လောက်ကိုင် MNDAA က ရာဇဝတ်မှုကျူးလွန်သူ ၂၁ ဦးကို လူအများရှေ့ သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ချက်ချ

သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ရာဇဝတ်မှုကျူးလွန်သူ (၂၁) ဦးကို လူအများရှေ့တွင် ပြစ်ဒဏ်စီရင်ခဲ့ပြီး (၇) ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၈ နာရီမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ရှိ မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် BP-(၁၂၅) အနီးတွင် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှုနှင့် လူသတ်မှုတို့ဖြင့် သံသယရှိသူ (၂၁) ဦးတို့ကို လူအများ ရှေ့မှောက်တွင် သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

၎င်းတို့အထဲမှ (၇) ဦးကို စစ်သားအယောင်ဆောင်ကာ လက်နက်ကိုင် ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနှင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုတို့အပေါ် MNDAA က သေဒဏ်ချမှတ်ခဲ့ပြီး (၆) ဦးကို ကွပ်မျက်ရေးကွင်းသို့ ခေါ်ဆောင်သွားကာ ချက်ချင်း သေဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။

“မနေ့က (၁၂၅) ကျောက်တိုင်ကွင်းဘက် လူစုလူဝေးနဲ့ အပြစ်ပေးတာ။ ကားတင်ခေါ်လာတာ ၁၄ ယောက် ရှိတယ်၊ အဲ့ထဲမှာ မိန်းကလေးတစ်ယောက်လည်း ပါတယ်။ သေဒဏ်ချတာက ၆ ယောက်”ဟု လောက်ကိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ စာသင်ကျောင်းတွင် ကလေးအများအပြားကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု၊ (၁၄) နှစ်အောက် မိန်းကလေးကို ကိုယ်ဝန်ရသွားသည့်တိုင် အချိန်အတော်ကြာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် သေနတ်များ ဝှက်ထားပြီး လုယက်မှု ကျူးလွန်ရန် ကြံစည်သည့် သံသယရှိသူ အခြား( ၁၄) ဦးကို လမ်းမကြီးတလျှောက် လှည့်လည်ပြသပြီး စီရင်ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့တွင် MNDAA က ပြုလုပ်ခဲ့သည့် လူစုလူဝေးရှေ့ ပြစ်ဒဏ်စီရင်ချမှတ်ခြင်းကို ကျောင်းသားကျောင်းသူများနှင့် ပြည်သူ (၁၀၀၀) ကျော် တက်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လူစုလူဝေးရှေ့မှောက် သေဒဏ်အပါအဝင် ပြစ်ဒဏ်စီရင်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလအတွင်းကလည်း ပြစ်မှုကျူးလွန်သူ (၁၀) ဦးကို သေဒဏ်ချမှတ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ပြစ်မှုကျူးလွန်သူ (၁၀) ဦးကို လောက်ကိုင်မြို့တွင် အများပြည်သူရှေ့မှောက် သေဒဏ်ချမှတ်ခဲ့စဉ်က ဥရောပသမဂ္ဂ EU မှ အပြင်းထန်ဆုံး ရှုတ်ချပြီး သေဒဏ်ချမှတ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးက ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်သည်။

ထို့အပြင် အောက်တိုဘာလ ၃၀ ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့၌ ပြည်သူ့တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လူစုလူဝေး ရှေ့မှောက်တွင် ရာဇဝတ်မှု ကျူးလွန်ကြောင်း ဖော်ထုတ်ခံရသူ (၇)ဦးကို လူသတ်မှုအတွက် သေဒဏ်နှင့် မုဒိမ်းမှုကို ထောင်ဒဏ် (၁၅) နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...