လားရှိုး
လားရှိုးခံစစ် စစ်ကူနှင့် ဆာလာအိတ်သိန်းချီ လေကြောင်းမှ ပေးပို့
SHAN -
တိုက်ပွဲများ ပြင်းထန်နေသည့် သျှမ်းမြောက်၊ လားရှိုး ခံစစ် အတွက် စစ်ကောင်စီက စစ်ကူ စစ်သားနှင့် ဆာလာအိတ် သိန်းချီ လေကြောင်း အသုံးပြု ပေးပို့နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ပြောသည်။ ညီနောင်မဟာမိတ်တပ်များ အပစ်ရပ်ထားသည့် ကာလ လားရှိုးမြို့...
လားရှိုးမြို့တွင် စက်သုံးဆီဈေးများ အဆမတန် မြှင့်တက်နေ
သျှမ်းပြည် လားရှိုးမြို့နယ်တွင် တိုက်ပွဲများအကြား စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြှင့်တက် နေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၂ ရက်နေ့မှ စတင်၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့်...
လားရှိုးမြို့တွင် လက်နက်ကြီးထပ်ကျ ပြည်သူ ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့တွင် လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇူလိုင် ၁၂ ရက်) ညပိုင်းတွင် ရပ်ကွက် (၄) ရှိ အ.ထ.က ၅ ကျောင်းဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ကျောင်းဆရာအပါအဝင် ပြည်သူ ၃...
လားရှိုးမြို့ လက်နက်ကြီးကျ၍ ပြည်သူ ၄ ဦးထပ်မံသေဆုံး
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း လားရှိုးမြို့လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁ ရက်) မနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ သာသနာ (၂၅၀၀) တောင်အခြေအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံ ၁ ဦး...
လားရှိုးမြို့မှ ထွက်ခွာလာသည့် လူငယ် ၁ ဦးကို တပ်သားသစ်အဖြစ် MNDAA မှအတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွား
သျှမ်းမြောက် လားရှိုးမြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များထဲမှ လူငယ် အမျိုးသားတစ်ဦး ကို တပ်သားသစ်အဖြစ် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ၎င်းမိသားစုဝင်များကပြောကြားသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က တိုက်ပွဲကြောင့် လားရှိုးမြို့မှ မိုင်းရယ်၊ ဝမ်ဟိုင်းဘက်သို့ တိမ်းရှောင်ရန် ကားဖြင့်စီးလာကြစဉ်...
အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းအခက်ခဲဖြစ်နေ
သျှမ်းပြည် အောင်ပန်းမြို့နယ်အတွင်းသို့ လားရှိုးမြို့နှင့် ပင်လောင်းမြို့နယ်မှ ရောက်ရှိလာသော ဒေသခံများအတွက် နေရာထိုင်ခင်းအခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ပထမ ပတ်မှစ၍ အောင်ပန်းမြို့တွင် ထပ်မံရောက်ရှိလာသော လားရှိုးမြို့ နှင့် ပင်လောင်းမြို့နယ်မှ စစ်ဘေးရှောင်များအတွက် ဘုန်းကြီးကျောင်းများနှင့် အခြားနေရာများတွင် နေရာထိုင်ခင်းအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ထပ်ရောက်လာမယ်ဆိုရင်တော့ လောလောဆယ်တော့ နေရာတွေက...
သျှမ်းတောင်သို့ လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်အများအပြား ရောက်ရှိ
သျှမ်းပြည်တောင်ပိုင်းရှိ ဘေးလွတ်ကင်းရာ မြို့များသို့ လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် အများအပြား ရောက်ရှိနေပြီး စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂ ရက်မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ၏ လားရှိုးမြို့ပေါ် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ကင်းရာ နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊...
လားရှိုးမြို့ပေါ် ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျ
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် နေအိမ်များသို့ ရှေ့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဆက်တိုက်ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ ယနေ့ (ဇူလိုင် ၁၀) ရက် နံနက်အစောပိုင်းမှစတင်ပြီး လားရှိုးမြို့ ရပ်ကွက် (၉)၊ နယ်မြေ (၃) ဘူတာရုံသံလမ်းဘေးတွင် ရှော့တိုက်ဒုံး ၂ လုံး၊ ထင်းရှုးမြိုင်အနီး ၁...
လားရှိုးမြို့တွင် ရှော့တိုက်ဒုံးကျ ကလေးနှင့် အမျိုးသမီး ၃ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
သျှမ်းပြည် လားရှိုးမြို့၊ ရပ်ကွက် (၉) တွင် ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲသဖြင့် ကလေးနှင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၁၀ )ရက် နံနက် ၆ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၉)၊ ဘူတာရုံသံလမ်းဘေးသို့...
လားရှိုးမြို့ အထပ်မြင့် တိုက်များပေါ်တွင် စစ်ကောင်စီတပ် စနိုက်ပါများ ဖြန့်ကျက် ခံစစ်ပြင်
SHAN -
သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အထပ်မြင့် တိုက်များနှင့် အမြင့်ပိုင်း တောင်ကြောများပေါ်တွင် စစ်ကောင်စီတပ်က စနိုက်ပါသမားများ ပါဝင်သည့် တပ်ဖွဲ့ငယ် အများအပြား ဖြန့်ကျက်ထားကြောင်း စစ်ရေးသတင်းရင်မြစ်က ယနေ့ (ဇူလိုင်လ ၈ ရက်) တွင်ပြောသည်။ ယမန်နေ့ ညပိုင်းက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လာရှိုးမြို့စောင့်တပ်...





