မန်တုံမြို့နယ် KIA နှင့် TNLA ပဋိပက္ခ ထိန်းသိမ်း ဆောင်ရွက်ရန် TNLA စစ်ဦးစီးချုပ်ပြော၊ လက်နက်ပစ်ဖောက်ခြင်း မလုပ်ရန် KIA အမိန့်ထုတ်

သျှမ်းပြည် မန်တုံမြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားနေသည့် မြေပြင်ပဋိပက္ခကို ထိန်းသိမ်း ဆောင်ရွက်သွားရန် TNLA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ (၂၈) ရက်တွင် မန်တုံမြို့၌ ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲသို့ TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန် သွားရောက်ကာ TNLA နှင့် KIA အကြား မြေပြင်ပွတ်တိုက်မှုများ၊ ပဋိပက္ခ တင်းမာမှုများ ဆက်လက်မကြီးထွားစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားရမည်ဟု တိုက်တွန်းပြောဆိုခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့ (မတ် ၁ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန် အသိအမှတ်ပြုရန်နှင့် မဟာမိတ် တည်တံ့ခိုင်မြဲရန် နှစ်ဘက်တပ်များ ပူးပေါင်းဆောင်ရွက်သွားရမည့် အချိန်ဖြစ်ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာစေရန် မဟာမိတ် နှစ်ဘက်စလုံးမှ သတိထား ဆောင်ရွက်ရန်၊ လက်ရှိတင်းမာမှုများကိုလည်း ညှိနှိုင်းဖြေရှင်းရမည်ဟု TNLA စစ်ဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“မန်တုံဖြစ်စဉ် အဆက်ကတော့ စိုးရိမ်ရပါတယ်။ လူမျိုးရေး ပဋိပက္ခဆိုတာထက် ဖြေရှင်းနည်း မမှန်တာ၊ သို့မဟုတ် စိတ်လိုက်မာန်ပါ ဖြစ်လာရင်တော့ စိုးရိမ်ရပါတယ်။ အခုလောလောဆယ် စစ်ရေးအင်အားကြီးလာတဲ့ အပေါ်မှာ သူတို့ခံစားချက်ကို မူတည်ပြီးတော့မှ တုံ့ပြန်ချင်တဲ့ဟာမျိုး၊ ဒါတွေကတော့ အဓိကဖြစ်မယ်လို့ထင်တယ်”ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် ကချင်လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ KIA နှင့် TNLA အကြား အောက်ခြေတပ်သားအချင်းချင်း မြေပြင်တွင် ပဋိပက္ခ ဖြစ်ပွားနေသည်ကို KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လ၏ “လက်နက်ပစ်ဖောက် ဖြေရှင်းနည်းကို လုံးဝ မလုပ်ကြရန်” ညွှန်ကြားချက်အဖြစ် အထွေထွေအတွင်းရေးမှူး လက်မှတ်ထိုးကာ ဖေဖော်ဝါရီ (၂၈) ရက်တွင် ထုတ်ပြန်ခဲ့သည်။

TNLA စစ်ဦးစီးချုပ် တားဟိုပလန်

“အခုချိန်မှာ မန်တုံမှာ ဖြစ်သွားတဲ့ ကိစ္စဆိုရင်လည်း အားလုံးကတော့ ဒေါသထွက်ကြတာ၊ ဒီတိုင်းတော့ ပစ်ထားလို့ မရဘူး ဆိုတာမျိုးပေါ့။ ဒါပေမယ့် အများစုမှာတော့ လူကြီးတွေ စီမံလိမ့်မယ်ဆိုတာမျိုးပေါ့။ လူမျိုးရေး ပဋိပက္ခအထိတော့ မဖြစ်လောက်ဘူး၊ လူမှုအသိုင်းအဝိုင်းထဲမှာ ထိန်းကျောင်းမယ့်လူတွေက ရှိတယ်”ဟု ၎င်းကချင်လူငယ်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၃) ရက်မှ စတင်ပြီး မန်တုံမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA တောင်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းများမှ လောင်ကျယ်၊ ရောင်ကျိန်းနှင့် မန်ပန်ကျေးရွာတို့တွင် ဖွင့်လှစ်ထားသည့် ဂိတ်များကို TNLA တပ်သားများ လာရောက်ဖျက်ဆီးပြီး မောင်းထုတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီ (၂၇) ရက် နေ့လယ်ပိုင်းတွင် မန်တုံမြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် မန်မောက်ကျေးရွာ KIA တိုက်နယ်ရုံးသို့ TNLA ဘက်မှ အင်အား(၃၀၀) ခန့်ဖြင့် ရောက်ရှိလာခဲ့ပြီး KIA တပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းရိုက်နှက်ခဲ့ရာ KIA တပ်သား (၁၁) ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပြီး ၎င်းတို့ကို TNLA ဘက်မှ မန်တုံဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း KNG သတင်းဌာနတွင် ဖော်ပြသည်။

မန်တုံမြို့နယ်အတွင်း လက်ရှိပြဿနာ ဖြစ်ပွားနေသည့် နေရာအနီးတဝိုက်ရှိ KIA တပ်ခွဲရုံး၊ မြို့နယ်ရုံး၊ တိုက်နယ်ရုံးနှင့် ဂိတ်များကို မဖွင့်လှစ်ရန်၊ နေရာပြောင်းရွှေ့ရန် TNLA ဘက်က ပြောဆိုနေပြီး KIA တောင်ပိုင်းတိုင်း အထက်အရာရှိများနှင့် TNLA တွေ့ဆုံကာ ညှိနှိုင်းရမည့် အနေအထားဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဖေဖော်ဝါရီ (၂၅) ရက်တွင် သျှမ်းသံတော်ဆင့်ကို ဖြေကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။