မူဆယ်
မူဆယ်မြို့ စည်ပင်ကား တိမ်းမှောက် အလုပ်သမား ၁၀ ဦး ဒဏ်ရာရ
သျှမ်းပြည် မူဆယ်မြို့တွင် စည်ပင်သာယာကား မတော်တဆ တိမ်းမှောက်မှုကြောင့် အလုပ်သမား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၀ ရက်) ညနေ ၄ နာရီခွဲခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၌ စည်ပင်သာယာကား မတော်တဆ တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာသည့် အလုပ်သမား ၁၀...
စစ်ကောင်စီမှ မူးယစ်ဆေးဝါးသုံးစွဲသူ၊ သူခိုးဓားပြများကို ဖမ်းပြီး ပြန်လွှတ်ပေးနေ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် စစ်ကောင်စီမှ မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးပြီး ပြန်လွှတ်ပေးနေသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်)တွင် မူဆယ်မြို့နယ် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်တပ်သားများသည် မူဆယ်မြို့ရှိ သင်္ချိုင်း၊ မန်းဝိန်း၊ ဝိန်းနန်း၊ စွမ်စော် စသည့် နေရာများတွင် မူးယစ်ဆေးသုံးစွဲသူများကို...
မူဆယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့်အမျိုးသား ဖမ်းဆီးခံရ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦးအပေါ် ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသားကို ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၃ ရက်) နေ့လည် ၁၁ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်ရှိ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကာလအတွင်း...
VPN အသုံးပြုတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု တရုတ်အာဏာပိုင် ထုတ်ပြန်
သျှမ်းပြည် မြောက်ပိုင်း - တရုတ်နယ်စပ် ဒေသတွင် VPN app အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားပြီး သုံးစွဲပါကပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည် မြောက်ပိုင်း - တရုတ်နယ်စပ် ဒေသတို့တွင် VPN app အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ...
မူဆယ် ပစ်ခတ်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး
သျှမ်းပြည် မူဆယ်မြို့တွင် ယနေ့ (ဧပြီ ၂၃)ရက် နေ့လယ်ပိုင်း၌ အမည်မသိလက်နက်ကိုင် အဖွဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ကာ သေဆုံးကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ တောင်ရပ်ကွက် ယနေ့ (ဧပြီလ ၂၃ ရက်နေ့) နေ့လည် တွင် အမည်မသိလက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်လိုက်သည့်...
မူဆယ်မြို့မှ ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲခံရပြီး ရွေးရန်ပိုက်ဆံ မလုံလောက်သဖြင့် စိုးရိမ်နေရ
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း၌ တစ်ရက်တည်းအတွင်း ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲ ခံရပြီး ရွေးရန် ပိုက်ဆံ မလုံလောက်သဖြင့် မိဘများက စိုးရိမ်နေကြရကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်အချိန်၌ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်းရပ်၌ နေထိုင်သည့်အသက် (၁၀) ကျော်နှင့် (၁၃) နှစ်ဝန်းကျင် ကလေးငယ် နှစ်ဦး ပြန်ပေးဆွဲခံရခြင်း ဖြစ်ကြောင်း နီးစပ်သည့် အမျိုးသား တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “အိမ်မှာကို လာဖမ်းသွားတာ၊ ကလေးငယ် နှစ်ယောက်က အိမ်ရှေ့မှာ ဆော့နေကြတဲ့ အချိန် မိဘတွေက နောက်ဖေးဘက်မှာ လုပ်စရာရှိတာ လုပ်နေတဲ့ အချိန် လာဖမ်းသွားတာ၊ ကလေးတွေ အော်သံကြားလို့ မိဘတွေ ပြေးထွက်လာပေမဲ့ မမှီတော့ဘူးလေ၊ ပြန်ပေးဆွဲအဖွဲ့က ကားနဲ့ လာသွားကြတာ” ဟု ဖြစ်စဥ်ကို သိရှိသည့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ကလေးပြန်ပေးဆွဲ ဖမ်းခေါ်သွားသည့် အဖွဲ့သည် အဖြူရောင် ကားအမျိုးအစား နှင့် အမျိုးသား (၅) ဦး ဖြစ်ကြောင်းလည်းမြင်တွေ့ရသူများ၏ ပြန်ပြောပြချက် အရ သိရသည်။ ကလေးငယ်များ ဖမ်းဆီးခံရပြီးနောက် ညနေ (၆) နာရီဝန်းကျင် အချိန်တွင် ပြန်ပေးဆွဲသူအဖွဲ့မှ မိဘဖြစ်သူထံ ပိုက်ဆံ မြန်မာငွေကျပ် သိန်း (၂၀၀) သို့မဟုတ် တရုတ်ငွေ ၁ သိန်းဖြင့် လာရောက်ရွေးယူရန် ဖုန်းဆက် အကြောင်းကြားလာကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူ့မိဘတွေကလည်း ကြက်ရောင်းနေကြတဲ့သူတွေပါ။ အဲ့လောက် ပိုက်ဆံ အများကြီး ဘယ်လို ရှာနိုင်မ တုန်း၊ အဲ့ကြောင့် ပိုက်ဆံလည်း မပေးရသေးဘူး၊ ကလေးတွေနဲ့လည်း အဆက်အသွယ်မရသေးလို့ မိဘဖြစ်သူတွေကတော့ ကလေးတွေအဖို့ စိတ်ပူတယ်၊စိုးရိမ်နေကြရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်. လက်ရှိအချိန်တွင် ကလေးများကို ပြန်ပေးဆွဲခေါ်သွားသည့် အဖွဲ့သည် မည်သူ မည်ဝါမှန်း မသိရကြောင်း ၊ ကလေးငယ်များကို မည်သည့်နေရာသို့ ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးသည့်အတွက် မိဘ နှင့် ဆွေမျိုးများက စိုးရိမ် နေကြကြောင်းသိရသည်။ ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာလည်း မူဆယ်မြို့နယ်၊ ဟိုမွန်ရပ်ကွက်အတွင်း နေထိုင်သည့် သံတိုသံစ များ လိုက်လံကောက်ယူ ရောင်းဝယ်နေသည့် အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦးလည်း ပြန်ပေးဆွဲခံရပြီး ယနေ့ အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။ မူဆယ်မြို့အတွင်း စစ်ကောင်စီ တပ်မှ လုံခြုံရေး ကင်းလှည့်ခြင်း၊ မာရှယ်လော ထုတ်ထားခြင်း နှင့် စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်နေကြသော်လည်း ခိုးဆိုးလုယက်မှုများ၊ ပြန်ပေးဆွဲမှုများသည် နေ့စဥ် နီးပါး ဖြစ်ပွားနေ လျက်ရှိကြောင်းလည်း မူဆယ်မြို့ဒေသခံများထံမှ သိရသည်။
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အနီး AA သန့်ရှင်းရေးလုပ်
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ရက္ခိုင်တပ်တော် AA က မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်၍ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ကားကြီးကွင်းနှင့် လမ်းမကြီးနံဘေး ဝဲယာတစ်လျှောက်၌ မြို့ရွာသန့်ရှင်းရေးလုပ်ငန်းများကို ရက္ခိုင့်တပ်တော် AA...
မူဆယ်အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက် ဆုံးရှုံး
သျှမ်းပြည်မူဆယ်မြို့နယ်တွင်း အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးရသည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် တိုင်းလုံကျေးရွာ (ဢိူင်ႇတိုင်းလူင်) လွိုင်ကြူလော် (လွႆၵိဝ်ႇလွၵ်) တောင်အနီးတွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး ထင်းသွားရှာရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက် ဖြတ်ရသည်အထိ ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံ...
လားရှိုး စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများသို့ ရိက္ခာနှင့်ဆေးဝါး ဖြတ်တောက်နေ
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်မှ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များသို့ ရိက္ခာနှင့်ဆေးဝါးများ မရောက်နိုင်ရန် လမ်းကြောင်းဖြတ်တောက်နေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း ဖြတ်သန်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာပြီး သွားလာနေသည့်လမ်းကြောင်းများကို လိုက်လံပိတ်ပင်ခြင်းနှင့် မိုင်းထောင်ခြင်းများ...
မူဆယ် (၁၀၅) မိုင် စစ်ကောင်စီ တပ်စခန်း တိုက်ပွဲပြင်းထန်ဖြစ်ပွား
မြန်မာ - တရုတ် နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီ တပ်စခန်းကို ညီနောင် မဟာမိတ် (၃) ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၁၄) ရက် မနက် ၇ နာရီခွဲဝန်းကျင်က ညီနောင်မဟာမိတ်...





