Tuesday, January 27, 2026

နေရပ်ပြန် ရွှေ့ပြောင်းများ ၂ ကြိမ် ဓါတ်ခွဲစစ်ဆေးပြီးမှ ပြန်ခွင့်ပြု

၁၅ ရက်အတွင်း ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၀၀၀ ကျော်ရှိပြီး  ဓာတ်ခွဲခန်း နမူနာ ၂ကြိမ်စစ်ဆေးပြီးမှ သာ နေအိမ်သို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည် ။

Photo by Win Naing Soe/Facebook

 မေ ၂၇ ရက်မှ ဇွန် ၁၁ရက်ထိ ထိုင်းနိုင်ငံ မဲဆောက်မှ တဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ ဘက်မှ ပြန်လည် ဝင်ရောက်လာသည့် သျှမ်းပြည်သား နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမား ၁၂၁၉  ဦးရှိကြောင်းသိရသည်။

အဆိုပါနေရပ်ပြန်များသည် တောင်ကြီးမြို့နယ်အတွင်းသတ်မှတ်ထားသည့်  Facility Quarantine  စခန်း ၁၀ ခု တွင်   အသီးသီးရောက်ရှိပြီး  ၅ ရက်မြောက်နေ့တွင် ဓာတ်ခွဲနမူနာ စတင်စစ်ဆေးကြောင်း သျှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဌ ဖြစ်သူ သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ စစ်ပြီး အဖြေက Negative ဆိုရင် သူတို့ မြို့ကို ပြန်ချင်ရင် ပေးပြန်တယ်။ နောက် သူတို့မြို့မှာ သတ်မှတ်ထားတဲ့ Quarantine စခန်းမှာ အနည်းဆုံး ၁၀ ရက် ၁ ပတ်နေပြီး နောက်တကြိမ်swab ကိုယူပြီး  စစ်ပါတယ် အဲဒီ ၂ ကြိမ်လုံး Negative  ဖြစ်ပြီဆိုမှ ကိုယ့်အိမ်ကိုယ်ပြန်ခွင့်ပြုမှာပါ ” ဟု သျှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြဝတီဘက်မှ လက်ရှိဝင်ရောက်လာသူ ၁၂၁၉  ဦးတွင် ဓါတ်ခွဲနမူနာ  ၆၆၃  ဦး စစ်ဆေးထားရာ  ၃၆၈ ယောက် မှာ Negative   အဖြေ ထွက်ထားကြောင်း ကျန်သည့်  ၂၉၅  ဦး   အဖြေစောင့်ဆိုင်း ထားကြောင်း သိရသည်။

ကျန်သည့် Swab ယူရန် ကျန်ရှိသည့် (၅၅၆) ဦးသည် သတ်မှတ်ရက် မပြည့်သေးသည့်အတွက် ဓါတ်ခွဲနမူနာ မယူရသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ပင်လောင်းမြို့နယ် ဆောင်းပြောင်းစစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ဘေးရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်လာနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၁၇)ရက်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့ ဆောင်းပြောင်းရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထိုသို့ နေရပ်စွန့်ခွာ ပြည်သူများသည် ပင်လောင်းမြို့ပေါ်နှင့် တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသကဲ့သို့...

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

ကျားဖြန့်အခြေစိုက်ရာ မြဝတီမြို့အား လျှပ်စစ်မီးဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး

0
ကျားဖြန့်လုပ်ငန်းများ အခြေစိုက်ထားသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အား လျှပ်စစ်မီးနှင့် လောင်စာဆီ ချက်ချင်းဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကအတည်ပြု ပြောဆိုလိုက်သည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်များသည် ထိုင်းနိုင်ငံဘက်မှ ပေးသွင်းသော လျှပ်စစ်မီးနှင့် လောင်စာဆီများကို အသုံးပြုနေသည်။ ယင်းကြောင့် တိုင်းပြည်သူများနှင့် နိုင်ငံ၏ ပုံရိပ်အပေါ် ကြီးမားသည့် သက်ရောက်မှုရှိနေ၍...

မြဝတီ ကျားဖြန့်ထဲရောက်ရှိသွားသည့် တရုတ်မင်းသား ငွေလိမ်ရန် သင်တန်းပေးခံရဟု ထွက်ဆို

0
လိမ်လည်လှည့်ဖြားခံရပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီအနီး ရွှေကုက္ကိုလ်မြို့သို့ ရောက်သွားသည့် တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing သည် အွန်းလိုင်ပေါ် ငွေလိမ်ရန် သင်တန်းပေးခံရကြောင်း ထွက်ဆိုခဲ့သည်ဟု ထိုင်းအခြေစိုက် Khaosod English ကဖော်ပြသည်။ Wang Xing သည်...