ရွေးကောက်ပွဲ
ပင်းတယ ဌာနဆိုင်ရာများ ရွေးကောက်ပွဲတွင် စစ်ကောင်စီကို ထောက်ခံရန် လိုက်လံဟောပြော
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက ရွေးကောက်ပွဲတွင် စစ်ကောင်စီဘက်ကို ထောက်ခံပေးရန် တစ်ရွာဝင်တစ်ရွာထွက် ဟောပြောပွဲလုပ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက လုံခြုံရေး၊ တရားဉပေဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်များပါဝင်သော စစ်ကြောင်းကြီး...
ရွေးကောက်ပွဲ မဲစားရင်းအတွက် ရပ်စောက်မြို့နယ် အသက်မပြည့်ကလေး စာရင်းတွေပါကောက်နေ
SHAN -
အာဏာသိမ်းစစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲအတွက် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အမည်စာရင်းကို ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ ယခုလ (သြဂုတ်) တတိယပတ်မှစတင်ကာ ရပ်စောက်မြို့နယ် တပ်ဦးရွာအတွင်းရှိအိမ်ခြေများကို အလှည့်ကျဖြင့် နေ့စဥ် အိမ်ထောင်စုဦးရေ စားရင်းကောက်ယူနေရာ အသက်မပြည့်သေးသည့် ကလေးငယ်များ၏ အမည်စာရင်းကိုလည်း စစ်ကောင်စီ အုပ်စုက...
စစ်ကောင်စီ ခန့်အပ်သည့် UEC နဲ့ SNLD တွေ့ဆုံ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့ ဇွန် ၃၀ ရက် မှ ဇူလိုင် ၂ ရက်နေ့ထိ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုတွေ့ဆုံမှုတွင် SNLD ၏ ပါတီဝင် အင်အား နှင့် ငွေကြေး...
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဆက်လက်အသိအမှတ်ပြုသွားမည်ဟု SNLD ပြော
SHAN -
၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ကို စစ်ကောင်စီ ပယ်ဖျက်သော်လည်း ရွေးကောက်ခံ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို လူထုကိုယ်စားလှယ်များအဖြစ် လက်ခံထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဆိုသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၂၀၂၀ ရွေးကောက်ပွဲမှာ (၄၂) ဦး အနိုင်ရရှိခဲ့ပြီး...
တရားနည်းလမ်းကျ ယှဉ်ပြိုင်အနိုင်ရမှုကို အသိအမှတ်ပြုရန် SNLD တိုက်တွန်း
ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်များကို အသိအမှတ်ပြု လက်ခံရန် SNLD က တိုက်တွန်းတောင်းဆိုလိုက်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်ပြီး ပြည်သူ၏ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ပြီး မှန်မှန်ကန်ကန် တရား နည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်...
ရွေးကောက်ပွဲအား အတွေ့အကြုံယူသည့်သဘောဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ပြော
၂၀၂၀ ရွေးကောက်ပွဲအား အတွေ့အကြုံယူသည့်သဘောဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရှမ်းပြည်နယ် ဥက္ကဌ ဦးစိုင်းလွယ်ခမ်းက ပြောသည်။ PPP ပါတီသည် ရှမ်းပြည်နယ်တွင် ကိုယ်စားလှယ် ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းအရှေ့ကျိုင်းတုံတွင် လေးဦး၊ တာချီလိတ်တွင်နှစ်ဦး ရှမ်းတောင်အနေနှင့် တောင်ကြီးတွင် သုံးဦး၊ ရပ်စောက်တွင် သုံးဦးတို့...
တပ်မတော်ထုတ်ပြန်တဲ့ ရွေးကောက်ပွဲရလဒ်ကိစ္စ တတိယအကြိမ်လွှတ်တော်ကို အဟန့်အတားဖြစ်စေလား
အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေရက်မှ ရက် ၉၀ အတွင်းမှာ လွှတ်တော် ပြန်လည် ခေါ်ယူကျင်းပရမယ့်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၃ မှာ ပြဌာန်းထားပါတယ်။ ထိုပြဌာန်းချက်နဲ့ အညီ တတိယ အကြိမ် လွှတ်တော်ကို လာမယ့် ရှေ့လဆန်းမှာ ကျင်းပမှာဖြစ်ပြီး၊ အနိုင်ရ...
သျှမ်းပြည်ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခဲ့
သျှမ်းပြည်အတွင်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သော ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခြင်းကို ဇန်နဝါရီ ၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ “ရွေးကောက်ပွဲ ဥပဒေထဲမှာပါတယ်။ ဥပဒေအရ နောက်တစ်ကြိမ်ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ ယခင်က ရွေးကောက်ပွဲကစာရွက်စာတန်းတွေ မီးရှို့မယ်ဆိုတာတွေ ပါတယ်။ ဥပဒေအတိုင်းပဲ...
ရွေးကောက်ပွဲမဲဆွယ်ကာလ ဖြစ်ပျက်သည့်ကိစ္စရပ်များ ယနေ့ထိ ရှင်းလင်းနေရ PNO ပြော
၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ PNO ပါတီမှ ပြိုင်ဘက်ပါတီများကို ဝင်ခွင့်မပြုခြင်း၊ အလံနှင့် ဆိုင်းဘုတ်များဖြုတ်ချသည့် ကိစ္စများကို ယနေ့တိုင် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ PNO သည် ၎င်းအခြေစိုက်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာများသို့ ပြိုင်ဘက်ပါတီများကို ဝင်ခွင့်မပြုသည့်အပြင် အလံနှင့်ဆိုင်းဘုတ်များဖြုတ်ချသည့် ကိစ္စရပ်များအား ယနေ့တိုင်...
ရွေးကောက်ပွဲအလွန်ကာလ တောင်ကြီးမြို့ပေါ်တွင် ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာ
ရွေးကောက်ပွဲအလွန်ကာလတွင် တောင်ကြီးမြို့နယ်၌ ကိုဗစ်ပိုးကူးစက်ခံရမှု ပိုမိုမြှင့်တက်လာကြောင်း ကိုဗစ်ဖြစ်ပွားသူများအား ကူညီပေးနေသည့် မြို့နယ်အထူးအဖွဲ့များမှ သိရသည်။ တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၃၀ ရက်က ရှမ်းတောင် ယဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲမှူးရုံး အမှတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့မှ ၁၆ ဦးတွင် ကိုဗစ်ပိုးတွေ့ခဲ့ပြီး ၎င်းတို့မိသားစုခြောက်ဦးတွင်လည်း ပိုးကူးစက်ခံထားရကြောင်းနှင့် ယင်းမြို့နယ်တွင် တစ်ရက်အတွင်း...





