တပ်မတော်ထုတ်ပြန်တဲ့ ရွေးကောက်ပွဲရလဒ်ကိစ္စ တတိယအကြိမ်လွှတ်တော်ကို အဟန့်အတားဖြစ်စေလား

အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေရက်မှ ရက် ၉၀ အတွင်းမှာ လွှတ်တော် ပြန်လည် ခေါ်ယူကျင်းပရမယ့်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၃ မှာ ပြဌာန်းထားပါတယ်။

ထိုပြဌာန်းချက်နဲ့ အညီ တတိယ အကြိမ် လွှတ်တော်ကို လာမယ့် ရှေ့လဆန်းမှာ ကျင်းပမှာဖြစ်ပြီး၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်တက်ရောက်ရန် အဆင်သင့် ဖြစ်နေကြပါပြီ။

သို့ပေမယ့် ယနေ့ အချိန်ထိ တပ်မတော် သတင်းပြန်ကြားရေးဌာနကလည်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ဟာ မဲသမာမှုဖြစ်နေခြင်း၊ မဲစာရင်းမှားယွင်း နေခြင်းဆိုတဲ့အချက်အလက်တွေ နေ့စဉ်နဲ့အမျှ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြနေပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ က တနိုင်ငံလုံးရှိ မြို့နယ် အားလုံးကို စိစစ်ခဲ့ရာ တနိုင်ငံလုံးမဲမသမှုဖြစ်ပေါ်ခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်

အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)ကလည်း တတိယအကြိမ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲ ကို ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း စိတ်မကောင်းကြောင်း၊ ရွေးကောက်ပွဲပြီးမြောက်ပြီး မဲရလဒ်ကြေညာရာ မဲပေးနိုင်တဲ့သူ ဦးရေးထက် မဲအရေအတွက် သန်းချီရှိနေတယ် ဆိုတဲ့ ထုတ်ပြန်ချက်ကို ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

တပ်ဘက်က နေ့စဉ်ဆက်တိုက် တင်လာတဲ့ ရွေးကောက်ပွဲ ရလဒ် မမှန်မကန် စာရင်းဟာ အလွန်များနေတာကိုတွေ့ရပြီး၊ နိုဝင်ဘာ ၈ရက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို တပ်မတော် အနေနဲ့ အသိအမှတ် မပြုလိုတဲ့သဘောဖြစ်နေကြောင်း လည်း နိုင်ငံရေး အသိုင်းအဝန်းက ပြောဆိုလိုကပါတယ်။

လက်ရှိရွေးကောက်ပွဲ ရလဒ်နဲ့ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့ဝင်တွေဖြစ်လာမယ့် သူတွေဟာ မှားယွင်းတဲ့အချက်အလက်၊ မမှန်ကန်တဲ့အနေအထားနဲ့ ဖြစ်လာတယ်ဆိုတဲ့ တိုက်ခိုက်လိုတဲ့ပုံစံဖြစ်နေကြောင်းလည်း နိုင်ငံရေးလုပ်ဆောင်သူတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

လက်ရှိ တပ်မတော် မဲရလဒ်ထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး လွှတ်တော်သက်တမ်း (၃)ကြိမ် အနိုင်ရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ စိုင်းသီဟကျော် က “တပ်မတော်အနေနဲ့ သူ့ဆန္ဒအမှန်ကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား သူဘာဖြစ်ချင်လဲဆိုတာကို ဖော်ပြသင့်တယ်လို့ ထင်ပါတယ်” ပြောပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တို့တွေ့ဆုံစဉ်မှာလည်း ရွေးကောက်ပွဲ မဲစာရင်း စိစစ်ချက်နဲ့ ပတ်သက်ပြီး အမှားအယွင်း၊ မဲမသမာမှုတွေရှိနေတယ်ဆိုတာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်မှ ထုတ်ပြန်ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေနဲ့ စည်းကမ်း၊ ဥပဒေတွေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။

တပ်မတော် အနေနဲ့မဲစာရင်းတွေကို အချိန်ယူ စိစစ်ပြီး တွေ့ရှိချက်တွေ ထုတ်ပြန်နေခြင်းဟာ လွတ်လပ်ပြီး တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းမှုကို အသိအမှတ်ပြုလိုခြင်းသာဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက်စွဲ ဖြင့် တပ်မတော် ထုတ်ပြန်ချက် မှာရေးသားထားပါတယ်။

ထိုကဲ့သို့ ထုတ်ပြန်ရခြင်းဟာ မည့်သည့် အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ် ကိုမျှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် ဖြင့် ထုတ်ခြင်း မဟုတ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှား၊ မှန်ကို ဖြေရှင်းပေးရန် သာ ရည်ရွယ်ခြင်းဖြစ်ကြောင်း လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြပါတယ်။

ယခုရွေးကောက်ပွဲကျင်းပပြီး တတိယအကြိမ်လွှတ်တော်ခေါ်ယူခါနီးမှ မဲစာရင်း မမှန်မကန်ဖြစ်တဲ့ အကြောင်း၊ တရားမျှတမှုမရှိကြောင်းပြောဆိုမှုတွေဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကျပ်အတည်းဖြစ်စေပါတယ်။

“ တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစားရင်တွေလည်း ရှိတော့ ပြန်လည်စိစစ်ဖို့လိုတယ်။ ဖြေရှင်းပြီးမှ ပဲ လွှတ်တော် ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့ ထုတ်ပြန်ချက် ထုတ်ရတာပါ” လို့ SNDP ရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းဖိုးအောင်က ဆိုပါတယ်။

နိုင်ငံတော်နှင့် နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်စေဖို့ ပြည်ထောင်စု လွှတ်တော်က လည်းကောင်း ၊ နိုင်ငံတော် အစိုးရက လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတွေ နည်းလမ်းရှာဖွေဖြေရှင်းပေးရန်လည်း တပ်မတော်က သဘောထားထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲ ကို ပြန်လည်ကျင်းပဖို့တော့ အလားအလာ မရှိပါဘူး။

“ ဒီမြန်မာနိုင်ငံရေးကို ပိုပြီးရှုပ်ထွေးသွားစေပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်မှာကိုပဲ ကျနော်တို့က ပိုပြီး စိုးရိမ်ပူပန်မိပါတယ်။ အဲ့တော့ ဖြစ်သင့်တဲ့အနေအထား က ကျတော့ တပ်မတော်က ဘာတွေ အမှန်ဆန္ဒရှိလဲ။ ဘာတွေပြန်လုပ်ပေးလို့ရလဲ။ ဖြစ်နိုင်တဲ့အခြေအနေပေါ်မှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ စေ့စပ်ဆွေးနွေးတာ ဆောင်ရွက်သင့်တယ်” လို့ စိုင်းသီဟကျော် က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

တဖက်ကလည်း ရွေးကောက်ပွဲရလဒ် အများစု အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဒါမှ မဟုတ် အမျိုးသားညီညွတ်ရေး အစိုးရ ဖွဲ့စည်းရေးမှာ လည်း တပ်မတော် ကို ပြစ်ပယ်ထားလို့ မရကြောင်း လည်း စိုင်းသီဟကျော် က ပြောပါတယ်။

နိုင်ငံရေး ကိစ္စရပ်တွေဖြစ်နေတဲ့အတွက် ကြောင့် တဖက်နဲ့ တဖက် ပွင့်လင်းနဲ့ စေ့စပ်ညှိနှိုင်းသွား မှ သာလျှင် တိုင်းပြည်သားအတွက် ရလဒ်ကောင်းဖြစ်မယ်လို့လည်း စိုင်းသီဟကျော်က မှတ်ချက်ပြုလိုက်ပါတယ်။

တဖက်မှာလည်း ရွေးကောက်ပွဲရလဒ် မဲသမမှု၊ မဲမှားယွင်းမှုကိစ္စ နဲ့ပတ်သက်ပြီး “ တပ်မတော် ”ထောက်ခံဆန္ဒထုတ်ဖော်ပွဲတွေ ရှိသလို တဖက်မှာလည်း ကြံံ့ခိုင်ရေး ပါတီ (USDP) နဲ့တပ်မတော် ကလည်း ဒုတိယ လွှတ်တော်သက်တမ်းကာလအတွင်း အရေးပေါ် လွှတ်တော်ခေါ်ယူရန် တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံရပါတယ်။

ဒါ့ကြောင့် တပ်မတော်နဲ့ ကြံ့ခိုင်ရေးမှ ကိုယ်စားလှယ်တွေ တတိယအကြိမ် လွှတ်တော် မရောက်လာလျှင် နိုင်ငံရေး ဘယ်လိုရှေ့ဆက်သွားမလဲ၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ပြည်သူတွေကတော့ စိုးရိမ်ပူပန်နေကြပါတယ်။

ယခုတတိယအကြိမ် လွှတ်တော်ခေါ်ယူခြင်းဟာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၁၂၃) အရ ခေါ်ယူဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက် တပ်မတော် နဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ လွှတ်တော်ကို မတက်ရောက်လာပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်ရာရောက်သွားနိုင်ပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအားလုံးကို တပ်မတော်နဲ့ အနိုင်ရပါတီ (NLD) အနေနဲ့ စေ့စပ်ဆွေးနွေး ညိနှိုင်း ပြီး အဖြေရှာဖော်ထုတ်နိုင်ဖို့လည်း နိုင်ငံရေး သမားတွေ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...