ရွေးကောက်ပွဲအား အတွေ့အကြုံယူသည့်သဘောဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ပြော

၂၀၂၀ ရွေးကောက်ပွဲအား အတွေ့အကြုံယူသည့်သဘောဖြင့်သာ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရှမ်းပြည်နယ် ဥက္ကဌ ဦးစိုင်းလွယ်ခမ်းက ပြောသည်။

PPP ပါတီသည် ရှမ်းပြည်နယ်တွင် ကိုယ်စားလှယ် ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းအရှေ့ကျိုင်းတုံတွင် လေးဦး၊ တာချီလိတ်တွင်နှစ်ဦး ရှမ်းတောင်အနေနှင့် တောင်ကြီးတွင် သုံးဦး၊ ရပ်စောက်တွင် သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ တစ်ဦးမှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ၂၀၂၀ရွေးကောက်ပွဲတွင် တစ်ဦးမှ အနိုင်မရသော်လည်း ပြည်သူ့လိုအပ်ချက်များ လွှတ်တော်အမတ်များထံ ရောက်ရှိရန် ကြိုးစားပေးမည်ဖြစ်ကြောင်း ပြည်သူများ၏လိုအပ်ချက်ကို လွှတ်တော်ပြင်ပမှ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ဦးစိုင်းလွယ်ခမ်းက ကတိပြုပြောသည်။

“၂၀၂၀ ရွေးကောက်ပွဲမှာက ကျွန်တော်တို့ပါတီအနေနဲ့ နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် အတွေ့အကြုံပဲယူတဲ့သဘောနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။လွှတ်တော်ပြင်ပအနေနဲ့ ကျွန်တော်တို့လုပ်ဆောင်မှာက အနိုင်ရတဲ့ပါတီဘက်ကိုလေ့လာပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ပိုင်းမှာ လွှတ်တော်ထဲရောက်အောင် လွှတ်တော်ထဲရောက်တဲ့ သူတွေဆီ ပြည်သူတွေရဲ့အသံကို လွှတ်တော်ထဲရောက်အောင် ကျွန်တော်တို့ကြိုးစားပေးသွားပါမယ်” ဟု ရှေ့ဆက် ၎င်းတို့ပါတီ၏ ရပ်တည်ချက်များကို ဦးစိုင်းလွယ်ခမ်းက ရှင်းပြသည်။

ထို့ပြင် PPP ပါတီအနေဖြင့် ရှမ်းပြည်နယ်တွင်း လူထုဘ၀မြှင့်တင်ပေးရန် ဦးစားပေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆက်လက်၍ ၎င်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့,ဖွဲ့ရာတွင် ဒေသအတွက် အမှန်တကယ်လိုအပ်သော၊ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်သောသူမျိုးကို ဝန်ကြီးအဖြစ်ခန့်အပ်ရန် အကြုံပြုလိုကြောင်းနှင့် အနိုင်ရပါတီများနှင့် ပြည်သူများအတွက် ပံ့ပိုးပေးသွားနိုင်ရန်အစီအစဉ်ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် PPP ပါတီအနေနှင့် တောင်ကြီးမြို့တွင် လူငယ်များ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများကို ပါတီမှဦးဆောင်၍ သင်တန်းပို့ချခြင်းများကို ဆောင်၍လျက်ရှိကြောင်းသိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ တရားဝင် နိုင်ငံရေးပါတီမှတ်ပုံတင်ရရှိခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲအား ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်များမှအပ ကျန်တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၂၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသော်လည်း တစ်နေရာမှ အနိုင်မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...