ထိုင်းပြည်သူ
ရုပ်သံဖိုင်အဟောင်းတွေကိုအသုံးပြုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းအမှား
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက လမ်းမပေါ်နဲ့ မြို့မတော်ခန်းမရှေ့မှာ ဆန့်ကျင်ဆန္ဒပြ၊ မောင်းထုတ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဆက်တိုက်ပြန့်နှံ့နေပါတယ်။ အဲ့ဒီရုပ်သံဖိုင်ကို သူပုန်းမလေး နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေ ဖြန့်ဝေခဲ့တာ တွေ့ရပြီး “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်” လို့ (မူရင်း) ရေးသားဖော်ပြခဲ့ရာ...





