ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းများ သီးသန့်စုဖွဲ့၍ စစ်မြေပြင် စေလွှတ်ရန် ပြင်ဆင်

နိုင်ငံတဝှမ်း ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် လူငယ်များကို အဓမ္မ စုဆောင်းပြီး လေ့ကျင့်ရေး ကျောင်းများတွင် သင်တန်းပေးနေရာ ယနေ့ (ဇွန်လ ၂၈ ရက်နေ့) တွင် အပတ်စဥ် (၁) စစ်သင်တန်းဆင်းပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မတ်လ အတွင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် အဖြစ် စုဆောင်းခံရသူ ၄,၀၀၀ ဝန်းကျင်ရှိပြီး စစ်သင်တန်းကျောင်းများနှင့် လေ့ကျင့်ရေးတပ်များတွင် အခြေခံ စစ်သင်တန်းပေးပြီးနောက် ယနေ့ သင်တန်းဆင်းပွဲများ စတင်ပြုလုပ်နေပြီဟု ဆိုသည်။

အပတ်စဥ် (၁) ပြည်သူ့စစ် ကျောင်းဆင်းပွဲ

“သင်တန်းကျောင်း တစ်ခုမှာ လူ ၂၅၀ သင်တန်းပေးပါတယ်။ စုစုပေါင်း အင်အား ၄,၀၀၀ လောက် ရှိပါမယ်။ ဒီလူငယ်တွေကို တပ်ရင်းသစ်တွေအဖြစ် သပ်သပ်စုဖွဲ့ထားပါတယ်။ လူဟောင်းတွေနဲ့ ရောမထားပါဘူး။ ရှေ့တန်းပို့ဖို့ ပြင်ဆင်နေပါတယ်။ အုပ်ချုပ်မှုနဲ့ ဘယ်စစ်ရေးဂွင်တွေမှာ ထည့်သုံးမလဲ ဆိုတာကတော့ မသိရသေးပါဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ လုငယ်များကို ပြီးခဲ့သည့် မတ်လကုန်ပိုင်းက စတင်ပြီး နိုင်ငံတတှမ်းရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက) နှင့် စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ) များတွင် သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

“စစ်မြေပြင် အပို့ခံရရင် ဂရုစိုက်ကြပါ။ စစ်တပ်ကတော့ အလွယ်တကူ ထွက်မပြေးနိုင်အောင် ထိန်းချုပ်ထားမှာပဲ။ ကိုယ်နဲ့ တွဲထားတဲ့ လူတွေကို မတိုက်ဖို့နဲ့ လက်နက်ချဖို့ စည်းရုံးပါ။ စောစောစီးစီး လက်နက်ချဖို့ ကြိုးစားပါ။ လက်နက်ချတဲ့ နေရာမှာလည်း ကျနော်တို့သည် စစ်မှုထမ်း အပတ်စဥ် (၁) သင်တန်း မဖြစ်မနေ တက်ခဲ့ရတဲ့ သူတွေပါ ဆိုတာကို သေချာ ရှင်းပြပါ။ တော်လှန်ရေးတပ်တွေကလည်း နားလည်မှုရှိရှိ ဖေးမကြိုဆိုပေးကြပါ” ဟု CDM ဗိုလ်ကြီးဇင်ယော် က သတင်းစကားပါသည်။

လက်ရှိ စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၂) နှင့် အပတ်စဥ် (၃) ကို သင်တန်းပေးနေပြီး မကြာမီ အပတ်စဥ် (၄) စတင်ခေါ်ယူရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဥ် (၁) တွင် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်လာသူများသာ ပါဝင်သည်ဟု စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်း က မတ်လ ၂၇ ရက်က ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...