တရားနည်းလမ်းကျ ယှဉ်ပြိုင်အနိုင်ရမှုကို အသိအမှတ်ပြုရန် SNLD တိုက်တွန်း

ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်များကို အသိအမှတ်ပြု လက်ခံရန် SNLD က တိုက်တွန်းတောင်းဆိုလိုက်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်ပြီး ပြည်သူ၏ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ပြီး မှန်မှန်ကန်ကန် တရား နည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည် များကို အသိအမှတ်ပြုလက်ခံရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)က တိုက်တွန်းပြောဆိုလိုက်သည်။

“ အခုလက်ရှိ ၂၀၂၀ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်တရားသဖြင့် ယှဉ်ပြိုင်အနိုင်ရရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ပြည်သူက Mandate (လုပ်ပိုင်ခွင့်) ပေးထားတယ်။ ပြည်သူ ကိုကိုယ်စားပြုခွင့်ရှိတယ်ဆိုတာ ကျနော်တို့ ရည်ညွှန်းတယ်။ မှန်မှန်ကန်ကန်ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လက်ခံ အသိအမှတ်ပြုဖို့လိုအပ်တယ်ဆိုတာ ထောက်ပြတာပါ” ဟု SNLD အတွင်းရေးမှူး စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း တပ်မတော် အစိုးရ ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်သည် မဲမသမာ မှုများ၊ ဖြစ်နေသည့်အတွက် မဲရလဒ် စားရင်းများကို ဖြေရှင်းရန် အတွက် တနှစ် အာဏာလွှဲပြောင်း ယူခဲ့ခြင်းဖြစ်သည် ဟုကြေညာချက်ထုတ်ခဲ့သည်။

ထို့ကြောင့် အာဏာသိမ်း တပ်မတော် အစိုးရသည် တနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အတွက်လည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ နှင့် အဖွဲ့ဝင်များကိုပါ ယမန်နေ့ (ဖေဖော်ဝါရီ ၂ ရက်) ရက်စွဲဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ က ဖွဲ့စည်းလိုက်သည်။

“ပြန်ကျင်းပမည့် ရွေးကောက်ပွဲဆိုတာက ဘယ်နေမှန်းမသိဘူး။ အဲ့အတွက်ကို ကျနော်တို့က ဘာမှ ကြိုတင်ပြီးသဘောထားပေးစရာမရှိဘူး” ဟု စိုင်းလိတ် က ပြောသည်။

ဖေဖော်ဝါရီ (၁)ရက် တပ်မတော် က နိုင်ငံတော်အာဏာအား သိမ်းယူလိုက်သည့် လုပ်ရပ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းမျးနှင့် တိုင်းရင်းသားပြည်သူများကြား ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆန့်ကျင်ထိခိုက် နေသဖြင့် ထိုလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း SNLD ၏ ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

ဆက်လက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်အောင်မြင်ချောမောစေရေးအတွက် ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လှုပ်ရှားတက်ကြွသူများအာလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် လည်း SNLD က တောင်းဆိုသည်။

စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး စိုင်းလိတ်က “အာဏာသိမ်း စစ်အုပ်စုနဲ့ ပြည်သူကြားမှာ ဒီထက်မက တင်းမာမှုတွေ ပေါ်ပေါက်လာနိုင်တယ်။ တဖက်မှာလည်း ကမ္ဘာနိုင်ငံကြီးတွေဒီမိုကရေစီ နိုင်ငံကြီးတွေက သူကို အရေးယူတာမျိုးတွေ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်။ အဲ့အခါကျရင် နဂိုကျဆင်းနေတဲ့ နိုင်ငံရေး စီးပွားရေး ဒီထက် ကြပ်တည်း ဆင်းရဲသွားနိုင်တယ်” သုံးသပ်ပြောသည်။

တပ်မတော်ကအာဏာသိမ်းပြီးနောက် အပစ်အခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ်( NCA) နှင့် ထာဝရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက် ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ လုပ်ဆောင်မည် လုပ်ငန်းစဉ် များကို ဖေဖော်ဝါရီ (၂) ရက်တွင်ကြေညာချက်ထုတ်ခဲ့သည်။

“ တဖက်မှာ ကျတော့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စ တွေ သူက လုပ်မယ်ဆိုတာ ကြေညာထားတယ်။ ဒါပေမယ့် သူရဲ့ဆွေးနွေးဘက်တွေက နောက်ကျော လုံလုံနဲ့ စိတ်ချလက်ချ လာရောက် ဆွေးနွေး ပါ့မလား။ တကယ်လို့ လာရောက်ဆွေးနွေးခြင်းမရှိတော့ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပြောင်းလဲမှုတွေဖြစ်ပေါ်လာမယ်” – ဟု SNLD မှ စိုင်းလိတ်က ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခံရသည်မှာ ၃ ကြိမ်တိုင်ရှိလာပြီး၊ အာဏာသိမ်းပြီးတိုင်း တိုင်းပြည်တွင် စည်းလုံးညီညွတ်မှု ပျောက်ဆုံးခဲ့ကာ စီးပွားရေးထိခိုက်နစ်နာမှုများ၊ ပညာရေး ဆိုင်ရာ ထိခိုက်နစ်နာမှုများ အထွေထွေ ထိခိုက်နစ်နာမှုများမရေတွက်နိုင်အောင် ကြုံခဲ့ရပြီ ဖြစ်ကြောင်းလည်း စိုင်းလိတ် က မှတ်ချက်ပြုသည်။

တပ်မတော် က နိုင်ငံတော်၏ အာဏာကို သိမ်းယူသည့် ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ က ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ချက်များ ထွက်ခဲ့သည်။

ထို့အပြင် လူမှုကွန်ရက်စာမျက်နှာတွင်လည်း တပ်မတော် အာဏာသိမ်းခြင်းကို မလိုလားကြောင်း မိမိဆန္ဒအလျောက် ထုတ်ဖော်ရေးသားကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...