Thursday, May 2, 2024

ဖယ်ခုံမြို့နယ် PDF တပ်ရှိရာနေရာကို စစ်ကောင်စီ လက်နက်ကြီးရမ်းပစ်

Must read

သျှမ်းပြည်တောင်းပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါတွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းရှိရာနေရာကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။

ယနေ့ (ဧပြီ ၁၈)ရက် မနက် ၉ နာရီခွဲကျော်တွင် ဖယ်ခုံ PDF တပ်ရင်းရှိသည့်နေရာကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် လှမ်းပစ်သွားကြောင်းသိရသည်။

“ ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ ထွေအုပ်ရုံးကနေပစ်သွားတာ။ PDF တွေရှိတဲ့နေရာမှာ စစ်ကောင်စီက လှမ်းပစ်သွားတာ။ ထွေအုပ်ရုံးကနေ ပစ်သွားတာ။ လက်နက်ကြီးနဲ့ ပစ်တာ။ ၁၂၀ မမ နဲ့ ပစ်သွားတာ” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖယ်ခုံ PDF

စစ်ကောင်စီက PDF တပ်ရင်းတို့ သင်တန်းဆင်းပွဲနေရာကို လက်နက်ကြီးဖြင့် (၄) ချက်ပစ်သွားပြီး လူသူထိခိုက်မှု ရှိမရှိ မသိရှိရသေးကြောင်းသိရသည်။

“ (၄) ချက်ပစ်သွားတာ။ အခုချိန်ထိတော့ ထိခိုက်မှုရှိလား။ မရှိဘူးလာတော့ အသေးစိတ်မသိရသေးဘူး။ စောင့်ကြည့် နေသေးတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ဖယ်ခုံမြို့သည် စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ခဲ့ပြီး ယနေ့ (ဧပြီ ၁၈)ရက်တွင် စစ်ကောင်စီမှ လက်နက်စတင်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article