Wednesday, January 28, 2026

ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းဆင်းများ သီးသန့်စုဖွဲ့၍ စစ်မြေပြင် စေလွှတ်ရန် ပြင်ဆင်

နိုင်ငံတဝှမ်း ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် လူငယ်များကို အဓမ္မ စုဆောင်းပြီး လေ့ကျင့်ရေး ကျောင်းများတွင် သင်တန်းပေးနေရာ ယနေ့ (ဇွန်လ ၂၈ ရက်နေ့) တွင် အပတ်စဥ် (၁) စစ်သင်တန်းဆင်းပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မတ်လ အတွင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် အဖြစ် စုဆောင်းခံရသူ ၄,၀၀၀ ဝန်းကျင်ရှိပြီး စစ်သင်တန်းကျောင်းများနှင့် လေ့ကျင့်ရေးတပ်များတွင် အခြေခံ စစ်သင်တန်းပေးပြီးနောက် ယနေ့ သင်တန်းဆင်းပွဲများ စတင်ပြုလုပ်နေပြီဟု ဆိုသည်။

အပတ်စဥ် (၁) ပြည်သူ့စစ် ကျောင်းဆင်းပွဲ

“သင်တန်းကျောင်း တစ်ခုမှာ လူ ၂၅၀ သင်တန်းပေးပါတယ်။ စုစုပေါင်း အင်အား ၄,၀၀၀ လောက် ရှိပါမယ်။ ဒီလူငယ်တွေကို တပ်ရင်းသစ်တွေအဖြစ် သပ်သပ်စုဖွဲ့ထားပါတယ်။ လူဟောင်းတွေနဲ့ ရောမထားပါဘူး။ ရှေ့တန်းပို့ဖို့ ပြင်ဆင်နေပါတယ်။ အုပ်ချုပ်မှုနဲ့ ဘယ်စစ်ရေးဂွင်တွေမှာ ထည့်သုံးမလဲ ဆိုတာကတော့ မသိရသေးပါဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ လုငယ်များကို ပြီးခဲ့သည့် မတ်လကုန်ပိုင်းက စတင်ပြီး နိုင်ငံတတှမ်းရှိ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက) နှင့် စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ) များတွင် သင်တန်းပေးခဲ့ခြင်း ဖြစ်သည်။

“စစ်မြေပြင် အပို့ခံရရင် ဂရုစိုက်ကြပါ။ စစ်တပ်ကတော့ အလွယ်တကူ ထွက်မပြေးနိုင်အောင် ထိန်းချုပ်ထားမှာပဲ။ ကိုယ်နဲ့ တွဲထားတဲ့ လူတွေကို မတိုက်ဖို့နဲ့ လက်နက်ချဖို့ စည်းရုံးပါ။ စောစောစီးစီး လက်နက်ချဖို့ ကြိုးစားပါ။ လက်နက်ချတဲ့ နေရာမှာလည်း ကျနော်တို့သည် စစ်မှုထမ်း အပတ်စဥ် (၁) သင်တန်း မဖြစ်မနေ တက်ခဲ့ရတဲ့ သူတွေပါ ဆိုတာကို သေချာ ရှင်းပြပါ။ တော်လှန်ရေးတပ်တွေကလည်း နားလည်မှုရှိရှိ ဖေးမကြိုဆိုပေးကြပါ” ဟု CDM ဗိုလ်ကြီးဇင်ယော် က သတင်းစကားပါသည်။

လက်ရှိ စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၂) နှင့် အပတ်စဥ် (၃) ကို သင်တန်းပေးနေပြီး မကြာမီ အပတ်စဥ် (၄) စတင်ခေါ်ယူရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဥ် (၁) တွင် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်လာသူများသာ ပါဝင်သည်ဟု စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်း က မတ်လ ၂၇ ရက်က ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...