လားရှိုးခံစစ် စစ်ကူနှင့် ဆာလာအိတ်သိန်းချီ လေကြောင်းမှ ပေးပို့

တိုက်ပွဲများ ပြင်းထန်နေသည့် သျှမ်းမြောက်၊ လားရှိုး ခံစစ် အတွက် စစ်ကောင်စီက စစ်ကူ စစ်သားနှင့် ဆာလာအိတ် သိန်းချီ လေကြောင်း အသုံးပြု ပေးပို့နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ပြောသည်။

ညီနောင်မဟာမိတ်တပ်များ အပစ်ရပ်ထားသည့် ကာလ လားရှိုးမြို့ မကျဆုံးစေရေး ခံစစ်ပြင်နေရာ သဲ၊ ကျောက်စရစ်နှင့် မြေကြီး စသည်များ ဆာလာအိတ်အတွင်း ထည့်သွင်း၍ ဘန်ကာ၊ ပစ်ကျင်း စသည့် အကာအကွယ်များ တည်ဆောက် ပြင်ဆင်ရာတွင်အသုံးပြုသည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လားရှိုးမြို့

“အရင်က ဆာလာအိတ် ဆိုတာ သက်ဆိုင်ရာတပ်က နေ့တွက်စားရိတ် (ရိက္ခာစို) ငွေထဲက ဝယ်ရတာ။ အခုက အရေးကြီးတဲ့ အချိန်ဖြစ်လို့လား မသိဘူး ဆာလာအိတ်တွေ သိန်းချီပြီး လေကြောင်းနဲ့ပို့နေတာ။ စစ်ကူကတော့ ရာဂဏာန်းရှိမယ်။ မူဆယ်ကိုလည်း ပို့တယ်” ဟု ၎င်းကရှင်းပြသည်။

ယမန်နေ့က လားရှိုးမြို့ ရမခ စစ်တိုင်းဌာနချုပ်နှင့် စစ်မြေပြင်သို့ စစ်ကူ စစ်သားများနှင့် ဆာလာအိတ်များ သာမက လက်နက် ရိက္ခာများကို ရှေ့တန်း လှုပ်ရှား စစ်ကြောင်းများပေါ် လေကြောင်း အသုံးပြု လေထီးဖြင့် ချပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် ညသန်းခေါင်မှစ၍ သျှမ်းမြောက်၌ ယာယီ အပစ်အခတ် ရပ်စဲကြောင်း လားရှိုးမြို့ကို ဝိုင်းထားသည့် MNDAA က ညီနောင်မဟာမိတ်တပ်များ ကိုယ်စား ထုတ်ပြန်ထားပြီး တိုက်ပွဲအရှိန် လျော့ကျနေစဥ် စစ်ကောင်စီက ယခုကဲ့သို့ ခံစစ်ပြင်နေခြင်း ဖြစ်သည်။

ယမန်နေ့ (ဇူလိုင် ၁၅)ရက် နံနက်ပိုင်း မှစ၍ လားရှိုးမြို့အနီး တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရကြောင်း မြို့တွင်း နေထိုင်နေသူများက ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...