ရုပ်သံဖိုင်အဟောင်းတွေကိုအသုံးပြုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက လမ်းမပေါ်နဲ့ မြို့မတော်ခန်းမရှေ့မှာ ဆန့်ကျင်ဆန္ဒပြ၊ မောင်းထုတ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဆက်တိုက်ပြန့်နှံ့နေပါတယ်။

အဲ့ဒီရုပ်သံဖိုင်ကို သူပုန်းမလေး နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေ ဖြန့်ဝေခဲ့တာ တွေ့ရပြီး “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်” လို့ (မူရင်း) ရေးသားဖော်ပြခဲ့ရာ လိုက်ခ် – ၂၂,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ – ၁၅,၀၀၀ ဦးရှိခဲ့ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အာဂျင်တီးနားတရားခံတော် ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ လိုက်နာမှုမရှိလို့ ထိုင်းပြည်သူတွေက ထိုင်းအစိုးရကိုဆန္ဒပြနေတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပါတယ်။

သတင်းအမှားလင့်ခ် ၁ – https://archive.ph/b20g1

သတင်းအမှားလင့်ခ် ၂ – https://archive.ph/De9qu

လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပြန့်နှံ့လာတဲ့ ရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ Shan News နဲ့ Dawei Watch တို့ရဲ့ အချက်အလက် စစ်ဆေးသူတွေက InVID Tool ကိုအသုံးပြုပြီး စစ်ဆေးခဲ့ရာ ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြနေတဲ့ ရုပ်သံဖိုင်တွေမဟုတ်ဘဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတစ်ခု ဖြစ်နေပါတယ်။

◼︎သတင်းစိစစ်ချက်

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က ချင်းမိုင်မြို့ မြို့တော်ခန်းမမှာ တောင်ပေါ်ဒေသ နေထိုင်တဲ့သူတွေနဲ့ မြောက်ပိုင်း တောင်သူလယ်သမားတွေက စုပေါင်းပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အကြောင်းနဲ့ သစ်တော ဥပဒေအား ဖြေရှင်းပေးရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့တာပါ။

သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

မူရင်း ဗွီဒီယိုဖိုင် – https://shorturl.at/buVXq

ThaiPBS North – https://shorturl.at/vtZSn

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အာဂျင်တီးနားတရားခံတော် ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ လိုက်နာမှုမရှိလို့ဆိုကာ ထိုင်းပြည်သူတွေက ထိုင်းအစိုးရကို ဆန္ဒပြနေတယ်”(မူရင်းဖော်ပြချက်အတိုင်း)ဆိုတဲ့ ရုပ်သံဖိုင်ကို စစ်ဆေးခဲ့ရာမှာလည်း ဒါဟာ မှားယွင်းနေကြောင်း တွေ့ရပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အာဂျင်တီးနားတရားခံတေ ာ်ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရက လိုက်နာမှုမရှိလို့ ထိုင်းပြည်သူတွေက ထိုင်းအစိုးရကို ဆန္ဒပြနေတာမဟုတ်ဘဲ တရားဝင် လောင်းကစားလုပ်ငန်း (ကာစီနို) လုပ်ကိုင်ခွင့် ဥပဒေကြမ်းကို အတည်ပြုလိုက်တာနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ ထိုင်းပြည်သူတွေက ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြနေတာပါ။

မူရင်း ဗွီဒီယိုဖိုင် – https://shorturl.at/GGRdA

သတင်းအပြည့်အစုံ – https://shorturl.at/dTUq1

ဒါပေမဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ဖို့ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL) အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ထိုင်းကို Burmese Rohingya Organisation UK က ယနေ့ ဧပြီလ ၄ ရက်မှာ တောင်းဆိုထားတာတော့ရှိပါတယ် ။

သတင်းအပြည့်အစုံ​ – https://shorturl.at/QHbIv

◼︎သုံးသပ်ချက်

လက်ရှိမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးတက်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘန်ကောက်မြို့ကို ရောက်ရှိနေတာ မှန်ပါတယ်။

ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေတဲ့အချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကျောက်ဖရားမြစ်ပေါ်ရှိ တံတားတစ်စင်းမှာ “လူသတ်သမား မင်းအောင်လှိုင်ကို ငါတို့မကြိုဆို” ဆိုတဲ့ စာတန်းကြီး ချိတ်ဆွဲ ဆန္ဒပြထားတာလည်း တွေ့ရပါတယ်။

စာတန်းချိတ်ဆွဲ ဆန္ဒပြထားတာကို ထိုင်းဘာသာနဲ့ မူရင်း ဖော်ပြချက် –

https://archive.ph/DVcSM

People’s Spring က ပြန်လည်ဖော်ပြထားတဲ့ သတင်း – https://archive.ph/oQYnZ
အခုလို မြန်မာနိုင်ငံမှာ မြေငလျင်ဘေးဒဏ်သင့်နေချိန် ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက ဆန့်ကျင်ဆန္ဒပြကြဖို့ လှုံ့ဆော်နေတဲ့အချိန်မှာ မသက်ဆိုင်တဲ့ အကြောင်းအရာ၊ ရုပ်သံဟောင်းတွေကို အသုံးပြုပြီး ပြန်လည်မျှဝေနေတာကို စိစစ်တွေ့ရှိရပါတယ် ။

ပြီးတော့ သတင်းအမှန်ကို သတင်းအမှားနဲ့ဖုံးပြီး သတင်းတန်ဖိုးလျှော့စေဖို့ လုပ်ဆောင်နေတာလည်း ရှိပါတယ်။

စာဖတ်ပရိသတ်များအနေနဲ့ သတင်းများကို ဖတ်တဲ့အခါ သတင်းတု သတင်းမှားက သတင်းအမှန်နဲ့အတူ ပျံ့နှံ့တတ်တာကို သတိပြုမိဖို့ လိုပါတယ် ။

သတင်အမှန်ကို သတင်းအမှားများနဲ့ ယှဥ်တွဲဖော်ပြတဲ့အခါ သတင်းရဲ့ တန်ဖိုးကို လျော့ကျစေပြီး စာဖတ်ပရိသတ်များအနေနဲ့လည်း လွတ်လပ်စွာ သတင်းမှန် ရယူနိုင်ခွင့်လည်း ဆုံးရှုံးစေနိုင်ပါတယ် ။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Factchecking Network နဲ့ Myanmar Factchecking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ Shan News နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Factchecking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Factcheck – Shan News / Dawei Watch /The Red Flag တို့ ပူးပေါင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...