စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် သျှမ်းတောင်တွင် ကျပ်သိန်း (၈၀)ပေါက်

သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း တသက်သာ ရှောင်ရှားခွင့် ကျပ်သိန်း (၈၀)ထိပေါက်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်မှ စတင်ပြီး တောင်ကြီးမြို့တွင် အမှတ်(၁၅) ပြည်သူ့စစ်မှုထမ်းအတွက် မဲနှိုက်ခေါ်ယူနေပြီး၊ ပြည်သူ့စစ်မှုထမ်းရန် အလှည့်ကျသူများ စစ်မှုမထမ်းချင်ပါက တသက်သာ ရှောင်ရှားခွင့်ဟုဆိုပြီး ငွေကျပ်(၈၀)ပေးရမည်ဟု စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကောက်ခံနေကြောင်း တောင်ကြီးမြို့ခံများက ပြောသည်။

“ တောင်ကြီး ရပ်ကွက်တိုင်းလိုလို စစ်မှုထမ်းခေါ်နေတာ၊ တကယ်လို့ မသွားချင်ဘူးဆိုရင် တသက်သာရှောင်ရှားခွင့်အနေနဲ့ ကျပ်သိန်း (၈၀)ပေးရမယ်။ တစ်အိမ်မှာ စစ်မှုထမ်းအရွယ် (၃)ဉီးရှိရင်တော့ ကျပ်သိန်း (၂၄၀)ပေးရမှာ။ တသက်စာဆိုပေမယ့် ယုံလို့မရလောက်ဘူး” ဟု တောင်ကြီးမြို့ ခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းကင်းလွတ်ခွင့် ရရှိမည့်သူများသည် ကျောင်းတက်နေသူများ၊ အစိုးရဝန်ထမ်းများ၊ သာသနာ့ ဘောင်အတွင်း ဝင်ရောက်နေသူများဖြစ်ပြီး၊ ထိုသူများသည် စစ်မှုထမ်းအတွက် မဲနှိုက်စရာမလိုသည့်အပြင် လစဉ်ငွေများလည်း မထည့်ရကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ (၂၀)ရက်နေ့တွင်လည်း စဝ်စံထွန်းရပ်ကွက် ကရင်မရေထွက် နယ်မြေ ၁၆ တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူး တို့က ဧည့်စာရင်းစစ်မည်ဟုဆို၍ လူငယ် (၁၀) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အသက် ၄၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော့်ရဲ့ ညီ အပါအဝင် (၁၀)ယောက်ကို ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖမ်းသွားတာ။အုပ်ချုပ်ရေးမှူးရုံးကို သွားမေးတော့လည်း မသိဘူးပြောတယ်။အောင်ပန်းကို စစ်ဆေးဖို့ခေါ်သွားတာလားမသိဘူး။ ကျနော့်ညီနဲ့ နောက်ဆုံးဖုန်းပြောတုန်းက လူစားထည့်ခံရတာလို့ ပြောသွားတာ ခုထိဘာအဆက်သွယ်မှ မရတော့ဘူး။”ဟု ၎င်းအမျိုးသားက ဆိုသည်။
အဆိုပါ ဖမ်းဆီးခံရသည့် လူငယ်များမှာ အသက်(၂၀)ကျော်ဝန်းကျင်သာရှိသေးကြောင်းနှင့် ဖမ်းဆီးခံရသူများကို စစ်မှုထမ်းရန် ခေါ်ဆောင်ခံရကြောင်း ဆက်ပြောသည်။

ထို့ပြင် ဟိုပုံးမြို့နယ် လွယ်အွန်းရွာ၊ လုံးတာရွာနှင့် သာယာကုန်းရွာဘက်တွင်လည်း စစ်မှုထမ်းရန်အတွက် ငွေကောက်ခံနေပြီး တစ်သက်စာ စစ်မှုထမ်းရှောင်ရှားရန် ငွေကျပ် သိန်း(၈၀) ကောက်ခံနေကြောင်း ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်မှုထမ်းပါလို့ မသွားဘူးဆိုရင် တစ်သက်စာ ရှောင်ရှားခွင့် သိန်း(၈၀)ပေးရမယ်လို့ပြောတာ။ တစ်ရွာလုံးကိုယ်စား လူနှစ်ယောက်က စစ်မှုသွားထမ်းရင် သူတို့အတွက် တစ်ရွာလုံးက သိန်း(၁၀၀)ပေးရတယ်။ PNOအတွက် လူငယ်တစ်ယောက်ကို တစ်နှစ်စာ ကျပ် ငါးသိန်းပေးရတယ်။ ခုလိုပေးနေရတာ (၂)နှစ်ရှိပြီ”ဟု ၎င်းအမျိုးသားက ပြောသည်။

ထိုကဲ့သို့ စစ်မှုထမ်းအတွက် ငွေပေးနေရသည်မှာ ပြည်သူများအတွက် စားဝတ်နေရေး အဆင်မပြေမှု ဖြစ်နေကြောင်းနှင့် နေမကောင်းလျှင် ဆေးကုရန်ထက် စစ်မှုထမ်းကြေးကို ဦးစားပေးထည့် နေရကြောင်း ဟိုပုံးမြို့တွင်နေထိုင်သူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ မှစပြီး အမှတ်စဉ် ၁၅ အတွက် စစ်မှုထမ်းများကို သျှမ်းတောင်ရှိ လွိုင်လင်၊ ပင်လုံ၊နမ့်စန်၊ တောင်ကြီး၊ ဟဲဟိုး၊ ရွာငံနှင့် ပင်းတယတို့အပြင် သျှမ်းရှေ့ မိုင်းတုံမြို့တွင်လည်း စစ်မှုထမ်းရန် အတွက် မဲနှိုက်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...