မိုင်းယန်းမြို့နယ် ရခိုင်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား (၃)ဦးထံ ကိုဗစ်-၁၉ တွေ့

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင် ရခိုင်ပြည်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမား (၃)ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ တွေ့ရှိ လူနာ (၃) ဦးသည် လွန်ခဲ့သည့် သြဂုတ် ၅ရက်နေ့တွင် ရခိုင်ပြည်မှ ရန်ကုန်သို့ ရောက်ရှိလာပြီး ထိုမှ တဆင့် ကျိုင်းတုံ ကိုလည်း လေကြောင်းလိုင်းဖြင့် လာသည် များဖြစ်ကြောင်း၊ ထိုသူများသည် ဆီလူးဒေသ သြဂုတ် ၉ ရက်နေ့တွင်ရောက်ရှိပြီး ငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသည့် သူများဖြစ်ကြောင်း သျှမ်းပြည် အရှေ့ပိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှလက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ရခိုင်ကနေ လာတာက ၆ယောက်ပါ။ သူတို့ကို ရခိုင်ကလာတဲ့သူမလို့ စစ်ဆေးလိုက်တာပါ။ အဲ့ထဲက ၃ဦးက ပိုးတွေ့ပါတယ်။ ပိုးတွေ့တဲ့သူတွေက တော့ ရသေ့တောင်၊ ပုဏ္ဏကျွန်း ၊ မြောက်ဦး ကပါ” ဟု ဒေါက်တာ ဘစိုးသက် ကဆိုသည်။

ကိုဗစ်-၁၉ ပိုးတွေ့ လူနာ (၃)ဦးကို မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင် Quarantine ထားရှိကြောင်း၊ ယနေ့ ကျိုင်းတုံးပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည် ဖြစ်ကြောင်းလည်း ဒေါက်တာ ဘစိုးသက် က ပြောပြသည်။

“ သူတို့ ၃ယောက်က ဘာလက္ခဏာမှ မပြဘူး။ သူတို့ကို တော့ ဒီနေ့ ကျိုင်းတုံဆေးရုံ ကို ရွှေ့ပါမယ်” ဟု ဒေါက်တာ ဘစိုးသက် က ထပ်လောင်းပြောသည်။

ဆီလူးဒေသတွင် ကိုဗစ်-၁၉ လူနာ(၃) နှင့် အတူ ငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်သူ အယောက် (၆၀) ပြီး ၊ ထိုသူများကိုလည်း လက်ရှိမှာ Quarantine ထားထားပြီး၊ ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ ဓာတ်ခွဲခန်း နမူနာ ယူကာ စစ်ဆေးသွားမည် ဟု ဒေါက်တာ ဘစိုးသက် က ပြောသည်။

ထိုသူများလိုက်ပါ စီးနင်းသည့် လေကြောင်းလိုင်းသည် အဲသံလွင် လေကြောင်းလိုင်းဖြစ်ပြီး၊ လက်ရှိ မှာ ထိုသူ(၃) ၏ သတင်းအချက်အလက် သွားလာခဲ့သည့်နေရာများကို မေးမြန်းနေဆဲ ဟု သိရသည်။

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၅)ရက် မနက် (၈)နာရီ တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈ဦး တိုးလာပြီး ထိုထဲတွင်လည်း သျှမ်းပြည် တောင်ပိုင်း ကလောမြို့ဒေသခံ တဦး ပါဝင်ကြောင်း သိရသည်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၁၇၁) ဦးရှိပြီး သေဆုံးသူ (၇)ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

0
ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...