Wednesday, May 22, 2024

ပင်လုံ

ပင်လုံမြို့  လင်မယား (၂)ဦးကို  ဆေးကြောင်သူက ပေါက်ဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွား

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ပင်လုံမြို့နေထိုင်သည့် လင်မယား နှစ်ဦးကို  ဆေးကြောင်သည့် အမျိုးသားတစ်ဦးက  ပေါက်ဆိန်ဖြင့် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၁) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ပင်လုံမြို့ အနောက်ဘက် စေတီလေးဆူ အနီး၌ သက်ကြီးပိုင်းလင်မယား နှစ်ဦးကို ဆေးကြောင်သူအမျိုးသား တစ်ဦးမှ ပေါက်ဆိန်ဖြင့် ခုတ်သတ်လိုက် သည့်အတွက် အမျိုးသားဖြစ်သူကပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးက ဦးခေါင်းကွဲ ဒဏ်ရာရသွားကြောင်း သိရသည်။ “သူတို့ လင်မယားနှစ်ယောက်က အဲ့ခြံ/ယာခင်းတွေဘက်မှာ ထင်းသွားရှာကြတာပေါ့။ အဲ့ဒီအချိန်မှာ မူးယစ်ဆေး ကြောင်တဲ့အသက် (၂၀) ကျော် အမျိုးသား တစ်ဦးက သူတို့ဆီ လာပြီး ပေါက်ဆိန်နဲ့  လိုက်ခုတ်တာတဲ့။ သူ့ယောင်္ကျားဖြစ်သူ ကပွဲချင်းပြီးသေသွားတယ်၊ အဖိုး (အမျိုးသမီးဖြစ်သူ) ကတော့ ဦးခေါင်းကွဲပြီး ဆေးရုံ တင်ထားရတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့်အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် အဆိုပါ ဆေးကြောင်သည့် အမျိုးသားသည် ၎င်းလင်မယား ၂ဦးကို ပေါက်ဆိန်ဖြင့် ခုတ်ပြီး အမျိုးသားပါလာသည့် ဖုန်းတစ်လုံးကိုလည်း လုယူသွားကြောင်း သိရသည်။  လက်ရှိ အချိန်တွင် ပေါက်ဆိန်ဖြင့် ခုတ်ခံရမှုကြောင့် ဦးခေါင်းကွဲ ဒဏ်ရာရထားသည့် အမျိုးသမီးသည် ဆေးရုံ၌ ဆေးကုသမှုခံယူနေလျက်ရှိပြီး ကျူးလွန်သည့် ဆေးကြောင်သူ အမျိုးသားကို တာဝန်ရှိသူများက လိုက်လံရှာဖွေ နေကြကြောင်းလည်း သိရသည်။ “ကျနော်တို့မြို့မှာလည်း တဖြည်းဖြည်းနဲ့ ဒုစရိုက်မှုတွေ ပေါများလာတယ်၊ ဟိုနေရာမှာ ဓားပြတိုက်လိုက်၊ ဒီနေရာမှာ လုယက်မှုဖြစ်လိုက်နဲ့၊ ရပ်ရွာထဲမှာလည်း ဆေးသမား၊ မူးယစ်ဆေးဝါးတွေ တော်တော်ပေါ များလာတာ။ သူတို့ကို နှိမ်နှင်းအရေးယူပေးမှုလည်း မရှိတော့ ရပ်ရွာလုံခြုံရေးက ပိုဆိုးနေတာပေါ့” ဟု ပင်လုံမြို့ခံ အသက် (၅၀) ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်) နေ့လယ် ၁၂ နာရီတွင် ပင်လုံမြို့ ဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားသော “မခင်ဦး” ရွှေဆိုင်ကိုအမည်မသိ အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး လက်စွပ်နှင့်ရွှေဆွဲကြိုး ၃ ကျပ်သားကျော်ကို ဓားပြတိုက်လုယူသွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ (၂၇) ရက်ကလည်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ စျေးအရှေ့ဘက်တွင် ဖွင့်လှစ်ထားသော လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ကို အမည်မသိ လူတစ်စုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်ရှင်အပါအဝင် (၄) ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း လည်းသိရသည်။

အမျိုးသားတစ်ဦး ကမ္ဘောဇဘဏ်ထဲသို့ ဝင်ရောက်သောင်းကျန်း

သျှမ်းပြည် ပင်လုံမြို့တွင် မူယစ်ဆေးသုံးစွဲထားသူဟု ယူဆရသည့် အမျိုးသားတစ်ဦးသည် ယနေ့ (ဇန်နဝါရီ ၁၇)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ကမ္ဘောဇ (KBZ )ဘဏ်ထဲသို့ ဝင်ရောက်သောင်းကျန်းခဲ့သည့် အတွက်ကြောင့် ပြည်သူများထိန့်လန့်နေကြောင်း သိရသည်။ သျှမ်းပြည် ပင်လုံမြို့ ရပ်ကွက် ၁ ရှိ KBZ ဘဏ်ကို ယနေ့...

ပင်လုံမြို့ ဈေးအတွင်းရှိ “မခင်ဦး” ရွှေဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ဈေးအတွင်းဖွင့်လှစ်ထားသော “မခင်ဦး”ရွှေဆိုင် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၈ ရက်) နေ့လယ် ၁၂ နာရီကျော်ခန့်က ပင်လုံမြို့ ဈေးအနောက်ဘက်တွင် ဖွင့်လှစ်ထားသော “မခင်ဦး” ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ပြီး လက်စွပ်နှင့်ရွှေဆွဲကြိုး ၃...

ပင်လုံ – လဲချား လမ်းကြား ဓားပြသောင်းကျန်းနေ

သျှမ်းပြည် ပင်လုံ - လဲချား လမ်းကြားတွင် အမည်မသိလက်နက်ကိုင် တစ်စုသည် လက်နက်ကိုင်ဆောင်ပြီး လမ်းတွင် စောင့်ဆိုင်းကာ ပြည်သူများကို ဓားပြတိုက်နေကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက် ညနေပိုင်းတွင် ပင်လုံ - လဲချားလမ်းကြား တစ်နေရာတွင် အမည်မသိ လက်နက်ကိုင် ၃...

ပင်လုံ – တောင်ကြီး ကားလမ်းမပေါ် ကျောက်မီးသွေး ပြန့်ကြဲနေ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ မှ တူးဖော်လာသည့် ကျောက်မီးသွေးကားများသည် စနစ်တကျ ဖုံးအုပ်သွားလာခြင်းမရှိသည့်အတွက်ကြောင့် လမ်းမကြီးပေါ်တွင် ပြန့်ကြဲနေကြောင်း သတင်းရရှိသည်။ ပင်လုံမြို့ မြောက်ဘက်ရှိ ကျောက်မီးသွေးတွင်းကို တူးဖော်နေသည့် ဟေဟိန်းကုမ္ပဏီ နှင့် ငွေပင်လုံကုမ္ပဏီတို့သည် ကျောက်မီးသွေးကို တင်ပို့ရာတွင် သေချာဖုံးအုပ်ထားခြင်းမရှိဘဲ မြို့အတွင်းသို့ ဖြတ်သန်းသွားလာနေကြောင်း သိရသည်။ မြို့အတွင်းတွင်လည်း လျင်မြန်စွာ...

ပင်လုံမြို့ တည်းခိုခန်းတွင် မှတ်ပုံတင်အတုဖြင့် လာရောက်တည်းပြီး ပိုင်ရှင်ဖုန်းလုယူသွား

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက် ၄ အတွင်း တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုခဲ့သူ (၂) ဦးသည် အခန်းခကို မရှင်းသည့်အပြင် ပိုင်ရှင်၏ ဖုန်းကိုပါ ခိုးယူသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်တွင် အခန်းခ ရှင်းရန်ဟုဆိုကာ...

ပင်လုံ PDF နာမည်ဖြင့် Viber မှတဆင့်ငွေ လိမ်လည်တောင်း

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နာမည်ဖြင့် ပြည်သူ့ များ၏ Viber မှတဆင့် ငွေလိမ်လည်တောင်းမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပင်လုံတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် ဒေါ်ညို ပြန်ပေးဆွဲခံရပြီး သေနတ်ပစ်သတ်ခံရသည့်နောက် ယခုလ (နိုဝင်ဘာလ) အတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF...

နောင်လိုင် ကျေးရွာ ၂ လ အတွင်း နေအိမ် ၄ လုံး ဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရှိ နောင်လိုင်ကျေးရွာအုပ်စုထဲတွင် စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လ အတွင်း နေအိမ် ၄ လုံးထက် မနည်းဖောက်ထွင်းခံရပြီး ငွေကျပ် ၁၀ သိန်း နီးပါး ဆုံးရှုံးမှုရှိကြောင်း သိရသည်။ အဆိုပါ ကျေးရွာသည် လဲချားမြို့ နှင့် ပင်လုံမြို့ကြား...

ပင်လုံမြို့အတွင်း အမျိုးသမီး (၂) ဦး ဓားပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ နောင်ဟူးကျေးရွာအနီးတွင် အမျိုးသမီး ၂ ဦး ဓားပြတိုက်ခံရကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက် နေ့လည်ပိုင်းအချိန်တွင် နောင်ဟူးကျေးရွာ သို့ အမျိုးသမီး (၂) ဦး ဆိုင်ကယ်ဖြင့် သွားလည်ရာ လမ်းတဝက်တွင် ပုံရိုက်ရန်ပြုလုပ်ချိန်...

သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်တွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်ပွား

ယခုနှစ် မိုးရာသီကာလတွင် ရာသီဥတုပြောင်းလဲမှု နှင့် သစ်တောတွေ ပြုန်းတီးမှုကြောင့် သျှမ်းပြည်အတွင်း ယခင်နှစ်ထက် ရေကြီးမှုပိုမိုဖြစ်လာကြောင်း သျှမ်းပြည်တွင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့များထံ စုံစမ်းသိရှိရသည်။ ယခုနှစ်တွင် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစုတွင် ရေကြီးမှုဖြစ်ပြီး ပြည်သူများ သေဆုံးမှုထိရှိကြောင်း၊ ယခင်နှစ်က ရေမကြီးသည့် ဒေသတွင်လည်း ရေကြီးမှုဖြစ်လာကြောင်း...

Latest news