Wednesday, January 28, 2026

ပြည်သူ့စစ်မှုထမ်း

စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် သျှမ်းတောင်တွင် ကျပ်သိန်း (၈၀)ပေါက်

သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် ကျပ်သိန်း (၈၀)ထိပေါက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှ စတင်ပြီး တောင်ကြီးမြို့တွင် အမှတ်(၁၅) ပြည်သူ့စစ်မှုထမ်းအတွက် မဲနှိုက်ခေါ်ယူနေပြီး၊ ပြည်သူ့စစ်မှုထမ်းရန် အလှည့်ကျသူများ စစ်မှုမထမ်းချင်ပါက တသက်သာ ရှောင်ရှားခွင့်ဟုဆိုပြီး ငွေကျပ်(၈၀)ပေးရမည်ဟု စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

တောင်ကြီးတွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ အဓမ္မငွေညှစ်တောင်းယူနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြကာ စစ်တပ်၊ ရဲ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးမများက ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်တောင်းယူမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၀ ရက်မှစတင်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ပြီးနောက် ယင်းကဲ့သို့ ငွေညှစ်တောင်းခံမှုများ...

ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန် အမျိုးသမီးများကို ခေါ်ယူရန်အစီအစဉ်မရှိသေးဆိုသည့် သတင်းအမှား

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်အတွက် အသက်အရွယ် အကျုံးဝင်သည့် အမျိုးသမီးများအား ခေါ်ယူရန်အစီအစဉ်မရှိဘဲ သတင်းမှားများ ပျံ့နှံ့နေခြင်းသာဖြစ်သည်ဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်က ဇန်နဝါရီလ ၂၉ ရက်တွင် ဖြန့်ချိခဲ့ပြီး “အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည်ဆိုခြင်းမှာ သတင်းမှားသာဖြစ်ပြီး ခေါ်ယူရန် အစီအစဉ်မရှိသေးပါ” ဟု...

ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းလူငယ်များ ဥပဒေမဲ့ ရှေ့တန်းသို့ တိုက်ရိုက်ပို့ဆောင်ခံရ၍ သေဆုံးမှုများနေ

ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လူငယ်များအား စစ်ထဲဆွဲသွင်းနေသည့် စစ်ကောင်စီက သင်တန်းဆင်း လူငယ်များအား တပ်ရင်း၊ တပ်ဖွဲ့များသို့ ပို့ဆောင်ခြင်း မပြုဘဲ ဥပဒေမဲ့ ရှေ့တန်းစစ်မျက်နှာများသို့ တိုက်ရိုက် ပို့ဆောင်နေသဖြင့် သေဆုံးမှု များပြားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၉ ရက်) တွင်...

ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းများ သီးသန့်စုဖွဲ့၍ စစ်မြေပြင် စေလွှတ်ရန် ပြင်ဆင်

နိုင်ငံတဝှမ်း ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် လူငယ်များကို အဓမ္မ စုဆောင်းပြီး လေ့ကျင့်ရေး ကျောင်းများတွင် သင်တန်းပေးနေရာ ယနေ့ (ဇွန်လ ၂၈ ရက်နေ့) တွင် အပတ်စဥ် (၁) စစ်သင်တန်းဆင်းပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် မတ်လ အတွင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ်...

ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ်...

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းရန် နေအိမ်ပေါ်ထိ ပေါ်တာတက်ဆွဲ

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၂) ကို ဆက်လက်ဖွင့်လှစ် ကျင်းပနေပြီး နေအိမ်ပေါ်ထိ ပေါ်တာလာရောက်ဆွဲကြောင်း စုံစမ်းသိရသည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂)ကို ဆက်လက်ဖွင့်လှစ်နေကြောင်းလည်း ယနေ့ (မေလ ၁၅ )ရက်တွင် ကြေညာလိုက်သည်။ စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အသက်သွင်းပြီးနောက်...

ပြည်သူ့စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် ခရီသွားလာခွင့် ပိုမိုတင်းကြပ်လာ

စစ်ကောင်စီမှ ပြည်သူ့ စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် စစ်မှုထမ်း အကျုံးဝင်သူများ ထွက်ပြေး တိမ်းရှောင်မည်ကို စိုးရိမ်သဖြင့် ခရီးသွားလာခွင့်များ ယခင်ကထက် ပိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မတ်လ ၁၈ ရက်နေ့မှစ၍ တောင်ကြီးမြို့မှ မန္တလေး၊ ရန်ကုန်သွားသည့် ခရီးသွားသည့် ကားဂိတ်များ ကို ခရီးသွားမည့် သူများ၏...

သျှမ်းပြည် ပြည်သူ့စစ်မှုထမ်း အစားထိုးရန် ကျပ်ငွေ သိန်း ၁၀၀ ထိပေါက်

သျှမ်းပြည်တွင် ပြည်သူ့ စစ်မှုထမ်းရန်အတွက် အစားထိုးခေါ်ရန် ကျပ်ငွေ သိန်း ၁၀၀ ထိပေါက်ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် မြို့နယ်များတွင် ယခု ရက်တစ်ပတ်အတွင်း ပြည်သူ့စစ်မှုထမ်းရန်အတွက် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အစည်းဝေးပြုလုပ်ပြီး မဲနှိုက်ခေါ်ယူနေသည်။ ထိုပြည်သူ့ စစ်မှုထမ်းရန်အတွက် အစားထိုးခေါ်ယူရန် ကျပ်ငွေ သိန်း ၁၀၀...

Latest news