သျှမ်းပြည် ပြည်သူ့စစ်မှုထမ်း အစားထိုးရန် ကျပ်ငွေ သိန်း ၁၀၀ ထိပေါက်

သျှမ်းပြည်တွင် ပြည်သူ့ စစ်မှုထမ်းရန်အတွက် အစားထိုးခေါ်ရန် ကျပ်ငွေ သိန်း ၁၀၀ ထိပေါက်ကြောင်း စုံစမ်း သိရသည်။

စစ်ကောင်စီ

သျှမ်းပြည် မြို့နယ်များတွင် ယခု ရက်တစ်ပတ်အတွင်း ပြည်သူ့စစ်မှုထမ်းရန်အတွက် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အစည်းဝေးပြုလုပ်ပြီး မဲနှိုက်ခေါ်ယူနေသည်။

ထိုပြည်သူ့ စစ်မှုထမ်းရန်အတွက် အစားထိုးခေါ်ယူရန် ကျပ်ငွေ သိန်း ၁၀၀ ကျော်ထိ ရှိကြောင်း အသက် ၄၀ ကျော် ဒေသခံအမျိုး သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမှာတော့ တစ်ရပ်ကွက်ကို တစ်ယောက်ပေါ့ခေါ်တာ။ ဒီနေ့လည်း တခြားရပ်ကွက်တွေကိုလည်းခေါ်နေတုန်း။ သူတို့ကတော့ အစားထိုးသွားခိုင်းမယ်ဆိုရင် တစ်အိမ်ကို ၁ သိန်း ထည့်ရမှာ။ရပ်ကွက် ၄ မှာဆိုရင်တော့ အိမ်ခြေ ၂၀၀ လောက်ရှိတယ်လေ။ အစားထိုးဖို့ ပိုက်ဆံက ၁၀၀ ကျော်ထပ်မနည်းဘူး။” ဟု မိုင်းနောင်မြို့‌ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင်အချို့မြို့နယ်များတွင် မူးယစ်ဆေးဝါးသုံးဆွဲသူများကို ပြည်သူ့စစ်မှုထမ်းရန် အတွက်လည်း ပိုက်ဆံပေးကာ အစားထိုးခေါ်ယူနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျမတို့ကျတော့ မဲနှိုက်ဖို့သဘောမတူကြဘူး။အကုန်ညှိထားတာ။ အကုန်စုပြီး လူရှာပေးရင်ရတယ်ပြောတော့ ဆေးသမားတစ်ယောက်ကို ရှာပေးလိုက်ရတာ။ အကုန်စုပြီး‌တော့ သိန်း ၅၀ ကလည်း သူတို့ပေးရတာပေါ့။ သူလည်း သဘောတူတယ်။အခုကတော့ ကလေးတွေက အလုပ်သွားလုပ်နေတာလေ။ ကျနော်တို့ မိဘတွေပဲကျန်တာ။သူတို့က ကလေးမရရင် အမေကိုထောင်ထဲထည့်လည်း ကျမတို့က သဘောတူတယ်”ဟု မိုင်းယောင်းမြို့ ဒေသခံ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်သူ့စစ်မှုထမ်းရန် ခေါ်ယူပြီးနောက် အချို့လူငယ်များလည်း အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် နှင့် ထိုင်းနိုင်ငံသို့ သွားရောက်နေထိုင်ရန် အတွက်လည်း အခက်အခဲများရှိနေကြောင်း မိုင်းရှုးမြို့ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုချိန်မှာက ပြေးဖို့မှ အဆင်မပြေတော့တာ။ ထိုင်းဘက်ဝင်ရအောင်လည်း လမ်းမှာ SSPP နဲ့ RCSS ကလည်း ဖမ်းနေတာလေ။ တကယ်လို့ပြေးပြီးထားပါတော့ အကုန်လုံးပြေးဖို့လည်းအဆင်မပြေဘူးလေ။ သူများ တွေကတော့ ပြေးနေကကြတာပဲ။မြို့ထဲလည်းအရင်လို မကျန်သလောက်ပေါ့။”ဟု မိုင်းရှူးမြို့ လူငယ်တစ်ဦးက ပြောသည်။

ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းမှုနှင့် အတူ စစ်မှုထမ်းရန်အတွက် စတင်ဆင့်ခေါ် ကာ လူသစ်စုဆောင်းမှုကို သင်္ကြန်ကာလ ရုံးပိတ်ရက် အပြီး ဧပြီလအတွင်း စတင်မည်ဖြစ်ကာ ပထမ အသုတ် အနေဖြင့် လူ ၅,၀၀၀ အောက် စတင် ခေါ်ယူရန် လျာထားကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃)ရက် BBC သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။

ယခု ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဉပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသမီးများနှင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည် ဖြစ်သည်။

စစ်မှုထမ်းရန်အတွက် စစ်သင်တန်းကာလကို ၃ လလျာထားပြီး တစ်နှစ်လျှင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ဆိုထားရာ တစ်နှစ်လျှင် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကောက်ယူထားသည့် ကြားဖြတ်သန်းကောင်စာရင်းအရ စစ်မှုမထမ်းမနေရ ဉပေဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမည်ဖြစ်သည်။
စစ်မှုထမ်းကာလသည် ၂ နှစ်အထိ ဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်း ကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ဉပဒေ ပြန်ဋ္ဌာန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...