ရွှေတူးဖော်မှု
လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...
MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြသူ ၅ ဦး ပြန်မလွှတ်သေး၊ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် သျှမ်းအရပ်ဖက်အဖွဲ့ တောင်းဆို
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသား (၅) ဦးသည် ယနေ့အချိန်ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင်...
လားရှိုး ရွှေတူးသည့် MNDAA ကို ဆန္ဒပြသူ ၃၆ဦး ဖမ်းဆီးခံရ၊ ၉ဦးပြန်မလွတ်သေး
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုရှိ ဒေသခံလယ်မြေတွင် ရွှေတူးဖော်နေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ဆန္ဒပြသူ (၃၆) ဦး သိန္နီမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး (၉) ဦးမှာ ပြန်မလွတ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီ လလယ်ခန့်မှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် မန်စယ်ကျေးရွာအုပ်စုရှိ လယ်မြေများကို ဒေသခံသဘောတူညီမှု...
မိုင်းဖြတ်မြို့နယ် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်း၊ လယ်ယာစိုက်ပျိုးရေးထိခိုက်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း နမ့်လုံချောင်းတစ်လျှောက်တွင် တရုတ်လုပ်ငန်းရှင်နှင့် ပြည်တွင်းစီးပွားရေးသမားများ ပူးပေါင်းပြီး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေခြင်းကြောင့် ချောင်းရေညစ်ညမ်းနေကြောင်း ဒေသခံများက ပြောသည်။ မိုင်းဖြတ်မြို့နယ် ဝမ်ပုံရွာနှင့် မိုင်းဟဲရွာရှိ နမ့်လုံချောင်းဘေးတစ်လျှောက် ဒေသခံများ၏ စိုက်ပျိုးရေး လယ်ယာမြေများကို လုပ်ငန်းရှင်များက ဈေးကြီးပေး ဝယ်ယူပြီး ယခုနှစ်လယ်ပိုင်းမှ စ၍ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေကြောင်း...
မိုင်းရယ်ဒေသခံများ ကန့်ကွက်သည့်ကြားမှ MNDAA ရွှေတူးဖေါ်ခွင့်ပြုနေ
သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထောက်ခံချက်ဖြင့် ရွှေတူးဖေါ်နေသည်ကို ဒေသခံများ ကန့်ကွက်သည့်ကြားမှ ဆက်လက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ ဇွန်လ ဒုတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် စလန်းပုန်းထွန်ကျေးရွာအုပ်စုရှိ ကောင်းဝိန်းကျေးရွာ ရေထွက်တောတွင် MNDAA ထောက်ခံချက်ဖြင့် ‘ဝ’ဒေသ မိုင်းမောမြို့ဘက်မှ လာသည့် လုပ်ငန်းရှင် ဦးဆောင်ပြီး ရွှေတူးဖေါ်ရန်...
ရွှေတူဖော်မှုကြောင့် မိုင်းယောင်းဒေသခံများ ရေအသုံးပြုခက်ခဲလာ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ဒေသခံများ ရေအသုံးပြုရန်အတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယောင်းမြို့ဒေသခံများသည် နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်း ရေကိုအဓိကအသုံးပြုကြသည်။ လက်ရှိ ထိုရေထွက်အပေါ်တွင် ရွှေတူးဖော်မှု နှင့်အဆိပ်ပါသော ဓာတုပစ္စည်းများကိုအသုံးပြုမှုကြောင့် မိုင်းယောင်းမြို့အတွင်း အသုံးပြုသောရေများ အရောင်ပြောင်းကာ ညစ်ညမ်းနေကြောင်း ဒေသခံများကပြောကြားသည်။ လက်ရှိ မိုင်းယောင်းမြို့နယ် အတွင်းတွင် ရေတွေ ညစ်နောက်နေပြီး...
အသံတိတ်အဆိပ်၊ မြန်မာ့ရွှေတွင်း နိုင်ငံတကာမြစ်များကို ဘယ်လိုခြိမ်းခြောက်လဲ။
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ်အနီး စည်းကမ်းမဲ့ရွှေတူးဖော်မှုတွင် ဆိုင်ရာနိုက်(Cyanide) ဓာတုရည် စွန့်ပစ်မှုကြောင့် မဲခေါင်မြစ်အပါအဝင် ဒေသတွင်းရေအရင်းအမြစ်အပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိလာမည် ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။ အသက် ၃၅ နှစ် အရွယ် စိုင်းဦးသည် တာချီလိတ်ခရိုင် မိုင်းလင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်နေထိုင်သည်။ စိုင်းဦးသည် သူမွေးထားသော နွားများ ရေကန်သို့ ရေဆင်းသောက်နေသည်ကို ရပ်ကြည့်ရင်း...
ရွှေတူးဖော်မှုကြောင့် နမ့်ခုတ်ချောင်းရေအဆိပ်သင့် သျှမ်း/ထိုင်း ဒေသခံလူထုအတွက် အန္တရာယ်ရှိ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေအတွင်း ရွှေတူးဖော်ပြီး ဓာတုဆေးရေများ နမ့်ခုတ်ချောင်းထဲ စွန့်ပစ်သောကြောင့် ဒေသခံ သျှမ်းပြည်လူထု အပါအဝင် နမ့်ခုတ်ချောင်းတလျှောက် မှီတင်းနေထိုင်သည့် ထိုင်းနိုင်ငံ သား လူထုသိန်းဂဏန်းအတွက် အန္တရာယ်များလှသည်ဟု ပညာရှင်းများနှင့် စောင့်ကြည့်သူများ ကဆိုသည်။ ကီလိုမီတာ ၂၈၅ ရှည်လျားသည့် နမ့်ခုတ်ချောင်း တလျှောက် မှီတင်းနေထိုင်သော...
မိုင်းဆတ်မြို့ နမ့်ခုတ်မြစ်ပေါ် ရွှေတူးဖော်မှုကို ထိုင်းဒေသခံများ ကန့်ကွက်ဆန္ဒထုတ်ဖော်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ နမ့်ခုတ်မြစ်အပေါ်ဘက်တွင် ၂၄ နာရီမပြတ် ရွှေတူးဖော်မှုများကို ထိုင်းပြည်သူ (၇၀၀) ခန့် စုစည်းကာ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၄ ရက်) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှ မယ်အိုင်မြို့နယ်...
ရွှေတူးဖော်မှု ကန့်ကွက်သည့် မုံးစီးဒေသခံများကို MNDAA သေနတ်ပစ်ခတ်၍ (၆) ဦးသေဆုံး၊ ဖြေရှင်းပေးရန် ဒေသခံများ ဆန္ဒပြ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်သည့် ဒေသခံများနှင့် MNDAA ရုံးရင်းဆန်ခတ်ဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စုစုပေါင်း (၆) ဦး သေဆုံးပြီး (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၅ ရက်) နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု...





