ဖယ်ခုံမြို့နယ်အတွင်း လဝက ရုံးပိတ် မှတ်ပုံတင်လုပ်ရန်ပြည်သူများခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် လဝက ရုံးများပိတ်ထားပြီး ပြည်သူများ မှတ်ပုံတင်လုပ်ရန် အခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံ

ဖယ်ခုံမြို့ ဌာနဆိုင်ရာရုံးများသည် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားချိန်က စပြီး ပင်လောင်းမြို့သို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။

“ရုံးက ဖယ်ခုံမှာ မရှိတော့ဘူး။ ဖယ်ခုံရုံးက ပိတ်ထားလိုက်ပြီ။ ပင်လောင်းဘက်ကို ပြောင်းသွားပြီလို့သိရတယ်။ တကယ်လို့ မှတ်ပုံတင်တွေ ဘာတွေလုပ်ချင်ရင်တော့ ဖယ်ခုံကလူတွေ ပင်လောင်းကိုသွားရမှာ။ ဒီနှစ်ထဲမှာပဲ သူတို့ ပင်လောင်းဘက်ကို ပြောင်းသွားတယ်လို့ ကြားတယ်” ဟု ဖယ်ခုံမြို့နယ် အမည်မဖော်လိုသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည့်အတွက် ဌာနဆိုင်ရာ ရုံးများ လုံခြုံရေးအရကြောင့် ပင်လောင်းမြို့ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

“သူတို့လည်းကြောက်လို့နေမှာပေါ့။ တိုက်ပွဲက ခဏခဏ ဖြစ်တော့ သူတို့ ရုံးကို ဗုံးလာခွဲမှာကြောက်လို့ပြောင်းလိုက် တာ ထင်တယ်။ အရင်ကတော့ ရုံးက ဖွင့်တယ်။ အခုဆို စစ်သားတွေဘဲစောင့်နေတယ်တဲ့” ဟု ဖယ်ခုံမြို့ဒေသခံ တစ်ဦးက ပြောသည်။

ထို့အပြင် လဝကရုံးပါ ပြောင်းသွားသောကြောင့် ပြည်သူများအနေဖြင့် မှတ်ပုံတင်လုပ်လိုပါက ပင်လောင်းမြို့သို့ ဆင်းသွားရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီကလည်း ခရီးသွားပြည်သူများကို မှတ်ပုံတင်စစ်ဆေးနေပြီး မရှိပါက ငွေကြေးတောင်းခံမှု များလည်းရှိနေကြောင်း သိရသည်။

“မှတ်ပုံတင်လုပ်ချင်ရင် ပင်လောင်းမြို့ကို တကူးတက ဆင်းသွားရသေးတယ်လေ။ ပြီးမှ ရုံးမှာ သွားလုပ်ရတာ။ ပြီးတော့ ခရီးသွားရင်လည်း မှတ်ပုံတင်ကလိုသေးတယ်လေ။ မရှိတော့လည်း သူများက စစ်ဆေးပြီး ပိုက်ဆံတောင်း ဖမ်းသေးတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ဖယ်ခုံမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ အများအပြားရှိပြီး သွားလာလှုပ်ရှားနေသည့် ဒေသတစ်ခု ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...