ရွာငံတွင် ဒေသခံများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု ရှိနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဒေသခံများကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ရှိ တပင်ပျော်ကျေးရွာ အုပ်စုတွင် စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံ ရွာသား (၁၀) ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ (၃) ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် (၇) ဦးမှာ ယနေ့အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းသွားတာတော့ ၅ ရက်လောက် ရှိပြီ၊ လမ်းပြဆိုပြီး ခေါ်သွားတာပဲ။ သုံးယောက်ပဲ ပြန်လာသေးတယ်၊ ခေါ်သွားလည်း အုပ်စုခွဲပြီး ခေါ်သွားတာတဲ့။ ဘေးပတ်ပတ်လည်က ရွာတွေမှာလည်း ရွာသားတွေကို လိုက်ခေါ်နေတယ်။ သူတို့က ရွာသားတွေကို ရှေ့ကနေ လမ်းရှင်းခိုင်း တောက်တိုမယ်ရ ခိုင်းတယ်လို့ ပြောတယ်”ဟု သတင်းရင်းမြစ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုသို့ စစ်ကော်မရှင်တပ်က ရွာသားများကို ခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသောကြောင့် ဒေသခံအမျိုးသားများ ကြောက်လန့်နေကြရကြောင်း ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်ကော်မရှင်တပ်က ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများရှိ တောတောင်ဘက်သို့ မကြာခဏ စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ တောင်ယာခြံ မသွားရဲကြဘဲ နေအိမ်အနီးအနား ခြံတွင်သာ စိုက်ပျိုးရေး လိုက်ကိုင်စားသောက်နေရကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ကော်မရှင်တပ်မှ ကျေးရွာအတွင်းရှိ ကားစာရင်းများကို ကောက်ယူ၍ တစ်ရွာလျှင် နှစ်စီးနှုန်း အလှည့်ကျဖြင့် စစ်ကော်မရှင်တပ်က ယူဆောင်သွားပြီး ကားပိုင်ရှင်များမှာ ကားပြန်မရတော့ကြောင်း ဒေသခံများက ပြောသည်။

“ကားအစီးရေ ဘယ်နှစီးရှိလဲ ဆိုပြီး စာရင်းကောက်သွားတယ်၊ တစ်ရွာကို နှစ်စီးပေးရတယ်။ ကျမတို့ရွာ အပါအဝင် အနီးနားမှာ ၆ ရွာရှိတယ်။ ကားတွေယူသွားပြီး ပြန်လာမပို့တော့ဘူး။ တချို့ကားတွေဆို ပျက်ကုန်တယ်၊ ပျက်တဲ့နေရာမှာ သူတို့က ထားခဲ့တာ။ ကားတွေဆို စုတ်ပြတ်နေရော ရစရာကို မရှိဘူး။ ဒီနားက တောထဲကို စစ်ကြောင်းထိုးနေတာ နေ့တိုင်းနီးပါးပဲ”ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ရွာငံမြို့နယ် မြောက်ဘက် အနီးအနားကျေးရွာများမှ ဖမ်းဆီးထားသော ဒေသခံများကို ၎င်းတို့ စစ်ကော်မရှင် တပ်စွဲရာ ဘုန်းကြီးကျောင်းတစ်ခုတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်ဖြင့် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အသက် ၃၀ ကျော် အမျိုးသမီး နှစ်ဉီးနှင့် အမျိုးသား ရှစ်ဦးကို ဖမ်းဆီးသွားပြီး နှစ်ရက်အကြာ စက်တင်ဘာ ၁၆ ရက်တွင် အမျိုးသမီးနှစ်ဉီးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေပြီး ရွာငံတွင် အခြေစိုက်သည့် တော်လှန်ရေးတပ်များကို အင်အားအလုံးအရင်းဖြင့် ရှာဖွေနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...