စစ်ကောင်စီ ခန့်အပ်သည့် UEC နဲ့ SNLD တွေ့ဆုံ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့ ဇွန် ၃၀ ရက် မှ ဇူလိုင် ၂ ရက်နေ့ထိ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုတွေ့ဆုံမှုတွင် SNLD ၏ ပါတီဝင် အင်အား နှင့် ငွေကြေး သုံးစွဲမှု စနစ်တကျ ထားသိုမှု ရှိ၊မရှိ ကိစ္စ နှင့် ပတ်သက်ပြီး UEC မှ မေးမြန်းခဲ့သည်။ အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး SNLD မှ တွဲဖက် အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့် ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် မှ ဆက်သွယ် မေးမြန်းထားသည်။

မေး – ပြီးခဲ့တဲ့ ရက်ပိုင်းမှာ SNLD နဲ့ UEC တို့ တွေ့ဆုံခဲ့တယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလား၊ ဘယ်နေရာမှာ တွေ့ပြီး ဘာအကြောင်း ဆွေးနွေးဖြစ်ခဲ့ပါသလဲရှင့်။

ဖြေ – ဟုတ်ပါတယ်၊ ဇွန် ၃၀ ကနေ ဇူလိုင် ၂ ရက်နေ့ အထိတွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်၊ အစက စာရင်းတွေ ဘာတွေ ပါတီဝင် အင်အားတွေ ပါတီသုံးစွဲမှုတွေ စသဖြင့် UEC ဘက်က လုပ်ထုံးလုပ်နည်းအရ သူစစ်တာ ရှိတယ်။ အရင်တုန်းကတော့ ကျနော်တို့က ကျနော်တို့ ဗဟိုဌာနချုပ်ရုံး ကိုလာပြီးတော့ စစ်ဆေးမေးမြန်း ဖို့ပေါ့ဗျာ၊ သူတို့ဘက်ကလည်း သူတို့ UEC ရုံးကိုလာဖို့ပေါ့၊ နောက်ဆုံးတော့ ကျနော်တို့ တောင်ကြီးမှာ တွေ့ဆုံဖို့ သဘောတူလိုက်တယ်။ လုပ်ထုံးလုပ်နည်း အတိုင်းပါပဲ။ ပါတီဝင် အင်အားဘယ်လောက်ရှိလဲ။ ငွေကြေးတွေ သုံးစွဲတာ စနစ်တကျ ထားသိုမှု ရှိ၊ မရှိ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ သူ့ဟာနဲ့ သူ အေးဆေး ပြီးသွားပါတယ်။

မေး – SNLD နဲ့ UEC တွေ့ဆုံဆွေးနွေးမှုမှာ ဘယ်သူတွေပါဝင်သလဲ၊ ပါတီက CEC တွေရာ ပါလား။

ဖြေ – ပါပါတယ်။ သူတို့ဘက်ကတော့ အဖွဲ့စုံပါပဲ။ UEC တွေပါမယ်၊ စသုံးလုံး ပါမယ်။ အခွန်ဌာနပါတယ်။ စာရင်းစစ်ဌာနကလူတွေပါတယ်။

စိုင်းကျော်ညွန့်

မေး – ဇွန်လ ၃၀ ရက် ထားပြီး UEC ဆင့်ခေါ်မှုကို သွားမတွေ့တဲ့အတွက် စစ်ကောင်စီဘက်က တရားစွဲဆိုမယ် ပြောထားတဲ့ ကိစ္စ ဘယ်အနေအထားရောက်နေပြီလဲရှင့်။

ဖြေ – တရားစွဲတယ်ဆိုတာ မရှိပါဘူးဗျ၊ ပါတီကို သူတို့ ရပ်ဆိုင်းမယ် သုံးနှစ်အထိ သူတို့ ရပ်ဆိုင်းလို့ရတယ်၊ ပြီးရင် ပါတီကို ဖျက်သိမ်းလို့ရတယ် ဆိုတဲ့ဟာလောက်ပါပဲ၊ တရားစွဲလို့ မရပါဘူး၊ ဒါကလည်း ဥပဒေအတိုင်းပဲလေ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းမှု ဥပဒေမှာပါပြီးသား။
သမာရိုးကျပြောရရင် ကျနော်တို့ပါတီက ဆက်လက်ရပ်တည်ဖို့ ရည်ရွယ်ချက်ရှိတယ်၊ ကိုယ့်လူမျိုးအကျိုး ကိုယ့်ပြည်နယ်အကျိုး၊ တစ်နိုင်ငံလုံးက အကျိုးတွေကို ထောက်ရှုပြီးတော့ ကျနော်တို့ ပါတီက ဆက်လက်ရပ်တည်ဖို့ လိုအပ်တယ်ဆိုပြီးတော့ သွားတွေ့တာ ဖြစ်ပါတယ်။

မေး – လက်ရှိ သျှမ်းပြည်ထဲမှာ စကစ နဲ့ သျှမ်းတပ်မတော်တွေက စစ်ရေးတင်းမာမှု ရှိနေတဲ့ အပေါ်မှာရော SNLD အနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ – ကျနော်တို့က အရပ်ဖက် အဖွဲ့အစည်းလေဗျာ၊ ပါတီတို့ CSO တို့ စသဖြင့် ဒါတွေက အရပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်တာပဲ ဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေတိုက်တာပဲ ဖြစ်ဖြစ် လူမျိုးတူတာပဲ တိုက်တိုက် မတူတာပဲ တိုက်တိုက်၊ ဘယ်လိုမှ ကျနော်တို့ အားပေးထောက်ခံစရာမရှိပါဘူး။ ကျနော်တို့မူလ သဘောထားကတော့ ဒါဟာ တိုက်ပွဲနည်းနဲ့ မဖြေရှင်းဖို့တော့ အကောင်းဆုံးပေ့ါလေ၊ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ရှင်းရင် ကောင်းတာပေါ့လေ။ ဒါကတော့ ကျနော်တို့ ပါတီမူပေါ့ဗျာ။ ကျနော်တို့က တခြားသူတွေ လုပ်နေတာကို ကန့်ကွက်နေတာ မဟုတ်ဘူး။ အဖွဲ့အစည်း တစ်ခု ဆိုတာ သူ့ဟာနဲ့သူ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ သူတို့ရဲ့ ရွေးချယ်ပိုင်ခွင့်ကို ကျနော်တို့က သွားဝင်စွက်ဖက်လို့ မရပါဘူး။

မေး – တကယ်လို့ တိုက်ပွဲပဋိပက္ခတွေအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့လိုအပ်လာပြီဆိုရင် SNLD အနေနဲ့ ကြားနေ အဖွဲ့အစည်းအဖြစ် ဝင်ရောက်ညှိနှိုင်းလုပ်ကိုင်ပေးဖို့ရော အစီအစဥ်ရှိလား။

ဖြေ – သျှမ်းတပ်အချင်းချင်းကြားထဲမှာတော့ ၂၀၁၆ ခုနှစ်ကတည်းက ကျနော်တို့ တောက်လျှောက်လုပ်ခဲ့တာပဲလေ။ အောင်မြင်တဲ့ခါလည်း ရှိသလို မအောင်မြင်တဲ့အခါလည်း ရှိခဲ့တယ်။ ဒါလည်း ကျနော်တို့ အဖွဲ့အစည်းလည်း မဟုတ်တော့ ကျနော်တို့ အမိန့်ပေးလို့မှ မရတာ၊ ဒါကတော့ သျှမ်းကိစ္စပေါ့နော်။ တခြား ကိစ္စပြောရမယ်ဆိုရင် ဖြစ်စဥ်အကြောင်းအရာက ကျယ်ပြန့်မယ် ဆိုရင်တော့ ပြောဖို့ခက်ပါတယ်။ သတ်ကြ ဖြတ်ကြတာတွေ မီးရှို့တာတွေလိုမျိုးတွေ မရပ်တန့်ပဲနဲ့ တွေ့ဆုံတာတို့ ဆွေးနွေးတာတို့ လုပ်ရင်လည်း အကျိုး မရှိနိုင်သေးဘူး။

တွေ့ဆုံဆွေးနွေးမှုလုပ်တယ်ဆိုတာ သူနိုင်တဲ့ အခင်းအကျင်းကို အရင်ဆုံးဖော်ဆောင်နိုင်ရမယ်၊ ဖြစ်လည်း မဖြစ်နိုင်ဘူး၊ ဖြစ်လာမယ်ဆိုရင် ဒါက မစစ်ဘူး။

မေး – နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ – မရှိတော့ပါဘူး။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...