ရွေးကောက်ပွဲမဲဆွယ်ကာလ ဖြစ်ပျက်သည့်ကိစ္စရပ်များ ယနေ့ထိ ရှင်းလင်းနေရ PNO ပြော

၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ PNO ပါတီမှ ပြိုင်ဘက်ပါတီများကို ဝင်ခွင့်မပြုခြင်း၊ အလံနှင့် ဆိုင်းဘုတ်များဖြုတ်ချသည့် ကိစ္စများကို ယနေ့တိုင် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။

PNO သည် ၎င်းအခြေစိုက်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာများသို့ ပြိုင်ဘက်ပါတီများကို ဝင်ခွင့်မပြုသည့်အပြင် အလံနှင့်ဆိုင်းဘုတ်များဖြုတ်ချသည့် ကိစ္စရပ်များအား ယနေ့တိုင် အကြိမ်ကြိမ်ဖြေရှင်းနေရကြောင်း၊ ထိုကိစ္စသည် PNO မှ တားဆီးခဲ့ခြင်းမရှိခဲ့ကြောင်း PNO ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် စောခွန်ကျော်ဝင်းက ပြောသည်။

“ကျနော်တို့က နိုင်ငံရေးပါတီဖြစ်တယ်။ ကျေးလက်ဒေသတွေကို ကျနော်တို့သွားပြီး ထိန်းချုပ်လို့မရဘူး။ ကိုဗစ်ရောဂါကြောင့် ကျနော်တို့ကိုယ်တိုင်တောင် ဝင်လို့မရတဲ့ရွာတွေရှိခဲ့တယ်။ ကျနော်တို့ တားဆီးတာ မျိုး လုံးဝမရှိခဲ့ပါဘူး။ ပြဿနာရှာချင်တဲ့ တချို့ပါတီတွေတော့ ရှိမှာပေါ့” ဟု စောခွန်ကျော်ဝင်းက ပြောသည်။

ကျေးရွာတချို့သည်ကိုဗစ်ရောဂါကြောင့် ရွာအဝင်လမ်းများအား ရွာသားများမှ ပိတ်ဆို့ထားခြင်းများရှိနိုင်ပြီး မဲဆွယ်ကာလတွင် ၎င်းတို့ ပါတီအနေနှင့် ပြိုင်ဖက်ပါတီများအား တားဆီးပိတ်ပင်ခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုသို့ ရွေးကောက်ပွဲကာလတွင် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သော်လည်း PNO ပါတီအနေဖြင့် တိုင်ကြားခံရခြင်းမျိုးမရှိသကဲ့သို့ PNO ပါတီကလည်း ပြိုင်ဖက်ပါတီများကို တရားဝင်တိုင်ကြားထားခြင်းမျိုး မရှိသေးကြောင်း စောခွန်ကျော်ဝင်းက ဆက်လက်ပြောသည်။

PNO ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ အများအပြားနေထိုင်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အမျိုးသားလွှတ်တော် ငါးနေရာ၊ ပြည်သူ့လွှတ်တော် ကိုးနေရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် ၁၈ နေရာ၊ တိုင်းရင်းသားလူမျိုးရေးရာ နှစ်နေရာ စုစုပေါင်း မဲဆန္ဒနယ်မြေ ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းတောင် ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်မြို့နယ်တို့တွင် ၁၁ နေရာ အနိုင်ရရှိခဲ့သည်။

PNO သည် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အခြေစိုက်သည့်ပါတီတခုဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရွေးကောက်ပွဲမဟာမိတ်ဖွဲ့ ခဲ့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ရွေးကောက်ပွဲမဟာမိတ်အဖြစ်မှ ရပ်စဲခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...