နမ့်ခမ်းဒေသခံတဦး၏နေအိမ်အားအကြမ်းဖက်စီးနင်းသည့်လက်နက်ကိုင်အဖွဲ့ ရဲနှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့်ပစ်ခတ်မှုဖြစ်ပွါး

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ်တလုံးကို လက်နက်ကိုင် တပ်ဖွဲ့ တခုက ဝင်ရောက်စီးနင်းရာ ရဲနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ တို့ဝင်ရောက် လာသဖြင့် အဆိုပါနေအိမ်အတွင်းပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

Photo by Numkham Youth- နေအိမ်အားအကြမ်းဖက်စီးနင်းခံရစဉ်တွေ့ရသည့် စီစီတီဝီမှတ်တမ်း

မေလ ၁ ရက် ယမန်နေ့က ဆိုင်ကယ် ၃ စီးဖြင့်လာသော လက်နက်များကိုင်ဆောင်သည့် လူ ၆ ဦးသည် သျှမ်းဘောင်းဘီများဝတ်ဆင်ကာ နေအိမ်ထဲသို့ ဝင်လာပြီးအိမ်ရှင်အား ဖမ်းဆီးချုပ်နှောင် ဓါးပြတိုက်ကြောင်း ၊ထိုအချိန်တွင် ရဲနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ ရောက်လာသဖြင့် သေနတ်ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ကြောင်း အိမ်ပိုင်ရှင် ဦးစိုးသူ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ သူတို့တွေက ပလာင်(တအာင်း) စကားပြောပြီး ဝင်လာတယ်။ ကျနော့် အဖေကိုလည်း လက်ထိပ်ခတ်တယ်။ နောက် အခန်းအားလုံးကို လိုက်ရှာတယ်။ သေနတ်က အရှည် တလက် နဲ့ အတိုတလက်ပါတယ်” ဟု ဦးစိုးသူက ပြောသည်။

လက်နက်ကိုင်အဖွဲ့သည် အိမ်ရှင်၏ မြန်မာ ကျပ်ငွေ ပိုက်ဆံ ၃၅ သိန်းနှင့် တရုတ်ယွမ် တသိန်းခွဲကျော် ကိုယူဆောင်သွားကြောင်း အိမ်ရှင်ကဆိုသည်။

အဆိုပါ လက်နက်ကိုင်များဝင်လာချိန်၊ နေအိမ်ခြံဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွါးချိန်တွင် အဆိုပါအိမ်၌ ကလေး ၊ လူကြီး လူ ၁၀ ဦး ရှိကြောင်း လည်း ဦးစိုးသူ က ပြောသည်။

“ ကျနော်တို့က မိသားစု က ဆိုင်ပဲဖွင့်တယ်။ ကျနော်တို့နဲ့ သူတို့နဲ့ ဘာမှ အဆက်အသွယ်မရှိဘူး။ ကျနော်လည်း အံ့သြတယ် ဘာအဓိပ္ပာယ်ဆိုတာ မသိဘူး။ စဉ်းစားလို့မရဘူး” ဟု အိမ်ရှင် ဦးစိုးသူ ကဆိုသည်။

Photo by Numkham Youth- ပစ်ခတ်မှုများမှကျန်ခဲ့သည့် ကျည်ဆန်များ

ဓါးပြအဖွဲ့သည် ဒဏ်ရာရရှိသွားဟန်တူကြောင်း ခြံဝင်းအတွင်း သွေးစက်များကျထားသည်ကိုတွေ့ရကြောင်းလည်း အောင်မေတ္တာရပ်ကွက်သားတဦးကပြောသည်။

အဆိုပါ လက်နက်ကိုင် ဓါးပြအဖွဲ့သည် ပလောင်(တအာင်း) စကားပြောဆိုကြသဖြင့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) အဖွဲ့ ဟုလည်း အိမ်ရှင်များက ပြောဆိုကြသည်။

နေအိမ်အတွင်းဝင်လာသူ ၆ ဦးအနက် တဦးမှာ အိမ်ခြံဝင်းအတွင်းရောက်သည်နှင့် ဆာလာအိတ်ဖြင့်ပတ်ပြီးယူဆောင်လာသော သေနတ်အရှည်ကို ဆွဲထုတ်ကာ နေအိမ်အတွင်းဝင်သွားခဲ့သည်။ ကျန် အမျိုးသားတဦး မှာ နေအိမ်ခြံတံခါးဝတွင် ရပ်စောင့်ဆိုင်းနေပြီး ပစ်ခတ်မှုဖြစ်ပွါးခဲ့ချိန်အထိ စီစီတီဝီမှမှတ်တမ်းဗီဒီယိုကလစ်တိုကို ယနေ့ လူမှု ကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

“လူမှုကွန်ရက်စာမျက်နှာမှာ ဒီကလစ်တွေတက်လာတာ ကျနော်တို့ တွေ့ရပါတယ်။ ကျနော်တို့ အဖွဲ့တွေကို ပြန်လိုက်မေးကြည့်တဲ့အခါမှာ ဒီလို လုပ်တာ မရှိပါဘူး။ ကျနော်တို့ ကတော့ ဖြေရှင်းဖို့မရှိပါဘူး။ ကျနော်တို့ အဖွဲ့မဟုတ်ဘူး။ လက်နက်ကိုင် ပေါင်းစုံနေထိုင်တဲ့ နေရာပါ” ဟု TNLA မှ ပြန်ကြားရေး တာဝန်ခံ တာအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်နက်ကိုင်ဆောင်ပြီး ပြည်သူများကို ဖမ်းချင်သည့်အချိန်ဖမ်း၊ ခေါ်ချင်သည့်အချိန် ခေါ်ယူသည်မှာ အဆင်မပြေကြောင်း၊ လက်ရှိမှာ မိသားစု အတွက် လုံခြုံရေး စိုးရိမ်ရကြောင်းလည်း ဦးစိုးသူ က ပြောသည်။

လက်နက်ကိုင်အဖွဲ့သည် ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်အသီးသီးထွက်ပြေးကြသဖြင့် ၄င်းတို့စီးလာသည့်ဆိုင်ကယ် ၃ စီးအနက် ၁ စီးသာယူဆောင်သွားနိုင်ကြောင်း ၊ ကျန် ၂ စီးမှာ ကျန်နေခဲ့ကြောင်းလည်း လည်းဆိုပါသည်။

Photo by Numkham Youth- ဓါးပြအဖွဲ့၏ ကျန်ခဲ့သော ဆိုင်ကယ် ၂ စီး

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းဒေသတွင် အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့များအပြင် ပြည်သူ့စစ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများစွာ လှုပ်ရှားနေထိုင်ပါသည်။

ပြီးခဲ့သည့်အပတ်ကလည်း နမ့်ခမ်းမြို့နေ တရုတ်တဦးအား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးပြန်ပေးဆွဲသွားရာ မိသားစုမှ ငွေကျပ်သိန်း ၁၀၀၀ ခန့်အထိ ကုန်ကျခံပြန်ရွေးယူခဲ့ရကြောင်းလည်း နမ့်ခမ်းဒေသခံများကပြောပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...