Wednesday, January 28, 2026

စစ်ကောင်စီမှတိုက်လေယာဥ်ဖြင့် ဖယ်ခုံမြို့နယ်အတွင်း ဗုံးများပစ်ချ၊ဒေသခံများထွက်ပြေး

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် ယနေ့ (မေ ၁၂)ရက် နံနက် အစောပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်ဖြင့် ဗုံးများပစ်ချနေသဖြင့် ဒေသခံများထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ် တိုက်လေယာဥ်နဲ့ဗုံးပစ်ချ ဒေသခံများထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ထီရီကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖယ်ခုံ PDF နှင့် ပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ (မေ ၁၂)ရက် မနက် ၄နာရီ၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ဗုံးများပစ်ချနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်းရဲ့ အရှေ့ဘက်မှာ မနက် ၄ နာရီကတည်းက ပစ်ခတ်သံတွေကြားရပါတယ်၊ စစ်ကောင်စီတွေဘက်က လက်နက်ကြီးရော တိုက်လေယာဥ်ဗုံးတွေရော ပစ်ချနေလို့ရွာထဲက ပြည်သူတွေ တော်တော်များများ ထွက်ပြေး တိမ်းရှောင်နေရတယ်၊ တစ်ရွာလုံးနီးပါးလောက်ပါပဲ” ဟု ဒေသခံအမျိုးသားတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့သည် နံနက် အာရုဏ်ဦးချိန် ကတည်းက ယခု မွန်းလွဲပိုင်း ၂ နာရီကျော်အချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသေးကြောင်းလည်း သတင်းသိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပက်သက်ပြီး PDF ဖယ်ခုံမှ တာဝန်ရှိသူ တစ်ဦးနှင့်ဆက်သွယ်မေးမြန်းရာ တိုက်ပွဲ များ ဖြစ်ပွားနေကြောင်းနှင့် မြေပြင်အနေအထားများကို အသေးစိတ်မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ကျနော်တို့ ဖယ်ခုံတပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်၊ ဒါပေမဲ့ ထိခိုက်ကျဆုံးမှု နဲ့ ပက်သက်ပြီးတော့ ကျနော်တို့ ဘက် သတင်းထုတ်ပြန်တာ မရှိသေးဘူး၊ ဒါကြောင့်မြေပြင်အနေအထားဆိုရင် အခုကပြည်သူတွေ ထွက်ပြေးနေ ရတယ်၊ အဓိကကတော့ ပြည်သူတွေ ဘေးကင်းအောင်ပဲ ကျနော်တို့ ဦးတည်လုပ်ဆောင်နေပါ တယ်” ဟု PDF Pekhon မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

လက်ရှိတွင် ဖယ်ခုံမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ အမှတ် ၄၃၁ နှင့်  ၃၃၆ တို့မှ လက်နက်ကြီးနှင့် အရပ်လေး မျက်နှာသို့ ဦးတည်ချက်မရှိ ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဖယ်ခုံမြို့မှ လွယ်ပေါင်းကျေးရွာနှင့် လာလေကျေးရွာ တို့မှ ပြည်သူ့နေအိမ်များ အဆောင်အအုံများ ထိခိုက်ပျက်စီးရကြောင်းလည်း သတင်းသိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...