Tuesday, January 27, 2026

နမ့်ခမ်းဒေသခံတဦး၏နေအိမ်အားအကြမ်းဖက်စီးနင်းသည့်လက်နက်ကိုင်အဖွဲ့ ရဲနှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နှင့်ပစ်ခတ်မှုဖြစ်ပွါး

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ်တလုံးကို လက်နက်ကိုင် တပ်ဖွဲ့ တခုက ဝင်ရောက်စီးနင်းရာ ရဲနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ တို့ဝင်ရောက် လာသဖြင့် အဆိုပါနေအိမ်အတွင်းပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

Photo by Numkham Youth- နေအိမ်အားအကြမ်းဖက်စီးနင်းခံရစဉ်တွေ့ရသည့် စီစီတီဝီမှတ်တမ်း

မေလ ၁ ရက် ယမန်နေ့က ဆိုင်ကယ် ၃ စီးဖြင့်လာသော လက်နက်များကိုင်ဆောင်သည့် လူ ၆ ဦးသည် သျှမ်းဘောင်းဘီများဝတ်ဆင်ကာ နေအိမ်ထဲသို့ ဝင်လာပြီးအိမ်ရှင်အား ဖမ်းဆီးချုပ်နှောင် ဓါးပြတိုက်ကြောင်း ၊ထိုအချိန်တွင် ရဲနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ ရောက်လာသဖြင့် သေနတ်ပစ်ခတ်မှု များ ဖြစ်ပွားခဲ့ကြောင်း အိမ်ပိုင်ရှင် ဦးစိုးသူ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ သူတို့တွေက ပလာင်(တအာင်း) စကားပြောပြီး ဝင်လာတယ်။ ကျနော့် အဖေကိုလည်း လက်ထိပ်ခတ်တယ်။ နောက် အခန်းအားလုံးကို လိုက်ရှာတယ်။ သေနတ်က အရှည် တလက် နဲ့ အတိုတလက်ပါတယ်” ဟု ဦးစိုးသူက ပြောသည်။

လက်နက်ကိုင်အဖွဲ့သည် အိမ်ရှင်၏ မြန်မာ ကျပ်ငွေ ပိုက်ဆံ ၃၅ သိန်းနှင့် တရုတ်ယွမ် တသိန်းခွဲကျော် ကိုယူဆောင်သွားကြောင်း အိမ်ရှင်ကဆိုသည်။

အဆိုပါ လက်နက်ကိုင်များဝင်လာချိန်၊ နေအိမ်ခြံဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွါးချိန်တွင် အဆိုပါအိမ်၌ ကလေး ၊ လူကြီး လူ ၁၀ ဦး ရှိကြောင်း လည်း ဦးစိုးသူ က ပြောသည်။

“ ကျနော်တို့က မိသားစု က ဆိုင်ပဲဖွင့်တယ်။ ကျနော်တို့နဲ့ သူတို့နဲ့ ဘာမှ အဆက်အသွယ်မရှိဘူး။ ကျနော်လည်း အံ့သြတယ် ဘာအဓိပ္ပာယ်ဆိုတာ မသိဘူး။ စဉ်းစားလို့မရဘူး” ဟု အိမ်ရှင် ဦးစိုးသူ ကဆိုသည်။

Photo by Numkham Youth- ပစ်ခတ်မှုများမှကျန်ခဲ့သည့် ကျည်ဆန်များ

ဓါးပြအဖွဲ့သည် ဒဏ်ရာရရှိသွားဟန်တူကြောင်း ခြံဝင်းအတွင်း သွေးစက်များကျထားသည်ကိုတွေ့ရကြောင်းလည်း အောင်မေတ္တာရပ်ကွက်သားတဦးကပြောသည်။

အဆိုပါ လက်နက်ကိုင် ဓါးပြအဖွဲ့သည် ပလောင်(တအာင်း) စကားပြောဆိုကြသဖြင့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) အဖွဲ့ ဟုလည်း အိမ်ရှင်များက ပြောဆိုကြသည်။

နေအိမ်အတွင်းဝင်လာသူ ၆ ဦးအနက် တဦးမှာ အိမ်ခြံဝင်းအတွင်းရောက်သည်နှင့် ဆာလာအိတ်ဖြင့်ပတ်ပြီးယူဆောင်လာသော သေနတ်အရှည်ကို ဆွဲထုတ်ကာ နေအိမ်အတွင်းဝင်သွားခဲ့သည်။ ကျန် အမျိုးသားတဦး မှာ နေအိမ်ခြံတံခါးဝတွင် ရပ်စောင့်ဆိုင်းနေပြီး ပစ်ခတ်မှုဖြစ်ပွါးခဲ့ချိန်အထိ စီစီတီဝီမှမှတ်တမ်းဗီဒီယိုကလစ်တိုကို ယနေ့ လူမှု ကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

“လူမှုကွန်ရက်စာမျက်နှာမှာ ဒီကလစ်တွေတက်လာတာ ကျနော်တို့ တွေ့ရပါတယ်။ ကျနော်တို့ အဖွဲ့တွေကို ပြန်လိုက်မေးကြည့်တဲ့အခါမှာ ဒီလို လုပ်တာ မရှိပါဘူး။ ကျနော်တို့ ကတော့ ဖြေရှင်းဖို့မရှိပါဘူး။ ကျနော်တို့ အဖွဲ့မဟုတ်ဘူး။ လက်နက်ကိုင် ပေါင်းစုံနေထိုင်တဲ့ နေရာပါ” ဟု TNLA မှ ပြန်ကြားရေး တာဝန်ခံ တာအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်နက်ကိုင်ဆောင်ပြီး ပြည်သူများကို ဖမ်းချင်သည့်အချိန်ဖမ်း၊ ခေါ်ချင်သည့်အချိန် ခေါ်ယူသည်မှာ အဆင်မပြေကြောင်း၊ လက်ရှိမှာ မိသားစု အတွက် လုံခြုံရေး စိုးရိမ်ရကြောင်းလည်း ဦးစိုးသူ က ပြောသည်။

လက်နက်ကိုင်အဖွဲ့သည် ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်အသီးသီးထွက်ပြေးကြသဖြင့် ၄င်းတို့စီးလာသည့်ဆိုင်ကယ် ၃ စီးအနက် ၁ စီးသာယူဆောင်သွားနိုင်ကြောင်း ၊ ကျန် ၂ စီးမှာ ကျန်နေခဲ့ကြောင်းလည်း လည်းဆိုပါသည်။

Photo by Numkham Youth- ဓါးပြအဖွဲ့၏ ကျန်ခဲ့သော ဆိုင်ကယ် ၂ စီး

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းဒေသတွင် အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့များအပြင် ပြည်သူ့စစ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများစွာ လှုပ်ရှားနေထိုင်ပါသည်။

ပြီးခဲ့သည့်အပတ်ကလည်း နမ့်ခမ်းမြို့နေ တရုတ်တဦးအား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးပြန်ပေးဆွဲသွားရာ မိသားစုမှ ငွေကျပ်သိန်း ၁၀၀၀ ခန့်အထိ ကုန်ကျခံပြန်ရွေးယူခဲ့ရကြောင်းလည်း နမ့်ခမ်းဒေသခံများကပြောပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...