ဖယ်ခုံမြို့ ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူ ၁၉ ဦး တောင်ကြီးရဲစခန်းတွင် ချုပ်နှောင်ခံထားရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဒိုင်းကာအဖြစ် ဖမ်းဆီးထားသည့် ဒေသခံ ၁၉ ဦးကို တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။

ထို ရွှေပြည်အေး ဒေသခံ ၁၉ ဦးကို ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်အကြမ်းဖက်ပုန်ကန်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းကို ရောက်သွားပြီလို့တော့ သိရတယ်။ သူတို့အကုန်လုံးကို နိုင်ငံတော်အကြမ်းဖက် ပုန်ကန်မှုနဲ့ အမှုဖွင့်ထားတာ။ ဘယ်နေ့က တောင်ကြီးကို ခေါ်သွားလဲတော့ ကျနော်တို့လည်း သေချာမသိရဘူး။ စုံစမ်းကြည့်တော့ သူတို့ တောင်ကြီးရောက်သွားပြီလို့ သိလိုက်ရတယ်” ဟု ရွှေပြည်အေးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ် တစ်ခါသာ ရရှိသေးကြောင်း၊ လက်ရှိတွင် တောင်ကြီး အမှတ် (၁) ရဲစခန်းတွင် တွေ့ဆုံးရန်အတွက် ချိန်းဆိုထားသော်လည်း ရဲစခန်းမှ တွေ့ခွင့်မပေးဘဲ ရက်ချိန်းလိုက်ကြောင်း သိရသည်။

“ဖုန်းနဲ့ တစ်ခါ အဆက်သွယ်ရလိုက်တယ်။ ပြီးခဲ့တဲ့ စနေနေ့က သွားတွေ့ဖို့ ရက်ချိန်းထားတာ။ သူတို့က မပေးတွေ့ဘူး။ ရဲတွေက တွေ့ခွင့်ရက်ကို ပြန်ပြီးချိန်းလိုက်တာ။ ကျနော်တို့ အခုထိ မတွေ့ရသေးဘူး။ သူတို့ ကျန်းမာရေး အခြေနေ ဘယ်လိုရှိလဲ ကျနော်တို့ မသိရသေးဘူး” ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေ အမျိုးသားတစ်ဦးက ပြောသည်။

ဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူများသည် ချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်ကြောင်း၊ ၎င်းတို့သည် သာမန် ပြည်သူများသာဖြစ်ကြောင်း၊ ကျေးရွာမှ ထွက်ခွာ၍ မရသောကြောင့် ဖမ်းခံရသူများဖြစ်ကြောင်း အထက်ပါ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“သူတို့ကို အမှုမဖွင့်သင့်ဘူး။ သူတို့ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်တယ်။ သူတို့က ဘာမှ လုပ်တဲ့သူတွေလည်း မဟုတ်ဘူး။ ရိုးရိုးသာမန်ပြည်သူတွေဘဲ။ ရွာထဲကနေ မထွက်ပြေးနိုင်လို့ ကျန်ခဲ့ပြီး ဖမ်းဆီးခံရတာပါ” ဟု ရွှေပြည်အေး ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ထိုရွှေပြည်အေးကျေးရွာ ဒေသခံ (၁၉ )ဦးကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ (၂၉)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထိုဖမ်းခံရသည့် သူများသည် ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့်သူများဖြစ်ကြောင်း၊ ရွာစောင့်အနေဖြင့် ရွာတွင်း နေထိုင်ခဲ့သည့်သူများဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...