စစ်ကောင်စီမှတိုက်လေယာဥ်ဖြင့် ဖယ်ခုံမြို့နယ်အတွင်း ဗုံးများပစ်ချ၊ဒေသခံများထွက်ပြေး

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် ယနေ့ (မေ ၁၂)ရက် နံနက် အစောပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်ဖြင့် ဗုံးများပစ်ချနေသဖြင့် ဒေသခံများထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ် တိုက်လေယာဥ်နဲ့ဗုံးပစ်ချ ဒေသခံများထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ထီရီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖယ်ခုံ PDF နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (မေ ၁၂)ရက် မနက် ၄နာရီ၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ဗုံးများပစ်ချနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်းရဲ့ အရှေ့ဘက်မှာ မနက် ၄ နာရီကတည်းက ပစ်ခတ်သံတွေကြားရပါတယ်၊ စစ်ကောင်စီတွေဘက်က လက်နက်ကြီးရော တိုက်လေယာဥ်ဗုံးတွေရော ပစ်ချနေလို့ရွာထဲက ပြည်သူတွေ တော်တော်များများ ထွက်ပြေး တိမ်းရှောင်နေရတယ်၊ တစ်ရွာလုံးနီးပါးလောက်ပါပဲ” ဟု ဒေသခံအမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် နံနက် အာရုဏ်ဦးချိန် ကတည်းက ယခု မွန်းလွဲပိုင်း ၂ နာရီကျော်အချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်းလည်း သတင်းသိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပက်သက်ပြီး PDF ဖယ်ခုံမှ တာဝန်ရှိသူ တစ်ဦးနှင့်ဆက်သွယ်မေးမြန်းရာ တိုက်ပွဲ များ ဖြစ်ပွားနေကြောင်းနှင့် မြေပြင်အနေအထားများကို အသေးစိတ်မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ကျနော်တို့ ဖယ်ခုံတပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်၊ ဒါပေမဲ့ ထိခိုက်ကျဆုံးမှု နဲ့ ပက်သက်ပြီးတော့ ကျနော်တို့ ဘက် သတင်းထုတ်ပြန်တာ မရှိသေးဘူး၊ ဒါကြောင့်မြေပြင်အနေအထားဆိုရင် အခုကပြည်သူတွေ ထွက်ပြေးနေ ရတယ်၊ အဓိကကတော့ ပြည်သူတွေ ဘေးကင်းအောင်ပဲ ကျနော်တို့ ဦးတည်လုပ်ဆောင်နေပါ တယ်” ဟု PDF Pekhon မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လက်ရှိတွင် ဖယ်ခုံမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ အမှတ် ၄၃၁ နှင့်  ၃၃၆ တို့မှ လက်နက်ကြီးနှင့် အရပ်လေး မျက်နှာသို့ ဦးတည်ချက်မရှိ ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဖယ်ခုံမြို့မှ လွယ်ပေါင်းကျေးရွာနှင့် လာလေကျေးရွာ တို့မှ ပြည်သူ့နေအိမ်များ အဆောင်အအုံများ ထိခိုက်ပျက်စီးရကြောင်းလည်း သတင်းသိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...