Tuesday, January 27, 2026

ရွှေ့ပြောင်းအလုပ်သမား

ထိုင်းနိုင်ငံမှ သျှမ်းပြည်သို့ပြန်ပို့ဖို့ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နယ်စပ်တွင်ရောက်ရှိ

သျှမ်းပြည်ဘက်ခြမ်းပြန်၀င်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်  မယ်ဆိုင်တွင် ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ရှိနေကြောင်း သိရသည်။ ၄င်းရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံဘက်မှအာဏာပိုင်များက  တာချီလိတ်သို့ပြန်ပို့ရန်အတွက် စီစဉ်နေဆဲဖြစ်ကြောင်း ပြန်ပို့မည့်ရက်မသိရသေးကြောင်း ကူညီသယ်ယူပို့ဆောင်ပေးရာတွင် ပါ၀င်သည့် တာချီလိတ်လူငယ်  တဉီးက သျှမ်းသံတော်ဆင့်အားပြောသည်။ “ထိုင်းဘက်ခြမ်းမှာ တာချီလိတ်ကိုပြန်ပို့ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်စုထားတယ်လို့သိရတယ်။ ဘယ်နေ့ပြန်ပို့မလဲဆိုတာ စောင့်ကြည့်နေပါတယ်။  ကျနော်တို့ဆီမှာရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကိုတော့...

ထိုင်းမြောက်ပိုင်းရောက်မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲစပေး

ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ယနေ့ကစပြီး ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်၀န်ရုံးတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနေကြပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းရောက်မဲမြန်မာနိုင်ငံသားဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ဇူလိုင်လ ကတည်းက အမည်စာရင်းများပေးထားကြရပြီဖြစ်သည်။ ချင်းမိုင်မြို့ မြန်မာကောင်စစ်၀န်ရုံးတွင် ကြိုတင်မဲပေးသူများအား သွားရောက်ကူညီမှုပေးနေသည့်စေတနာ့၀န်ထမ်း ၊ချင်းမိုင်ရောက်သျှမ်းလူငယ်များအဖွဲ့က စိုင်းမိဏ်းက- "ဒီမနက်တော့ လားရှိုးနဲ့ မိုင်းကိုင်ပါ ။...

မိုင်းယန်းမြို့နယ် ရခိုင်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား (၃)ဦးထံ ကိုဗစ်-၁၉ တွေ့

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင် ရခိုင်ပြည်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား (၃)ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကိုဗစ်-၁၉ တွေ့ရှိ လူနာ (၃) ဦးသည် လွန်ခဲ့သည့် သြဂုတ် ၅ရက်နေ့တွင် ရခိုင်ပြည်မှ ရန်ကုန်သို့ ရောက်ရှိလာပြီး ထိုမှ...

ထိုင်းနိုင်ငံ မှ တာချီလိတ်သို့ပြန်ဝင်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိ

ထိုင်းနိုင်ငံ မှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၃၀) ကျော် ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ သြဂုတ် ၄ ရက်က ထိုင်းအာဏာပိုင်များ လွဲအပ်သော နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃၄ ဦးကို တာချီလိတ် ဘက်ခြမ်းမှ ကူညီရေးအဖွဲ့က...

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား မဲပြန်ပေးရန် ပြန်ခေါ်သည့်အဆို ရှုံးနိမ့်

ထိုင်း၊ မလေးရှားရောက် မြန်မာအလုပ်သမားများ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် ပြန်လည်ခေါ်ဆောင်ရေး အရေးကြီး အဆို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်“ ပြည်ပရောက် မြန်မာနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ သို့ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား...

ထိုင်းပြန် သျှမ်းပြည် ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ နီးပါးရှိ

ထိုင်းနိုင်ငံမှ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်သို့ တလကျော်အတွင်း ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ နီးပါးရှိသည် ဟု သျှမ်းပြည် အစိုးရထံ စုံစမ်းသိရသည်။ အဆိုပါ ပြန်လာသည့်သူများသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ တဆင့် ကရင်ပြည်နယ် မြဝတီ သို့ဝင်လာပြီး သျှမ်းပြည် တောင်ကြီးသို့ ပြန်လာသည့်သူများဖြစ်ကြောင်း သိရသည်။ ထို...

နေရပ်ပြန် ရွှေ့ပြောင်းများ ၂ ကြိမ် ဓါတ်ခွဲစစ်ဆေးပြီးမှ ပြန်ခွင့်ပြု

၁၅ ရက်အတွင်း ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၀၀၀ ကျော်ရှိပြီး  ဓာတ်ခွဲခန်း နမူနာ ၂ကြိမ်စစ်ဆေးပြီးမှ သာ နေအိမ်သို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည် ။  မေ ၂၇ ရက်မှ ဇွန် ၁၁ရက်ထိ ထိုင်းနိုင်ငံ မဲဆောက်မှ တဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ ဘက်မှ...

တာချီလိတ်ရောက် ရွှေ့ပြောင်းအလုပ်သမား ၁၈၈ ဦး ၁၄ ရက် စောင့်ကြည့်သွားမည်

မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတား ပိတ်ထားသော်လည်း ပြည်တော်ပြန် မြန်မာ ၂၀၀ နီးပါး ယနေ့ တာချီလိတ်မြို့သို့ထပ်မံ ဝင်ရောက်လာကြောင်း သတင်းရရှိသည်။ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား သည် COVID-19 ဖြစ်ပွားပြီးနောက် မတ် ၂၅ ရက် မှစတင် ပိတ်လိုက်သော်လည်း ပြည်တော်ပြန်...

ချင်းမိုင်ခရိုင်တွင် သျှမ်း ရွှေ့ပြောင်းအလုပ်သမားမိသားစု ၃ ဦး သတ်ခံရ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းဒေါင်းဝ် (Chiang Dao) မြို့နယ်အတွင်း အလုပ်လုပ်ကိုင် နေ သည့် ရွှေ့ပြောင်းအလုပ်သမား မိသားစု ၃ ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ အဆိုပါ မိသားစု ၃ ဦး၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့ က ယမန်နေ့  အောက်တိုဘာ ၂၂...

တရုတ်နယ်စပ် ရွှေ့ပြောင်းအလုပ်သမားကို မူစယ်ရဲတပ်ဖွဲ့ရိုက်နှက် ဒဏ်ရာများစွာဖြင့်ဆေးရုံရောက်

တရုတ်နိုင်ငံ အတွင်း သွားရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား မူစယ်ရဲ လှည့်ကင်းအဖွဲ့က ဖမ်းဆီးချုပ်နှောင်ထိုးကြိတ်ရိုက်နှက်သဖြင့်ဒဏ်ရာအပြင်း အထန်ရရှိကာ မူစယ်ပြည်သူ့ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု မိသားစုဝင်က ပြောသည်။ ၂၀၁၉ ဇွန်လ ၂၃ ရက် ည ၈.၃၀ နာရီအချိန် တရုတ်ပြည်ဘက်ခြမ်းသို့ အလုပ်ပြန်သွားလုပ်ရန် မော်တော် ဆိုင်ကယ်ဖြင့်...

Latest news