Tuesday, May 7, 2024

ပစ်ခတ်မှု

သီပေါမြို့နယ်ကျေးလက်အတွင်းယနေ့မနက်အစောပိုင်းက ပစ်ခတ်သံများကြားရ ၊ လူထုစိုးရိမ်ပူပန်နေ  

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် အရှေ့တောင်ဘက်ရှိ လုံဝိုင်ရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုသံများ ယနေ့မနက်အစောပိုင်းကကြားရသဖြင့် ဒေသခံများစိုးရိမ်ထိတ်လန့်မှုရှိနေကြောင်းသိရသည်။ သီပေါမြို့နယ်အရှေ့တောင်ဘက် ၂၃ မိုင်ခန့်ဝေးသောကုန်းဆော့အုပ်စုဝင် လုံဝိုင်ရွာနှင့် နောင်အန်အုပ်စုဝင် နောင်လောင်းရွာကြား ဇန်နဝါရီလ ၁၆ ရက် မနက် ရ နာရီအချိန်ခန့်က ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ကုန်းဆော့အုပ်စုမှ ရွာသားတဦးကပြောသည်။ “အခုပစ်ခတ်သံတော့ငြိမ်နေပြီ။ ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့လဲဆိုတာ တော့ကျနော်တို့အသေအချာမသိရသေးဘူး။ ဒါပေမယ့် သျှမ်း...

လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် သီပေါမြို့နယ်အတွင်းကျေးလက်ရွာသားများသေကြေဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စယ်ခန်အုပ်စု နားလော့ရွာအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်နှင့် RCSS/SSA တို့ပစ်ခတ်မှုကြောင့် ရွာသားများသေကြေဒဏ်ရာရမှုရှိခဲ့ကြောင်းသိရသည်။ နို၀င်ဘာလ ၂၃ ရက် မနက် ၆ နာရီ ၂၀ မိနစ်ကစတင်ကာ သီပေါမြို့နယ် တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ နားလော့ရွာအတွင်း ၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုဖြစ်ပွါးခဲ့သဖြင့်...

မူစယ်ပစ်ခတ်မှုမှ ဒဏ်ရာရှိသူ ၂၆ ဦးအနက် ၁ ဦးထပ်မံသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ထဲမှာရှိတဲ့လောင်းကစားရုံကို တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်က ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန်သူတဦး ဒီမနက်မှာ ထပ်မံသေဆုံးသွားခဲ့လို့ သေဆုံးသူစုစုပေါင်း ၂၁ ဦးရှိပြီဖြစ်ပါတယ်။ ဒီမနက်သေဆုံးသူဟာ နမ့်ခမ်းမြို့နယ် ပေါက်နေရပ်ကွက်သား စိုင်းယီလျန် ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပွါးတဲ့နေ့က မူစယ်မှာအလုပ်သွားလုပ်ရင်း နမ့်ခမ်းမှာမင်္ဂလာပွဲဝင်ဖို့အပြန် လမ်းမှာ တအာင်းတပ်ဖွဲ့ရဲ့ပစ်ခတ်မှုခံရတာဖြစ်တယ်လို့ မူစယ်မြို့ခံ မိတ်ဆွေတဦးကပြောပါတယ်။ သူနဲ့အတူ...

Latest news