ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား မဲပြန်ပေးရန် ပြန်ခေါ်သည့်အဆို ရှုံးနိမ့်

ထိုင်း၊ မလေးရှားရောက် မြန်မာအလုပ်သမားများ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် အတွက် ပြန်လည်ခေါ်ဆောင်ရေး အရေးကြီး အဆို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်“ ပြည်ပရောက် မြန်မာနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ သို့ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား များ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးနိုင်ရန် အတွက် တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်၊ ရေယာဉ်များနှင့် ပြန်လည်ခေါ်ဆောင်ရေး ” အရေးကြီး အဆိုကို ရပ်စောက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဦးခင်မောင်မြင့် က တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဆိုကို ဆွေးနွေးရန် သင့်၊မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံမဲ(၁၂၅)သာရရှိခဲ့ပြီး၊ ကိုယ်စားလှယ် စုစုပေါင်း (၁၄၄) မဲ မကျော်သည့်အတွက် အဆို ဆက်လက်ဆွေးနွေးရန် ခွင့်မပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ က ကြေညာခဲ့သည်။

ထို အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ ဦးခင်မောင်မြင့် က အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

Photo by Sai Tun Aye/ Facebook

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ ခုနစ် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်ပရောက် မြန်မာနိုင်ငံ သားများ မဲပေးရန် အတွက် ယခု အချိန်မှ စတင်ကာ သြဂုတ်လ ၅ ရက်နေ့အထိ ပုံစံ ၁၅ လျှောက်နိုင်ပြီဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု သည် တရားဝင်အလုပ်သမားကဒ်များရှိထားသော်လည်း များသောအားဖြင့် အိမ်ထောင်စု (သန်းခေါင်စာရင်း) လိပ်စာမှားယွင်းမှုကြောင့် မဲပေးရန် ခက်ခဲနိုင်ကြောင်း လည်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများကူညီရေးအဖွဲ့အစည်းများကပြောကြသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီမိုကရေစီ အစိုးရ သက်တမ်း ၂ ခု (၂၀၁၀ မှ ၂၀၂၀ အထိ) က အစိုးရအနေဖြင့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး အလေးထား ဆောင်ရွက်ပေးမှုမရှိဘဲ ဥပက္ခာ ပြုထားကြသည်ကိုတွေ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောဆိုကြသည်။

“ ကျမတို့ ရွှေ့ပြောင်းအလုပ်သမားတွေကို သာမာန်အချိန်ဆို ရှိတယ်လို့ဘယ်သူမှ မထင်ကြဘူး။ရွေးကောက်ပွဲနီးပြီဆိုမှ လာကြပြီ၊ အစိုးရ သက်တမ်း ၂ ဆက်တာ ပြီးသွားတာ ကျမတို့ကို စိတ်ဝင်စားတဲ့ အစိုးရ မရှိဘူး” ဟု ရွှေ့ပြောင်းအလုပ်သမား နန်းအေးစိုး က ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအများစုသည် ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်မဲ့ မြန်မာအလုပ်သမားများကို ကူညီထောက်ပံ့မှု မရှိခဲ့ကြောင်းလည်း နန်းအေးစိုး ကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရောက်ရှိအလုပ်လုပ်နေသည့်ရွှေ့ပြောင်းအလုပ်သမား သိန်းချီရှိကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

0
ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို...