လူသားဒိုင်း
ရွာငံတွင် ဒေသခံများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု ရှိနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဒေသခံများကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ရှိ တပင်ပျော်ကျေးရွာ အုပ်စုတွင် စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ...
လူသားဒိုင်း ဖမ်းဆီးထိန်းသိမ်းခံရသော ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွင်း ကား၊ဆိုင်ကယ်များ ပျောက်ဆုံးနေ
သျှမ်းပြည် ဖယ်ခုံမြို့နယ် ကျေးရွာဒေသခံများကို စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် ရွာအတွင်း၌ ပစ္စည်းအပြင် ကား၊ဆိုင်းကယ်များပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ (၂၄၀) ကျော်ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၁ ရက်) တွင် လူသားဒိုင်း အဖြစ်...
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အရပ်သားများ TNLA ကလူသားဒိုင်းအဖြစ် ဖမ်းထားခြင်းကြောင့်သေဆုံးရဟု ဝါဒဖြန့်
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသွားသည့် သျှမ်းပြည်မြောက်ပိုင်းက အရပ်သားများသည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကလူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းကြောင့် သေဆုံးရသည်ဟုဆိုပြီး ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Snow Queen ချန်နယ်လ်မှ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး TNLA ထုတ်ပြန်သည့် အချက်အလက်အပေါ်အခြေခံကာ ဒေသခံများက...
စစ်ကောင်စီ မှ လူသားဒိုင်းအဖြစ်ဖမ်းထားသည့် ဖယ်ခုံမြို့ ဒေသခံ ၂၄၀ကျော် နေရပ်မပြန်ရသေး
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ဖယ်ခုံမြို့နယ် ဒေသခံ ၂၄၀ ကျော်နေရပ် မပြန်ရသေးကြောင်း သိရသည်။ ဖယ်ခုံမြိုနယ် ပူချယ်ကျေးရွာနှင့် ကုန်းဆုံကျေးရွာရှိ ဒေသခံ ၂၄၀ ကျော်ကို စစ်ကောင်စီမှ ပြီးခဲ့သည့် (နိုဝင်လာလ ၁၁ ရက်) တွင် လူသားဒိုင်း...
နောင်ချို စစ်ကောင်စီတပ်က စစ်ရှောင်မည့်သူများ ပစ်သတ်၊ လူငယ်များကို လူသားဒိုင်းကာ လုပ်ရန် ဖမ်းဆီးသွား
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာအုပ်စုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ကျေးရွာများမှ စစ်ဘေးရှောင်မည့် ပြည်သူများကို ပစ်သတ်ပြီး၊ လူငယ်များကို လူသားဒိုင်းကာ ပြုလုပ်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲနှင့် ရေမောင်းတန်းကျေးရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)တွင် ဆမ္မဆယ်အုပ်စု ကျေးရွာများမှ...
သား စိုင်းစံလှ ထံ ဖခင်ဖြစ်သူရေးတဲ့ ပေးစာ …
SHAN -
"မမေ့နိုင်" သားတစ်ယောက်ဘဝ တိုးတက်ရေးအတွက် မိဘက အလုပ်တွေ ဘယ်လောက်ဘဲ ခက်ခဲလုပ်ရပါစေ မောတယ်ပန်းတယ်ကိုမရှိပါဘူးသားရယ်။ ဒီလို နိုင်ငံရေး ရှုပ်ထွေးနေချိန် ခရီးမထွက်ဖို့ အဖေ နဲ့ အမေ က သားကို သတိပေးတားခဲ့ပါသေးတယ်။ အဲ့နေ့က ည (၈) နာရီခွဲ အချိန် မထင်မှတ်ဘဲ ဖုန်းဝင်လာလို့ လက်ခံနားထောင်လိုက်ချိန် တဖက်လူက...
ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦး အဆက်သွယ်မရသေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာသားတစ်ဦး စစ်ကောင်စီ ဖမ်းဆီးသွားပြီး (၂)လကျော် ကြာအထိ အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသည့် ဦးဟန်ဝင်း အသက် (၃၈)နှစ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတို့ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူ (၅)ဦးကို ဖမ်းဆီးထားပြီး (၄)ဦးကို လွှတ်ပေးကာ...
ဖယ်ခုံမြို့နယ် လူသားဒိုင်းအဖြစ် ဖမ်းခံရသည့် အမျိုးသား(၂)ဦး သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် အမျိုးသား (၂)ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် နေထိုင်သည့် အရပ်သား ၁၉ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ရာ ထိုထဲတွင်...
ဖယ်ခုံမြို့ ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူ ၁၉ ဦး တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ခံထားရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဒိုင်းကာအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၁၉ ဦးကို တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။ ထို ရွှေပြည်အေး ဒေသခံ ၁၉ ဦးကို ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်အကြမ်းဖက်ပုန်ကန်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ “တောင်ကြီးမြို့...
ဖယ်ခုံမြို့ ဖမ်းဆီး လူသားဒိုင်းအသုံပြုခံရသူများ ယနေ့ထိတိုင် မလွတ်သေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်သွားသည့် ဒေသခံ (၂၀)ဦး ယနေ့ထိ မလွတ်သေးကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေသည့် ရွှေပြည်အေးကျေးရွာ ဒေသခံ (၂၀)ကို ယနေ့ထိတိုင် ၎င်းတို့၏ အခိုင်းအစေအဖြစ် ခေါ်ယူထားကြောင်း မျက်မြင်တွေ့သူက ပြောသည်။ “သူတို့ဖမ်းထားတာက PDFတွေ...





