ပဋိပက္ခ

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့် ဝင်ငွေမရှိကြောင်း UNDP နှင့် UN Women ထုတ်ပြန်

မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကြောင့် မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် မည်သည့်ဝင်ငွေမျှ မရှိကြောင်း UNDP နှင့် UN Women တို့၏ ပူးတွဲ အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင်လ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

နိုင်ငံကူးလက်မှတ်ရရှိရေး လူငယ်များ အလုအယက်ကြိုးပမ်း

မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် အလုအယက် ကြိုးစားနေကြကြောင်း သိရသည်။ သျှမ်းပြည် တောင်ကြီးမြို့ရှိ လဝကရုံးတွင် Online Appointment (QR) စနစ်ဖြင့် ပုံမှန်အတိုင်း ပတ်စပို့ လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းသာ...

သျှမ်းမြောက် ပဋိပက္ခ ရှုပ်ထွေးသည့်ကြားက မှတ်ပုံတင်အရေး

“၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင် ၎င်းတို့ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကဒ် ခေါ် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အသစ်များမှာ ဒေသတွင်း ပဋိပက္ခကို ပိုကြီးထွားလာစေကြောင်း သျှမ်းပြည်မြောက်ပိုင်းတွင် နေထိုင်သူများက ပြောဆိုလိုက်သည်။ လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

မြန်မာလူငယ်များ ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်းကြောင့် ပြည်ပထွက်ခွာသူများလာ

မြန်မာနိုင်ငံရှိ လူငယ်များသည် ပဋိက္ခ၊ စီးပွားရေးပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာလိုကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ သိရသည်။ သြဂုတ် ၁၂ ရက်က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ် (UNDP) မှ ဖော်ပြသော “ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့်...

မန်တုံမြို့နယ် KIA နှင့် TNLA ပဋိပက္ခ ထိန်းသိမ်း ဆောင်ရွက်ရန် TNLA စစ်ဦးစီးချုပ်ပြော၊ လက်နက်ပစ်ဖောက်ခြင်း မလုပ်ရန် KIA အမိန့်ထုတ်

သျှမ်းပြည် မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် မြေပြင်ပဋိပက္ခကို ထိန်းသိမ်း ဆောင်ရွက်သွားရန် TNLA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။ ဖေဖော်ဝါရီလ (၂၈) ရက်တွင် မန်တုံမြို့၌ ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်...

အေးချမ်းမှုများ ပျောက်ပြယ်သွားသည့် မဲနယ်တောင် 

လမ်းမရဲ့ ဘေးဘယ်ညာ လမ်းဘေး တလျှောက်မှာ အဝါရောင် ရာသီပေါ် နှမ်းပင်တွေ အစား ရောင်စုံဘိန်းပန်းပွင့်များက နေရောင်နှင့်အတူ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။ ရောင်စုံ ဘိန်းပန်းခင်းများကို သာမာန်အားဖြင့် ကားလမ်းမကြီးပေါ်၊ ကျေးရွာအနီးတဝှိက်မှာ မြင်တွေ့လေ့မရှိပေ။  ထိုနေရာက စစ်အာဏာမသိမ်းခင် ကာလမှာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်သော တောင်ဇလပ်ပန်းများ ဝေဝေဆာဆာပွင့်ပြီး လည်ပတ်စရာ...

KIA နှင့် TNLA ကြား သတ္တုရိုင်းကိစ္စ ပဋိပက္ခဖြစ် နမ္မတူ လမ်းပိတ်ဟု အပြန်အလှန် အပြစ်တင်လွှဲချ

သျှမ်းပြည် နမ္မတူမြို့နယ်တွင် အများပြည်သူ အသုံးပြုသည့်လမ်းမပေါ်  ကချင်လွတ်လပ်ရေးတပ် (KIA) တပ်ဖွဲ့က မြေတူးဖြတ်တောက်ပြီး သံဆူးချွန်မြှုပ်ထားကြောင်း TNLA တပ်ဖွဲ့ ထုတ်ပြန်ချက်ကို KIA က ငြင်းဆိုလိုက်သည်။ ဇွန်လ (၇) ရက်မှ စ၍ နမ္မတူမြို့နယ် မိုင်းဘော်နှင့် အွယ်လောကျေးရွာအကြားရှိ အများပြည်သူ အသုံးပြုသည့် လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ လမ်းမကြီးကို မြောင်းဖောက် ဖြတ်တောက်သည့်အပြင် ရွှံ့နွံထဲ၌ သံဆူးချွန်များ...

တိုင်းရင်းသားလက်နက်ကိုင် ပဋိက္ခကြားက စစ်ကောင်စီဝါဒဖြန့်နှင့် Page အတု

သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးသည့်နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက နယ်မြေများကြောင့် အချင်းချင်းကြားအငြင်းပွားနေစဉ် စစ်တပ်ဝါဒဖြန့်ချယ်နယ်များအပါအဝင် Page အတုများက ထိုလက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိက္ခကြီးထွားလာစေရန် နည်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်နေ လျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း လှုမှုကွန်စာမျက်နှာပေါ်မှာ SSPP Info ပုံစံတူ Page အတုဖြင့် နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သည့် TNLA...

Latest news