Friday, April 26, 2024

ပစ်ခတ်မှု

နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ခိုဟက်ကျေးရွာတွင် ဒေသခံ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂)ရက် ည (၆)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က အသက် (၃၀)အရွယ်ရှိ အမျိုးသားတစ်ဦးကို လာရောက်ပစ်ခတ်ခဲ့ကြောင်း နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ နည်းနည်းပြင်းထန်တယ်။ ဝမ်းဗိုက်နားထိတယ်လို့သိရတယ်။...

လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ နိုက်ကလပ် တစ်ခုတွင် ရဲ နှင့် စစ်သားပါဝင်သော ရန်ပွဲတစ်ခုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ် အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး...

ကျောက်မဲမြို့တွင်း စစ်ကောင်စီမှ သေနတ်ပစ်ခတ်နေ

သျှမ်းမြောက် ကျောက်မဲမြို့ ယမန်နေ့ (ဇန်နဝါရီ ၁၄) ရက် ညပိုင်းတွင် ဆိုင်ကယ်စီးလာသူကို သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ ထိုပစ်ခတ်မှုသည် ည ၈ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၈) ထုံးဖိုရပ်၊ အထက ၁ ကျောင်းနှင့် ကွန်ဖြူးရှပ်ကျောင်းအနီးတို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း...

လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီနှင့် တပ်ပေါင်းစု ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်းရှိ လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်ပေါင်းစုတို့ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းသတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀)ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တပ်ပေါင်းစုဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)တို့သည် သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး - သိန္နီကြား...

တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

တောင်ကြီးမြို့တွင် ယမန်နေ့( မေ ၃၀) ရက် မနက်ပိုင်းတွင် ၂၁၂ ဆက်သွယ်ရေးတပ် တပ်ထဲ၌ စစ်သားများ အချင်းချင်း အငြင်းပွား စကားများကြပြီး ပစ်ခတ်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်တွင်ရှိသော ၂၁၂ တပ်အတွင်း စစ်သားနှစ်ဦးသည် အချင်းချင်း စကားများကြပြီး တစ်ဦးက အနီးရှိ ဓါးဖြင့်...

ကွတ်ခိုင်မြို့နယ် အတွင်း ပစ်ခတ်မှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ပါချီးကျေးရွာအနီးတွင် ယနေ့ (မေ ၁၃)ရက် မနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ မနက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ပါချီးကျေးရွာ အနီးတွင် ဖြစ်ပွားသည့် ပစ်ခတ်မှုသည် မည်သည့်အဖွဲ့မှ ပစ်ခတ် နေကြသည်ကို ဒေသခံများက မသိရှိကြသေးပေ။ “တိုက်ပွဲရယ်လို့တော့ မဟုတ်ဘူး။ ပစ်ခတ်မှုပါပဲ။ ဘယ်အဖွဲ့ဖြစ်လည်းဆိုတာတော့ ကျနော်တို့လည်း...

လွိုင်လင်ရင်ကွဲတောင် အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အကြမ်းဖက် စစ်ကောင်စီ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဧပြီ (၂၅)ရက် ည ၁၁ ကျော်အချိန်တွင် မိုင်းပွန်မြို့ အသွားလမ်း နှင့် လွိုင်လင်ရင်ကွဲတောင်အနီးရှိ ပစ်ခတ်မှု ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “မြေပြင်အသေးစိတ် အချက်လက်တော့ မသိရသေးဘူး။...

မူဆယ်မြို့ အတွင်း ပစ်ခတ်မှု ၂ဦးသေဆုံး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် ယနေ့ ( ဖေဖော်ဝါရီ ၂၄) မနက်ပိုင်း ၄နာရီ ခွဲကျော်၌ ပစ်ခတ်မှု ၂နေရာဖြစ်ပွားကာ အမျိုးသား ၂ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာများမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် အတွင်းရှိ တာမိုးညဲပြည်သူ့စစ်ပိုင်ဆိုင်သည့် ဟိုတယ်တွင် တနေရာ၊ ကောင်းမူတုံရပ်ကွက်ရှိ မြန်မာ့စစ်တပ်...

ကျောက်မဲမြို့ စားသောက်ဆိုင်တွင် ပစ်ခတ်မှုဖြစ် လူငယ် (၂)ဦး ကျည်ထိ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ ရှိစားသောက်ဆိုင် တွင် ထိုင်စားနေသည့် သူများကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ က ယနေ့ (ဇန်နဝါရီ ၂၅)ရက် ည ၈နာရီခွဲ၌ ဝင်ရောက်ပစ်ခတ်သွားခဲ့ပြီး အမျိုးသား ၂ဦး ဒဏ်ရာထိမှန်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ကျောက်မဲမြို့ ရပ်ကွက် (၈) နယ်မြေ (၂) အောင်ဆန်းလမ်းပေါ်ရှိ...

ကျောက်မဲမြို့နယ် အတွင်း ပစ်ခတ်မှုဖြစ် ရွာသားများ စစ်ရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် လွိုင်စောင့်ကျေးရွာအုပ်စု အတွင်း ပစ်ခတ်မှုဖြစ်ပွါးရာ ဒေသခံ များ ဘုန်းကြီးကျောင်းသို့တိမ်းရှောင်နေရကြောင်းသိရသည်။ ယနေ့ ဇူလိုင် (၁၄) ရက် မနက် ၁၀ နာရီခွဲခန့်က လွိုင်စောင့်ကျေးရွာအုပ်စု နမ့်မော်ဘီလူးကျေးရွာနှင့် ကုန်းညောင်ရွာကြား ပစ်ခတ်သံများ ထွက်ပေါ်ရာ ရွာသား ၄၀ ကျော် ကုန်းညောင်ဘုန်းကြီးကျောင်းသို့တိမ်းရှောင်နေရကြောင်း ကျောက်မဲဒေသခံ...

Latest news