ထိုင်းပြန် သျှမ်းပြည် ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ နီးပါးရှိ

ထိုင်းနိုင်ငံမှ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်သို့ တလကျော်အတွင်း ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ နီးပါးရှိသည် ဟု သျှမ်းပြည် အစိုးရထံ စုံစမ်းသိရသည်။

Photo by Win Naing Soe/ Facebook

အဆိုပါ ပြန်လာသည့်သူများသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ မှ တဆင့် ကရင်ပြည်နယ် မြဝတီ သို့ဝင်လာပြီး သျှမ်းပြည် တောင်ကြီးသို့ ပြန်လာသည့်သူများဖြစ်ကြောင်း သိရသည်။

ထို ထိုင်းနိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားဦးရေ သည် မေ (၂၇) မှ ဇူလိုင်(၆)ရက်ထိ (၁၉ ၆၆)ဦးရှိကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က ပြောသည်။

ထို ရွှေ့ပြောင်းအလုပ်သား ၁၉၆၆ဦး ထဲမှာ (၁၆၆၃)ဦးကို ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးမတွေ့ရှိသူ (၁၄၉၇)ဦးရှိပြီး၊ (၁၆၆)ဦးမှာ အဖြေစောင့်ဆိုင်းနေဆဲ ဟု ဒေါက်တာမျိုးထွန်းက ပြောသည်။

လက်ရှိမှာ “ဓာတ်ခွဲနမူနာ ယူရန် ကျန်ရှိသူ (၃၀၃)ဦး ရှိတယ်” ဟု ဒေါက်တာမျိုးထွန်းက ဆိုသည်။

Photo by Win Naing Soe/Facebook

သျှမ်းပြည် တဝှမ်း ကိုဗစ် -၁၉ နှင့် ပတ်သက်ပြီး ဇူလိုင် ၆ရက်ထိ အခြေအနေများမှာ ဆေးရုံတက် ကိုဗစ် သံသယ စောင့်ကြည့်လူနာ (၄၆၂)ဦးရှိခဲ့ပြီး၊ ဆေးရုံတွင် ဆေးကုသနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးကျန်ရှိနေသေးကြောင်း နှင့် လက်ရှိ ဆေးကုသနေဆဲ ကိုဗစ်-၁၉ သံသယ လူနာ (၃၁၄)ဦးရှိကြောင်း သျှမ်းပြည် အစိုးရ အဖွဲ့ ၏ ထုတ်ပြန်ချက် အရ သိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၀) ဦး ရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ (၉) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Photo by Win Naing Soe/ Facebook

မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ ၃၁၆ ဦး ၊ ပြန်လည်သက်သာလာသူ ၂၄၅ ဦး ၊ သေဆုံးသူ ၆ ဦး နှင့် လက်ရှိ ကုသဆဲလူနာ (၆၅) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

0
ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

တားမြစ်လုပ်ငန်းများ လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးရန် ထိုင်းညွန်ကြားရေးမှူးချုပ် အမိန့်ပေး

0
ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသော အလုပ်များကို မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ မလုပ်စေရေးအတွက် ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများကို စစ်ဆေးရန် ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ်က အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသား အစားအသောက်ပို့ဆောင်သူတစ်ဦးကို ဝိုင်းဝန်းရိုက်နှိက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့...