လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ နိုက်ကလပ် တစ်ခုတွင် ရဲ နှင့် စစ်သားပါဝင်သော ရန်ပွဲတစ်ခုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သတင်းသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ် အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး ကျည်ထိမှန်သည်ကိုတွေ့ရကြောင်း ဒေသခံထံမှ သိရသည်။

“ဗမာစစ်သားနဲ့ တရုတ်တွေ ဆဲဆိုသံတွေအရင်ကြားရတယ်၊ နောက်တော့ ပစ်ခတ်သံတွေပါ ကြားရတယ်၊ ဘာကြောင့်ဖြစ်ရမှန်းတော့ မသိရသေးဘူး၊ ရန်ပွဲကို ဖြေပေးဖို့ရောက်လာတဲ့ရဲတွေလည်း အပစ်ခံရတယ်၊ တခြားထိခိုက်သူတွေလည်းရှိတယ်” ဟု လောက်ကိုင်မြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်ခတ်မှုများသည် နာရီဝက်ခန့်ကြာသွားပြီး ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဥ်များဖြင့် လာရောက် သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရသူက ပြောပြသည်။

လောက်ကိုင်မြို့သည် လောင်းကစားပွဲရုံများနှင့် တရုတ်ကုန်သည်များ၊ ဝ ကုန်သည်များ ဝင်ထွက်သွားလာသည့် မြို့ဖြစ်ပြီး ရန်ပွဲနှင့် ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းလည်း လောက်ကိုင်မြို့မှ ဒေသခံများက ပြောသည်။

“ဒီစစ်ကောင်စီကနေ အာဏာသိမ်းပြီးတဲ့နောက် လောက်ကိုင်ဘက်မှာ သေနတ်ကိုင်တဲ့သူတွေ ပိုပေါလာတယ်၊ တချို့က ကလပ်တွေထဲ သေနတ်ယူလာတဲ့အထိ ရှိတယ်၊ ရန်ပွဲတွေလည်း ခနခနဖြစ်တယ်၊ ဒီဖက်မှာ မြန်မာအစိုးရ စိုးမိုးမှုမရှိဘူး” ဟု လောက်ကိုင်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ တွင် ဖြစ်သွားသည့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသူ အရေအတွက်ကိုတော့ အတည်ပြုချက်မရနိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...

ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန်...

သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းသို့ MNDAA ဝင်ရောက်လာပြီး နှစ်ဘက်သေနတ်ပစ်ခတ်မှုဖြစ်

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို ဖယ်ရှားရန် ကိုးကန့်တပ်ဖွဲ့ MNDAA ဝင်ရောက်လာစဉ် နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၁၀ နာရီခန့်တွင် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ နမ္မ၊ ကုန်းပေါင်းနှင့်...

ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေး သယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟု သတင်းအမှားဖြန့်

0
လူမှုကွန်ရက်မီဒီယာတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တံဆိပ်တုံးပါ (999) သုံးလုံးမူးယစ်ဆေးသယ်လာသူနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းအမှားဖြန့်ချိနေပါသည်။ ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ...

လောက်ကိုင် MNDAA က ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို လူအများရှေ့ သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ချက်ချ

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ရာဇဝတ်မှုကျူးလွန်သူ (၂၁) ဦးကို လူအများရှေ့တွင် ပြစ်ဒဏ်စီရင်ခဲ့ပြီး (၇) ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၈ နာရီမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...