တောင်ကြီးတွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ အဓမ္မငွေညှစ်တောင်းယူနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းအကြောင်းပြကာ စစ်တပ်၊ ရဲ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးမများက ပြည်သူများကို ခြိမ်းခြောက်ငွေညှစ်တောင်းယူမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၀ ရက်မှစတင်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉) ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ပြီးနောက် ယင်းကဲ့သို့ ငွေညှစ်တောင်းခံမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“ရပ်ကွက်ထဲမှာ မဲပေါက်တယ်ဆိုပြီး ဗလီကရှေ့ဆောင်ဘုန်းကြီးကို ဝင်ဆွဲတယ်။ သာသနာဆို ကွင်းလွတ်ခွင့်ရတယ်ဆိုတာကို အထက်မရဘူးတဲ့။ သူက စေတနာနဲ့ညှိနှိုင်းပေမယ်ဆိုပြီး သိန်း ၁၀၀ ယူလိုက်တယ်။ ပြီးတော့ ကင်းလွတ်ခွင့်ရသွားတယ်” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ငွေပေးဆောင်ရသည့်သတင်းများ ထွက်ပေါ်လာပါက စစ်မှုထမ်းထဲသို့လိုက်ရမည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်း ဆိုသည်။

“ဒီလကတော့ အရင်လအကြွေးနဲ့ဆိုပြီး နှစ်သိန်းတောင်းတယ်။ ပေးရတဲ့အကြောင်း သတင်းထွက်တာနဲ့ စစ်မှုထမ်းထဲ လိုက်ရမယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်။ ဘာလို့ ပိုက်ဆံပေးရမှာလဲလို့ ပြန်မေးရင်လည်း ဝတ္တရား နှောင့်ယှက်မှုနဲ့ ထောင်ချမယ်ဆိုပြီး ပြောတယ်” ဟု အဆိုပါ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

စစ်ကောင်စီရဲံ အမျိုးသမီး စစ်မှုထမ်း

စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုပြဿနာများသည် ယခုမှဖြစ်ပွားနေခြင်းမဟုတ်ဘဲ စစ်မှုမထမ်းမနေ ဥပဒေကို စစ်ကောင်စီကပြဌာန်းလိုက်ပြီးသည့်နောက် ဆက်တိုက်ဆိုသကဲ့သို့ ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

အဆိုပါစစ်မှုထမ်းဆင့်ခေါ်ရေးနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးအဆင့်များတွင် ငွေတောင်ခံခြင်း အပါအဝင် အားနည်းချက်များရှိနေကြောင်း စစ်ကောင်စီဘက်က ဝန်ခံထားပြီး မမှန်မကန် ဆောက်ရွက်မှုများ၊ မတရား ဆောင်ရွက်မှုများကို ထိရောက်စွာ အရေးယူမည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြောကြားခဲ့သည်။

သို့သော် လက်ရှိအချိန်ထိ မမှန်မကန် ဆောင်ရွက်သူများ၊ မတရား ဆောင်ရွက်သူများအား ထိရောက်စွာ အရေးယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...