Wednesday, January 28, 2026

ဖယ်ခုံမြို့နယ်

စစ်ကောင်စီမှ ဖယ်ခုံမြို့ ဒေသခံအမျိုးသားများကို ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ကရင်နီ နယ်စပ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများသည် ဒေသခံအမျိုးသား ၁၅ ဦးခန့် ဝမ်းလျားမှောက်အိပ်ခိုင်းပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်တွင် ဖယ်ခုံမြို့ ဟိန္ဓမရပ်ကွက်ဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ သည် အိမ်ထဲရှိနေသည့် ပြည်သူအမျိုးသားများကို...

ထိတွေ့တိုက်ပွဲမရှိတဲ့ ဖယ်ခုံမြို့နယ် စစ်ကောင်စီတို့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်နေ

သျှမ်းပြည်တောင်ပိုင်းရှိ ကရင်နီပြည် နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဖယ်ခုံမြို့နယ် အတွင်းတွင် စစ်ကောင်စီတို့ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယမန်နေ့ (မေလ ၂၉ )ရက် မနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာသို့ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Pekhon PDF တပ်ရင်း ၂...

ဖယ်ခုံ လွိုင်ပေါကျေးရွာအုပ်စု စစ်ကောင်စီ နှင့် PNO ၀င်မွှေ တန်ဖိုးကြီးပစ္စည်းများယူသွား

သျှမ်းတောင် ဖယ်ခုံမြို့နယ် လွိုင်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ပအို၀်းပြည်သူ့စစ် (PNO)တို့သည် ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှောက်ယူ ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် မေ ၁၂ရက် နံနက်ပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်သုံးကာ ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုထွက်ပြေးတိမ်းရှောင်လာပြီးနောက် လွန်ခဲ့သည့် ရက်တပတ်အတွင်း စစ်ကောင်စီ...

ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ လက်နက်ကြီးကျ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာ (ရေလယ်ကျွန်း) တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့ (မေ ၁၇)ရက်  ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ လွယ်ပန်းစုံကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းတွင်နေထိုင်သည့် ဒေသခံ...

ဖယ်ခုံမြို့နယ် ကျေးရွာတချို့ ဖုန်းလိုင်းပိတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်းရှိ ကျေးရွာတစ်ချို့ ဖုန်းလိုင်းများ ပိတ်ထားခံရကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲပြင်းထန်ပြီးနောက် ယခုလ ၁၃ ရက်နေ့မှ စပြီး အင်တာနက် နှင့် ဖုန်းလိုင်းများ ပိတ်ခံထားရကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်...

စစ်ကောင်စီမှတိုက်လေယာဥ်ဖြင့် ဖယ်ခုံမြို့နယ်အတွင်း ဗုံးများပစ်ချ၊ဒေသခံများထွက်ပြေး

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် ယနေ့ (မေ ၁၂)ရက် နံနက် အစောပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်ဖြင့် ဗုံးများပစ်ချနေသဖြင့် ဒေသခံများထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ထီရီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖယ်ခုံ PDF နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (မေ ၁၂)ရက်...

ဖယ်ခုံမြို့နယ်အတွင်း CDM ပညာရေးဝန်ထမ်းများ NUG ကပေးသည့် ထောက်ပံ့ကြေးမရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများသည် NUG အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ကြေးငွေများ မရရှိသဖြင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့နယ်အတွင်း ဧပြီ ၂၅ ရက်နေ့က CDM ပြုလုပ်သည့် စစ်တပ်၊ ရဲ၊ ပြည်သူ့ဝန်ထမ်း (၂၀၆) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ...

ဖယ်ခုံမြို့နယ် PDF တပ်ရှိရာနေရာကို စစ်ကောင်စီ လက်နက်ကြီးရမ်းပစ်

သျှမ်းပြည်တောင်းပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါတွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းရှိရာနေရာကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီ ၁၈)ရက် မနက် ၉ နာရီခွဲကျော်တွင် ဖယ်ခုံ PDF တပ်ရင်းရှိသည့်နေရာကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်သွားကြောင်းသိရသည်။ “ ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ...

ဖယ်ခုံမြို့နယ်အတွင်း လဝက ရုံးပိတ် မှတ်ပုံတင်လုပ်ရန်ပြည်သူများခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် လဝက ရုံးများပိတ်ထားပြီး ပြည်သူများ မှတ်ပုံတင်လုပ်ရန် အခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့ ဌာနဆိုင်ရာရုံးများသည် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားချိန်က စပြီး ပင်လောင်းမြို့သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။ “ရုံးက ဖယ်ခုံမှာ မရှိတော့ဘူး။ ဖယ်ခုံရုံးက ပိတ်ထားလိုက်ပြီ။ ပင်လောင်းဘက်ကို...

သျှမ်း – ကရင်နီနယ်စပ် ဆေးဆိုင်များ စစ်ကောင်စီထောက်ခံချက်ရမှသာ ဖွင့်လှစ်ရန် ညွှန်ထား

သျှမ်း - ကရင်နီ နယ်စပ်ရှိ ဆေးဆိုင်များသည် စစ်ကောင်စီထောက်ခံချက်များ ရယူပြီးမှ ဖွင့်လှစ်ရန် စေခိုင်းညွှန်ကြားမှုများ ရှိနေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်အတွင်းတွင် ဆေးဆိုင်များ ၃ ဆိုင်ခန့်သာရှိနေပြီး စစ်ကောင်စီမှ ပေးအပ်သည့် ထောက်ခံချက်များဖြင့် ဖွင့်လှစ်ရကြောင်းလည်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခု ဖယ်ခုံမြို့ထဲမှာ ဆေးဆိုင်...

Latest news