Friday, September 22, 2023

ပန်ဆိုင်းမြို့

ပန်ဆိုင်းမြို့ လဝက မှတ်ပုံတင် လုပ်ရန် ပိုက်ဆံ ကျပ်သိန်းချီ တောင်းယူနေ

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်) တွင် ဒေသခံများ မှတ်ပုံတင် လုပ်ဆောင်ရန်အတွက် လူဝင်မှု ကြီးကြပ်ရေးမှူးရုံး (လဝက) မှ ပိုက်ဆံ ကျပ်သိန်းချီ တောင်းယူနေကြောင်း သတင်းသိရသည်။ ယခင်အချိန်များတွင် ဒေသခံများအနေဖြင့် မှတ်ပုံတင် လုပ်ပါက ငွေကျပ် တစ်သောင်းခန့်သာ ကုန်ကျ သော်လည်း လက်ရှိ...

ပန်ဆိုင်းမြို့အတွင်း တစ်ရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့အတွင်းတွင် တရက်တည်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၅) ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင့်တပ်မတော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA)...

ပန်ဆိုင်းမြို့ထဲ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် ပြည်သူ့အိမ်များ ထိခိုက်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့အတွင်းတွင် ကိုးကန့်တပ်မတော် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေစဥ် စစ်ကောင်စီမှ မြို့ထဲသို့ ရမ်းပစ်သည့်အတွက် ပြည်သူအိမ်များ ထိခိုက်ပျက်စီးရကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ည ၉ နာရီကျော်မှ စတင်ကာ ပန်ဆိုင်းမြို့ရှိ ရပ်ကွက်...

နယ်မြေကျူးကျော်ခွင့်မပေးပါက ပန်ဆိုင်း ထွက်ကြံများဝယ်ယူမည်မဟုတ်ကြောင်း တရုတ် ဖိအားပေး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအတွင်းသို့ တရုတ်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးခတ်မှုကို ဒေသခံများက သ‌ဘောမတူပါက နောက်ထွက်လာမည့် ကြံများကို ဝယ်ယူမည်မဟုတ်ကြောင်း တရုတ်က ဖိအားပေးပြောဆိုလာကြောင်း စုံစမ်းသိရသည်။ ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာထဲသို့ တရုတ်ဘက်မှ အောက်တိုဘာ (၂၀)ရက်နေ့ကစပြီး နယ်မြေကျူးကျော်ကာ ခြံစည်းရိုးလာခတ်ခဲ့ကြောင်း သိရသည်။ “သူတို့ နယ်မြေကျော်လာပြီး...

ပန်ဆိုင်းမြို့ လက်နက်ကြီးထိမှန်သည့် အမျိုးသမီး အခြေအနေစိုးရိမ်ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသမီးသည် အခြေအနေစိုးရိမ်ရကြောင်း စုံစမ်းသိရှိရသည်။ ပန်ဆိုင်းမြို့တွင် လွန်ခဲ့သည့် အောက်တိုဘာ (၂၃)ရက်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး လက်ရှိမှာ မန္တလေးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း...

စစ်ကောင်စီမှ ပန်ဆိုင်းမြို့ ရှိ တိုင်းရင်းသားလက်နက်ကိုင်နေရာကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားသည့် နေရာများကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း သတင်းသိရသည်။ ပန်ဆိုင်းမြို့အတွင်း KIA နှင့် ကိုးကန့်တပ်မတော်တို့၏ သွားလာလှုပ်ရှားရာနေရာများ ဖြစ်ကြသည့် လွိုင်ဖာခမ်း၊ လွိုင်ဖာဖိတ် နှင့် လွိုင်ကောင်းတို့ဖက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဖောင်းဆိုင်ဒေသခံများမှ သိရသည်။ “တိုက်ပွဲက...

တရုတ်နယ်စပ်မျဉ်း ပန်ဆိုင်းမြို့ အနီးရောက် စစ်ရှောင် မိုးကာနှင့် ဆေးဝါးလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့အနီး တရုတ်နယ်စပ်မျဉ်းပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင် (၂၀၀) ကျော်အတွက် မိုးကာ နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၂)ရက် တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့်တပ်( MNDAA)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အရပ်သားနေထိုင်သည့်ကျေးရွာထဲ လက်နက်ကြီး...

ပန်ဆိုင်း အကောက်ခွန် အိမ်ယာ မီးလောင်

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ် ပန်ဆိုင်း( ကြူကုတ်) အကောက်ခွန်ရုံး ဝန်ထမ်း အိမ်ယာတွင် မီးလောင်မှု ဖြစ်ပွားကြာင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၄ ရက် ည ၇ နာရီခွဲအချိန်က ပန်ဆိုင်းမြို့ရှိ အကောက်ခွန်ရုံး ဝန်ထမ်း အိမ်ယာ ၆...

Latest news