ချင်းမိုင်ရောက် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကိုဗစ်-၁၉ ကာကယ်ဆေးထိုးပေး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာခဲ့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကိုဗစ် ၁၉ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုကိုဗစ် ၁၉ ကာကွယ်ဆေးကို အစိုးရဆေးရုံများတွင် အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်မရှိသူများလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများက ဝင်ရောက်ညှိနှိုင်းပေးပြီး ဆေးထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပုံမှန်ဗီဇာရှိတဲ့သူတွေကတော့ အေးဆေးလာထိုးလို့ရတယ်။ ဒါပေမဲ့ ဗီဇာတွေ လက်မှတ်တွေမရှိတဲ့သူကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကနေ စစ်ဆေးပေးပြီး ဆေးထိုးပေးသွားဖို့ရှိတယ်။ လက်မှတ်မရရှိသေးတဲ့သူတွေလည်း ရတယ်။ ဗီဇာလုပ်ဖို့ လျှောက်ထားတဲ့သူတွေပေါ့နော်” ဟု ရွှေ့ပြောင်းသမားများ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနိုင်ရန်အတွက် ကူညီပေးနေသည့် MAP ၏ FM 99 Radio ဒါရိုက်တာ စိုင်းဆိုင်မိဏ်း မိဏ်းကွဏ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်သူများအနေဖြင့် ကိုဗစ် – ၁၉ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိပါက မြို့တွင်းသွားလာမှု ခက်ခဲလာနိုင်ကြောင်း သိရသည်။

“တကယ်လို့မထိုးရင်တော့ ကိုဗစ်ကို မကာကွယ်နိုင်ဘူး။ နောက်ဆိုရင် ရဲတွေကလည်း ကိုဗစ် ကာကွယ်ဆေးထိုးပြီးပြီလား လို့ စစ်လာနိုင်တယ်။ မထိုးထားဘူးဆိုရင် အလုပ်လုပ်ပိုင်ခွင့်တွေ၊ သွားလာမှုတွေက ခက်ခဲမှုရှိလာနိုင်တယ်” ဟု MAP ၏ FM 99 Radio ဒါရိုက်တာ စိုင်းဆိုင်မိဏ်း မိဏ်းကွဏ်းက ပြောသည်။

ချင်းမိုင်မြို့အတွင်းတွင် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၂၀၀၁၁)ဦးရှိပြီး လက်ရှိဆေးကုသမှု ခံယူနေသူ (၄၇၉၀)ဦးနှင့် သေဆုံးသူ (၇၂)ဦး ရှိနေကြောင်း သိရသည်။

ချင်းမိုင်မြို့တွင်း တရားမဝင်နေထိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံလိုပါက MAP ၏ FM 99 Radio (053328134) (053328130) သို့ ဆက်သွယ်စုံစမ်းပြီး ထိုးနှံနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...