုသည့် သတင်းအမှား

သျှမ်းပြည် နောင်ချိုမြို့ ဒေသခံစစ်ရှောင်များမှ နောင်ချိုမြို့ကို စစ်တပ်မှ အမြန်ဆုံးပြန်လည် သိမ်းပိုက်ပေးရန် တောင်းဆိုနေကြကြောင်း ဓာတ်ပုံအချို့ဖြင့် သတင်းအမှားဖြန့်ချိနေပါသည်။

စဝ်နန်းဝတီမောင်ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ ဖြန့်ချိခဲ့ပြီး “နောင်ချိုဒေသခံ စစ်ရှောင်များမှ နောင်ချိုမြို့ကို တပ်မတော်မှ အမြန်ဆုံးပြန်လည်သိမ်းပိုက်ပေးရန် တောင်းဆိုခဲ့မှုကြောင့် ကစထမှူးမှ နှစ်ပတ်အတွင်းမှာပင် နောင်ချိုမြို့ကို သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေ” ဟု (မူးရင်း) ဆိုကာ ဓာတ်ပုံနှင့်အတူ ဖြန်ချိခဲ့သည်။

မူရင်းလင့်ခ် – https://archive.ph/pjSje

အဆိုပါအကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်မှ “Reverse image search” ဖြင့် စိစစ်ကြည့်သည့် အခါ ဓာတ်ပုံနှင့် အကြောင်းအရာသည် မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းစိစစ်ချက်

စစ်ဆေးတွေ့ရှိချက်အရ ထိုဓာတ်ပုံများသည် ပြီးခဲ့သော ဇွန်လ ၁၁ ရက်နေ့၌ နောင်ချိုမြို့နှင့်မိုင် ၁၀ နီးပါးအကွာ တောင်းခမ်းရွာအခြေစိုက် အမြောက်တပ် အမတ -၃၅၄ တပ်စခန်း နောင်ချို (ဒုဋ္ဌဝတီ) တံတားအနီးရှိ တာဖလန်းရဲကင်းစခန်းသို့ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ရောက်စဉ် ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။

ထိုဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့်သူတို့က ဇွန်လ ၁၂ ရက်နေ့တွင် လူမှုကွန်ရက်ပေါ်၌ မျှဝေခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးက ဒေသခံတိုင်းရင်းသားများအတွက် စားနပ်ရိက္ခာများဝေပေးကာ နွေးထွေးမှုများ ပေးခဲ့သည်ဟု ရေးသားဖော်ပြခဲ့ကြသည်။

သို့ရာတွင် နောင်ချိုမြို့ ဒေသခံစစ်ရှောင်များမှ နောင်ချိုမြို့ကို စစ်တပ်မှ အမြန်ဆုံးပြန်လည်သိမ်းပိုက်ပေးရန် တောင်းဆိုနေကြောင်းဆိုသည့် အကြောင်းအရာများအား ရေးသားဖော်ပြထားခြင်း မရှိပေ။

၁၀၂၇ စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့အပါအဝင် ရှမ်းမြောက်ဒေသ မြို့နယ်ပေါင်း ၂၀ ကျော် လက်လွှတ်ခဲ့ရသော်လည်း ရာထူးတိုးမြှင့်ခံခဲ့ရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးသည် ဇွန်လ ၁၁ ရက်နေ့တွင် နောင်ချိုမြို့နယ် တောင်းခမ်းစစ်မျက်နှာပြင်၌ လူလုံးထွက်ပြခဲ့သည်ဟု Myanmar Now သတင်းတွင် ဖော်ပြထားသည်။

Myanmar Now သတင်းလင့်ခ် – https://shorturl.at/9MsaU

လက်ရှိ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဇွန်လ ၂၉ ရက် ညပိုင်း၌ နောင်ချိုမြို့ ဈေးရပ်ကွက်ထဲကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ပေါင် ၅၀၀ နှစ်လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ရွှေဖီမြေသတင်းက ဖော်ပြသည်။

ရွှေဖီမြေ သတင်းလင့်ခ် – https://shorturl.at/mb1Xw

သို့သော် နောင်ချိုမြို့ကို TNLA က စစ်ကောင်စီထံ ပြန်ပေးမည်ဟုသတင်းထွက်ပေါ်မှုသည် သတင်းအမှားသာ ဖြစ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Spring သတင်းဌာနကို ပြောဆိုထားသည်။

သတင်းအပြည့်အစုံဖတ်ရန် – https://shorturl.at/tF2RM

သုံးသပ်ချက်

လက်ရှိ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်မှာ မှန်ကန်ပါသည်။ သို့သော် နောင်ချိုမြို့ ဒေသခံစစ်ရှောင်များမှ နောင်ချိုမြို့ကို စစ်တပ်မှ အမြန်ဆုံးပြန်လည် သိမ်းပိုက်ပေးရန် တောင်းဆိုနေကြောင်းဆိုသည့် ဖော်ပြသည့် အကြောင်းအရာနှင့် ဓာတ်ပုံသည် လိုရာချိတ်ဆက် ရေးသားထားသည့် ဝါဒဖြန့် သတင်းအမှားသာ ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ လွတ်လပ်သည့် သတင်းမီဒီယာဌာနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြုံပြု တိုက်တွန်းလိုပါသည်။

ထို့ပြင် သတင်းတု/ သတင်းမှားဟု ယူဆရသော သတင်းအချက်အလက်များဖြစ်စေ၊ မှန်ကန်သော သတင်းများ ဟုတ်/ မဟုတ် အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ MNFC နှင့် သျှမ်းသံတော်ဆင့်၏ (chat box) မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးပို့ရန် အကူညီတောင်းနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...