ကွတ်ခိုင်တွင် ရွာအတွင်းလက်နက်ကြီး ကျ အမျိုးသား တဦးသေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအုပ်စု ပန်းဆေးရွာအတွင်း လက်နက်ကြီး ကျည်ကျရာ အသက် ၅၀ ၀န်းကျင်အမျိုးသားတဦး ကျည်စထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။

Photo Kutkai Youth- လက်နက်ကြီးကျည်စ ထိမှန်သေဆုံးသော ပန်းဆေးရွာသား ဦးအိုက်ငို ခေါ်ကွန်ဌေး

သြဂုတ်လ ၂၆ ရက် ယမန်နေ့ ညနေ ရ နာရီဝန်းကျင်က ကွတ်ခိုင်မြို့နယ် ရပ်ကွက် ၅ ဘုရားကျောင်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပန်းဆေးကျေးရွာ အတွင်း လက်နတ်ကြီး ကျည် ကျရာ အသက် ၅၀ ဝန်းကျင် ဦးအိုက်ငို (ခ) ကွန်းဌေးမှာ ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် တာအာင်း စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ မိုင်းအိုက်မွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့ည က ၆ နာရီ ကနေ စပြီး လက်နက်ကြီး တောက်လျှောက်ကျတယ်။ အဲ့မှာ ဘုရားရှိခိုးဖို့ လုပ်နေတဲ့ ကွန်းဌေး လက်နက်ကြီးစ ထိမှန််လို့ ပွဲချင်းပြီးသေသွားတယ်။သူ့ဇနီးကတော့ ခြေထောက် မှာ ကျည်စထိတယ်။ ဒဏ်ရာက မစိုးရိမ်ရဘူး” ဟု မိုင်းအိုက်မွန်း က ဆိုသည်။

လက်နက်ကြီးများစွာ ကျေးရွာအတွင်း ကျရောက်သဖြင့် ပန်းဆေး ကျေးရွာ ဒေသခံများသည် ဗုံးခိုကျင်းများသို့ ပုန်းရှောင်နေရကြောင်း လည်း မိုင်းအိုက်မွန်း က ပြောသည်။

Photo TNLA – ပန်းဆေးရွာအတွင်းကျရောက်သည့် လက်နက်ကြီးကျည်များ

ယမန်နေက ပန်းဆေး ကျေးရွာအတွင်း လက်နက်ကြီး ၈လုံးခန့် ကျရောက်ပြီး၊ နေအိမ်တလုံး ပျက်စီး သွားကြောင်း၊အဆိုပါ လက်နက်ကြီးသည် တပ်မတော် အသုံးပြု နေသည့် လက်နက်ကြီး များဖြစ်နိုင်သည် ဟု ဒေသခံများ က ခန့်မှန်းပြောဆိုကြသည်။

“ ဒီလက်နက်က တပ်မတော် တပ်ကနေ ပစ်လာတဲ့ လက်နက်ကြီးတွေပါ်” ဟု ဒေသခံ အမျိုးသား တဦး က ထပ်လောင်းပြောသည်။

အဆိုပါ ပန်းဆေး ကျေးရွာသည် ကွတ်ခိုင် ခြေလျင်တပ်ရင်း ခလရ ၂၄၂ နှင့် ကပ်လျက်ရှိနေသည့် ကျေးရွာတရွာဖြစ်ပြီး အဆိုပါလက်နက်ကြီးကျည်များသည် ခလရ ၄၅ မှပစ်ခတ်သည်ဟုလည်း တအာင်းပြန်ကြားရေးကသတင်းထုတ်ပြန်ပါသည်။

Photo TNLA – ပန်းဆေးရွာအတွင်းကျရောက်သည့် လက်နက်ကြီးကျည်

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မြောက်ပိုင်း မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့ ကြား တိုက်ပွဲပြင်းထန်ကာ ယနေ့ထိ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း သွားလာမှု ခက်ခဲနေ သည်။တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထု ၁၀ ထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး ၈ ဦးသေဆုံးခဲ့ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့က ထုတ်ပြန်သည်။ ထို့အပြင် ဒေသခံလူထု ၇၀၀၀ ထက်မနည်း နေရပ်မှစွန့်ခွါကာ စစ်ဘေးရှောင် နေရကြောင်း လည်း UNOCHA ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...