သျှမ်းမြောက် ပဋိပက္ခ ရှုပ်ထွေးသည့်ကြားက မှတ်ပုံတင်အရေး

“၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင် ၎င်းတို့ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကဒ် ခေါ် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အသစ်များမှာ ဒေသတွင်း ပဋိပက္ခကို ပိုကြီးထွားလာစေကြောင်း သျှမ်းပြည်မြောက်ပိုင်းတွင် နေထိုင်သူများက ပြောဆိုလိုက်သည်။

လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဒေသခံစိစစ်ရေးကဒ် ခေါ် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ အသစ်ပြုလုပ်ရန်အတွက် စာရင်းသွားရောက်ပေးရသကဲ့သို့ အချို့မြို့နယ်များတွင် မှတ်ပုံတင်ကတ် စတင်ထုတ်ပေးနေကြောင်း သိရသည်။

လွန်ခဲ့သည့် ဇူလိုင်လလယ်မှစ၍ MNDAA ထိန်းချုပ်ထားနိုင်သည့် သိန္နီမြို့တွင် MNDAA မှ ထုတ်ပေးမည့် ဒေသခံစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်း သွားရောက်ပြုလုပ်ရန်အတွက် အစည်းအဝေး ခေါ်ယူခဲ့ကာ တုံကင်နံပါတ် ထုတ်ပေးခဲ့သည်။

အလားတူ ဩဂုတ်လ ၁၆ ရက်တွင် နမ္မတူမြို့နယ် မန်စံကျေးရွာတွင် TNLA ၏ လူဝင်မှုကြီးကြပ်ရေးဌာနဘက် တာဝန်ရှိသူများမှ ဒေသခံများကို မှတ်ပုံတင်လာရောက်ပြုလုပ်ရန်နှင့် အကယ်၍ မပြုလုပ်ပါက မည်ကဲ့သို့ ဒဏ်ကြေးဆောင်ရမည်ကို အစည်းဝေးခေါ်ယူ ပြောဆိုခဲ့ပြီး ယမန်နေ့ (သြဂုတ် ၁၇ ရက်)တွင် မှတ်ပုံတင်ကတ်ပြားများ စတင်ပြုလုပ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်နှင့် ညီနောင်မဟာမိတ်တပ်တို့ စစ်ရေးတင်းမာနေချိန် ဒေသခံစိစစ်ရေးကဒ်ပြား ခေါ် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်းသည် ပဋိပက္ခ ပိုမိုနက်ရှိုင်းစေကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ပြောသည်။

“အခု စကစ နဲ့ MNDAA ၊ TNLA တို့ ပဋိပက္ခကြားမှာ မှတ်ပုံတင် ထုတ်ဝေပေးတာဟာ ပဋိပက္ခကို ပိုပြီး နက်ရှိုင်းစေတယ်လို့ မြင်ပါတယ်။ စကစ နယ်မြေမှာ အရေးယူခံရမှာ တစ်အချက်နေနဲ့ ဖြစ်တယ်။ TNLA၊ MNDAA တို့ ထုတ်ပေးတဲ့ မှတ်ပုံတင်ကို ကိုင်ပြီး စစ်ကောင်စီနယ်မြေထဲသွားရင် အရေးယူ အဖမ်းခံရနိုင်ဖို့က မလွဲမသွေ ရှိပါတယ်”ဟု စိုင်းဝမ်းစိုင်းက သုံးသပ်ပြောသည်။

MNDAA ထုတ်ပေးသည့် စိစစ်ရေးကဒ်ပြား

ထို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုကို Bottom Up Federalism ဖြင့် ဖော်ဆောင်ရာမှာလည်း ပဋိပက္ခဖြစ်နိုင်ပြီး ဖယ်ဒရယ်နိုင်ငံတော်အနေဖြင့်လည်း ပြည်နယ်အစိုးရမှ အမျိုးသားမှတ်ပုံတင်နှင့် Passport တို့ကို ထုတ်လုပ်ပေးပိုင်ခွင့် မရှိကြောင်း စိုင်းဝမ်းစိုင်းက ဆက်ပြောသည်။

“ဒါက စင်ပြိုင် နိုင်ငံတော်အစိုးရနဲ့ တစ်ဖွဲ့ထဲ ကျင့်ကြံနေတာမို့ စစ်အစိုးရက လက်ခံမှာမဟုတ်ဘူး။ နောက်ပြီး Federal Democratic Union စင်ပြိုင်အစိုးရရဲ့ လက်အောက်ကနေ လုပ်တဲ့ မှတ်ပုံတင်မဟုတ်တဲ့ အတွက်ကြောင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံမှု မရှိဘူး။ ခြုံပြောရရင် စကစ နဲ့ကော EROs နဲ့ကော ၊ နောက်ပြီး Bottom Up ဖက်ဒရယ်ဒီမိုကရေစီကို ပုံဖော်တဲ့နေရာမှာလည်း ပဋိပက္ခတွေ ဖြစ်နိုင်တယ်။ ဘာလို့ဖြစ်နိုင်လဲဆိုရင်တော့ Bottom Up Federalism ဖော်ဆောင်တဲ့အခါမှာ နိုင်ငံသားအမျိုးသားမှတ်ပုံတင် ထုတ်ပေးခွင့်ကို ပြည်နယ်မှာ မရှိလို့ဖြစ်ပါတယ်”ဟု စိုင်းဝမ်းစိုင်းက ပြောသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖွဲ့စည်းတည်ဆောက်ထားသော ပြည်ထောင်စုစနစ်ဖြစ်သည့်အတွက်ကြောင့် အမျိုးသားနိုင်ငံတော်မှတ်ပုံတင်ကတ်နှင့် နိုင်ငံကူးလက်မှတ် Passport တို့ကို ပြည်ထောင်စုအစိုးရကသာ ထုတ်ပေးပိုင်ခွင့် ရှိသည်ဟု ဆိုသည်။

ကိုးကန့် အိမ်ထောင်စု

လက်ရှိ TNLA နှင့် MNDAA တို့ ထုတ်လုပ်ပေးသည့် မှတ်ပုံတင်သည် တစ်နိုင်ငံလုံး လွတ်လပ်စွာသွားလာနိုင်ခွင့်၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လွှမ်းခြုံမှုမရှိပေ။

ထိုကြောင့် ခေတ်အဆက်ဆက်က စစ်အစိုးရ လုပ်ထားပေးသည့် မှတ်ပုံတင်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အပြည်ပြည်ဆိုင်ရာ တရားဥပဒေအရ အကျုံးဝင်ကြောင်း စိုင်းဝမ်းစိုင်းက ထပ်လောင်းပြောသည်။

ယခုကဲ့သို့ TNLA ဘက်မှ မှတ်ပုံတင်ပြုလုပ်ပေးခြင်းသည် ၎င်းတို့ထိန်းချုပ်ထားသည့် မြို့နယ် ၁၀ ခုအတွင်း ပြည်သူ့အင်အား လူဦးရေစာရင်း အမှန်ကို ပြုစုထိန်းထားရန်၊ လူအဝင်အထွက် စာရင်းများကို စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန် ရည်ရွယ်ပြီး TNLA မှ ပြုလုပ်ပေးသည့် မှတ်ပုံတင်ကို ထုတ်ပေးသွားမည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇွန်လ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ TNLA ထုတ်ပေးသည့် မှတ်ပုံတင်ကို သွားရောက်ပြုလုပ်ရာတွင်လည်း ကုန်ကျစရိတ်သည် ကျပ်ငွေ ၃သောင်းကျပ်ရှိကြောင်း ကိုယ်တိုင်သွားလုပ်ခဲ့သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အကယ်၍ TNLA ထုတ်ပေးသည့် မှတ်ပုံတင်ကို ပြုလုပ်ထားခြင်းမရှိဘဲ ခရီးသွားလာရာတွင် စစ်ဆေးခံရပါက အရေးယူခံရမည်ဟု TNLA တာဝန်ရှိသူများက ပြောဆိုကြောင်း နမ္မတူမြို့နယ် မန်စံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

နမ္မတူမြို့ မန်စံကျေးရွာအတွင်း TNLA မှတ်ပုံတင် ပြုလုပ်ပေးနေစဉ်

“လုပ်ချင်လုပ်၊ မလုပ်ချင်လည်း ရတယ်တဲ့။ ဒါပေမဲ့ ခရီးထွက်လို့ သူတို့(TNLA)ဂိတ်မှာ မှတ်ပုံတင်မပြနိုင်ရင်တော့ အရေးယူမယ်လို့တော့ ပြောတယ်”ဟု မန်စံကျေးရွာ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီနှင့် MNDAA ၊ TNLA တို့ကြား ရှင်သန်နေရသည့် ပြည်သူများသည် စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရန် ခက်ခဲပြီး၊ ခရီးသွားလာရေးမှာလည်း စိုးရိမ်နေကြရကြောင်း ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

“ကျနော်တို့အနေနဲ့ TNLA ရဲ့ မှတ်ပုံတင်ရော စကစထုတ်တဲ့ မှတ်ပုံတင်၊ စမတ်ကတ်ရော ကိုင်ရမှာဆိုတော့ ရှိသမျှ လုပ်နေရတယ်။ တကယ်တော့ ပြည်သူတွေဆီက ငွေညစ်နေတဲ့အတိုင်းပဲ။ TNLA မှတ်ပုံတင်ကိုင်လို့ စကစဘက်ကို ဖြတ်ရင် အခန့်မသင့်ရင် ဖမ်းခံရနိုင်တယ်။ တက်လာသမျှက ပြည်သူကို ကြည့်တဲ့ သူဆိုတာ မရှိဘူး” ဟု ၎င်းကွတ်ခိုင်ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA မှ ထုတ်ပေးသည့် မှတ်ပုံတင်ကတ်

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းတွင် ထုတ်ပြန်ထားသည့် လူဦးရေစာရင်းအရ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်တွင် သျှမ်းလူမျိုး ၄၂.၅၃ရာခိုင်နှုန်း၊ ပလောင်လူမျိုး ၁၅.၄ ရာခိုင်နှုန်း နှင့် ဗမာလူမျိုး ၁၇.၃ရာခိုင်နှုန်း၊ ကွတ်ခိုင်မြို့နယ်တွင် ကချင် ၂၃ ရာခိုင်နှုန်းကျော်၊ ပလောင် ၂၄ရာခိုင်နှုန်းကျော်၊ မုန်းဝန်းလူမျိုး ၂၈ရာခိုင်နှုန်းကျော်၊ နမ့်ခမ်းမြို့နယ်တွင် သျှမ်းလူမျိုး ၄၀.၉၄ ရာခိုင်နှုန်း၊ ပလောင် ၃၄.၁၃ရာခိုင်နှုန်း၊ လီရှော ၁၅.၇၈ ရာခိုင်နှုန်းတို့ ရှိကြောင်း ISP Myanmar မှ မြေပုံနှင့်တကွ ဖော်ပြထားသည်။

မေလ (၁၆) ရက်တွင် ပြုလုပ်ခဲ့သည့် TNLA လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံ – PSLF/TNLA)

တစ်ဖက်တွင်လည်း သျှမ်းလူမျိုး အများစုနေထိုင်သည့် မြို့ရွာဒေသမှာ ဝင်ရောက်နေထိုင်သော လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် ပြည်သူဆန္ဒ ပါဝင်မှုမရှိပဲ အဖွဲ့အစည်းများမှ သက်ဆိုင်ရာ အမျိုးသား နိုင်ငံသားကတ်များ အတင်းအကြပ် ပြုလုပ်ပေးခြင်း၊ ယာဉ်အမျိုးမျိုးကို မှတ်ပုံတင်ခိုင်းစေခြင်း၊ အကြောင်းအမျိုးမျိုး ခေါင်းစဉ်တပ်ပြီး ငွေကောက်ခံနေခြင်း၊ နယ်မြေအတွင်း အလွယ်တကူ လွတ်လပ်စွာ ဖြတ်သန်းခွင့်မပေးခြင်း စသည့် လုပ်ရပ်များကို ကန့်ကွက်ကြောင်း Dai Youth Congress (သျှမ်းလူငယ်များ ကွန်ဂရက်)က ယမန်နေ့ (ဩဂုတ် ၁၇ ရက်)တွင် ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ကောင်စီနှင့် TNLA တို့သည် စစ်ရေးတင်းမာနေလျက်ရှိပြီး TNLA ထိန်းချုပ်ထားနိုင်သည့် မိုးကုတ်မြို့ နှင့် သီပေါမြို့တွင် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပြီး လာမည့်ရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်တွင်လည်း စစ်ကောင်စီနှင့် MNDAA တို့ လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ MNDAA ထိန်းချုပ်ထားနိုင်သည့် သိန္နီမြို့ကို ပြန်လည်ပေးအပ်ရန် ဆွေးနွေးခဲ့ခြင်းကြောင့် အဖြေမထွက်ရှိခဲ့ပဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...