လားရှိုးမြို့တွင် စက်သုံးဆီဈေးများ အဆမတန် မြှင့်တက်နေ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် တိုက်ပွဲများအကြား စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြှင့်တက် နေကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၂ ရက်နေ့မှ စတင်၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက် လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြှင့်တက်လာကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးမြို့

“ဆီဈေးတွေက ရှယ်တက်တာ။ တစ်ပုံးကို ၃ သိန်း၊ ၁ လီတာကို တစ်သောင်းခွဲထိ ရှိတယ်။ ခုက စက်သုံးဆီတွေက ရှိတော့ ရှိတယ်၊ ရှားတာပေါ့။ မြို့ထဲလည်း လူတွေ သိပ်မရှိ‌တော့ဘူး၊ ၅ ပုံမှာ ၁ ပုံပဲ ကျန်တော့မှာ။ ထွက်တဲ့လူတွေလည်း နေ့တိုင်းရှိနေတယ်”ဟု လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်ဌာနချုပ် လောက်ကိုင်မြို့ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရပြီးနောက် ရမခ အခြေစိုက် လားရှိုးမြို့ကို ထိုးစစ်ဆင်နေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တရုတ်နိုင်ငံ၏ စိုးရိမ်မှုကို အကြောင်းပြပြီး ဇူလိုင်လ ၁၄ ရက် ညသန်းခေါင်မှ စ၍ ဇူလိုင်လ ၁၈ ရက် ည ၁၂ နာရီအထိ လေးရက်ကြာ ယာယီ အပစ်အခတ် ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

လားရှိုးမြို့ပေါ် တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့က လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြသောကြောင့် လူနေအိမ်နှင့် ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ ပြည်သူ ၃၀ ကျော် သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရှိနေပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အလားတူ သီပေါမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ပြည်ထောင်စုလမ်းမကြီးများ၊ တံတားများ ချိုးဖျက်ခံထားရခြင်းကြောင့် စားသောက်ကုန်များ၊ စက်သုံးဆီများ ဈေးမြှင့်တက်နေကြောင်း သီပေါဒေသခံများက ပြောသည်။

တစ်ဖက်တွင်လည်း TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့သည် သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မိုးမိတ်၊ မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲပြင်းထန် နေခြင်းကြောင့် အရပ်သားပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...