မိုခါ-မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန်ဆိုသည့် သတင်းအမှား

ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိ နေထိုင်သူများအနေဖြင့် မိုခါမုန်တိုင်းလာမှာကြောင့် အမြန်ပြောင်းရွေ့ကြရန်လိုအပ်ဆိုသည့် သတင်းအမှားအကြောင်းအရာတစ်ခု ဆိုရှယ်မီဒီယာတွင် ဧပြီ ၂ ရက်က ပျံ့နှံ့ခဲ့သည်။

U Naing Oo ဆိုသည့် ဖေ့ဘွတ်ခ် အကောင့် က ဧပြီ ၂ ရက် ညနေပိုင်းတွင် “ စစ်တွေ၊ကျောက်ဖြူ သံတွဲ၊ဂွရှိလူများ အမြန်ပြောင်းရွေ့ ကြရန်၊ မြန်မာနိုင်ငံအလယ်ပိုင်းတစ်ခုလုံးနီးပါးကြီးသည့် မိုခါမုန်တိုင်းဝင်မည်ဖြစ်ပြီး မေ ၁၄ ရက်တွင် မုန်တိုင်းဗဟိုဝင်မည်” ဟု ရေးသားဖြန့်ဝေထားသည်။

အဆိုပါရေးသားဖြန့်ဝေမှုကို like ပြုလုပ်သူ ၃၀ ကျော်ရှိပြီး အခြားဆိုရှယ်မီဒီယာများကလည်းကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။

သတင်းအမှားလင့်ခ် များ https://archive.ph/jIndx

https://archive.ph/6QQq

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့်မုန်တိုင်းလာရာ လမ်းကြောင်းပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ VOA သတင်းမီဒီယာတွင်အသုံးပြုထားသည့်ဓာတ်ပုံနှင့်ထပ်တူညီနေသည်ကိုတွေ့ရသည်။

VOA သတင်းမီဒီယာတွင် ၂၀၂၃ မေ ၁၄ တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ မြန်မာပြည်တွင်း ဝင်ရောက်မယ့်လမ်းကြောင်းနဲ့ မုန်တိုင်းပြင်းအားပြမြေပုံ (UNDP)ဟု ရေးသားဖော်ပြထားသည်။

သတင်းလင့်ခ် https://shorturl.at/ezeci

ထပ်မံ၍ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် လှုံ့‌ဆော်စာရှိ မိုးလေဝသ ခန့်မှန်းသူ ဦးဝင်းနိုင်ရဲ့ အသေးစိတ် အင်တာဗျူး ဆိုသည့် လင့်ခ်ကို စစ်ဆေးကြည့်ရာ Green way – အစိမ်းရောင်လမ်းဆိုသည့် အကောင့်မှ ၂၀၂၃မေလ ၁၁ ရက်တွင်ရှင်းပြထားသည့်မိုခါမုန်တိုင်းအကြောင်းအရာဖြစ်သည်ဟု ‌ရေးသားဖော်ပြထားသည်။

မူရင်းလင့်ခ် https://shorturl.at/EJchv

မိုးလေဝသ ခန့်မှန်းသူ စုစုစံရဲ့ သတိပေးချက်ဆိုသည့် လင့်ခ်ကို စစ်ဆေးကြည့်ရာ ၂၀၂၃ မေ ၁၁ရက်တွင် မိုခါမုန်တိုင်းသတိပေးချက်ဖြစ်ကြောင်းတွေ့ရသည်။

မူရင်းလင့်ခ် https://shorturl.at/wz8Fr

မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်၏ ဖေ့ဘွတ်ခ်အကောင့်တွင် “ ပင်လယ်ပြင်မှာ ထူးခြားသည့် မိုးလေဝသ အခြေနေ မရှိပါ” ဟု ဧပြီ ၂ ရက် ညနေပိုင်းတွင် ရေးသားဖော်ပြထားသည်။

မူရင်းလင့်ခ် https://shorturl.at/wuYKH

သုံးသပ်ချက်

မိုခါ မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန် ဟု‌ရေးသားဖော်ပြထားသည့် ဓာတ်ပုံများနှင့်လင့်ခ်များသည် ၂၀၂၃ မေလ အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း အတွက် ဖြစ်သည်။

ထို့ကြောင့် မိုခါ မုန်တိုင်းလာမှာကြောင့် ရခိုင်ပြည်နယ်‌မြောက်ပိုင်းနှင့် ကမ်းရိုးတန်းတစ်လျောက်ရှိလူများ ပြောင်းရွေ့ကြရန်ဆိုသည်မှာ သတင်းအမှား အကြောင်းအရာဖြစ်သည်။

ထိုကြောင့် ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာခေတ်ဖြစ်သည့်အလျှောက် ထိုဒီဆိုရှယ်မီဒီယာတွေပေါ်တွင် အကြောင်းအရာ တခုခုကို ပုံဖျက်ရန်၊ ဝါဒဖြန့်ရန်၊ ကိုယ်ကျိုးရှာရန် ရည်ရွယ်ကာ သတင်းအတု၊ သတင်းအမှားများအား ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြသဖြင့် အလွယ်တကူ မယုံကြည်ရန်၊ ပြန်လည်မမျှဝေကြရန် အကြံပြုလိုပါသည်။

စာဖတ်သူများအနေဖြင့် သတင်းတု၊သတင်းမှားဖြစ်နေသည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သော သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ
Fact Checking ပြုလုပ်ပေးသည့် သတင်းဌာနများ၊ အဖွဲ့အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

MPA+Shan News / The Red Flag တို့ ပူးပေါင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

တောင်ကြီးမြို့တွင် အိမ်နံပါတ် စုံ/ မ စနစ်ဖြင့် လျှပ်စစ်မီးပေးမည်ဆိုသည့် သတင်းအမှား

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်နံပါတ်များအား စုံ၊ မ စနစ်ဖြင့် လျှပ်စစ်မီးပေးရန် တောင်ကြီး EPC ပြင်ဆင်နေကြောင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက်ရှိသည်။ အဆိုပါအကြောင်းအရာကို တောင်ကြီး သား/သူများ ဆုံစည်းရာ | Taunggyi Thar/Thu Group ဖေ့ဘွတ်ခ် ဂရုတစ်ခုတွင်...

ဒေါ်ဇင်မာအောင် ဖမ်းဆီးခံရသည်ဆိုသည့် ရုပ်သံမှာ AI ဖြင့် ဖန်တီးထားသော သတင်းအမှားသာဖြစ်

0
လူမှုကွန်ရက်စာမျက်နှာများတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဖမ်းဆီးခံလိုက်ရပြီဟုဆိုကာ ရုပ်သံဗီဒီယိုတစ်ခု ပျံ့နှံ့နေသည်။ အဆိုပါရုပ်သံကို “Big Star MeMe” အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ မတ်လ ၄ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှုသူ ၁၂,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၄၀၀ ကျော် ရှိခဲ့သည်။ သတင်းအမှား...