Thursday, May 2, 2024

ပင်လုံ – လဲချား လမ်းကြား ဓားပြသောင်းကျန်းနေ

Must read

သျှမ်းပြည် ပင်လုံ – လဲချား လမ်းကြားတွင် အမည်မသိလက်နက်ကိုင် တစ်စုသည် လက်နက်ကိုင်ဆောင်ပြီး လမ်းတွင် စောင့်ဆိုင်းကာ ပြည်သူများကို ဓားပြတိုက်နေကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက် ညနေပိုင်းတွင် ပင်လုံ – လဲချားလမ်းကြား တစ်နေရာတွင် အမည်မသိ လက်နက်ကိုင် ၃ ဦး သည် လမ်းသွား၊ လမ်းလာများကို သေနတ်ဖြင့်ထောက်ကာ စစ်ဆေးမေးမြန်းမှု ပြုလုပ်ပြီး ဓားပြတိုက်သည့်ပုံစံဖြင့် ငွေတောင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော် ဆိုင်ကယ် စီးနေတဲ့အချိန်မှာ သေနတ်နဲ့လာချိန်ပြီး ရပ်ခိုင်းတာ။ ဘာမှမပြောမဆိုဘဲ ကျနော့်ကိုစစ်ဆေးပြီးတော့ ပါလာတဲ့ ဖုန်းတစ်လုံးကို ယူသွားတယ်။ သေနတ်က နှစ်လက်တောင် ပါတယ်။ အရပ်သားအဝတ် နဲ့ Vigo ကားစီးလာတယ် “ ၎င်းက ပြောသည်။

အဆိုပါ ဖုန်းတစ်လုံးကို ပြန်လိုချင်ပါက ကျပ်ငွေ ၃ သိန်းဖြင့် ပြန်ရွေးခိုင်းနေကြောင်း ၎င်းကဆက် ပြောသည်။

ထို သေနတ်ကိုင်ဆောင်သည့် အမျိုးသား ၃ ဦးသည် အချင်းချင်းစကားပြောဆိုရာ၌ ပအိုဝ်းစကားဖြင့် အပြန်အလှန်ပြောဆိုနေသောကြောင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့ရသူများက မှတ်ချက်ပြုသည်။

သို့ပေမယ့် သျှမ်းသံတော်ဆင့်သတင်းဌာနမှ သီခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“ကျနော်တို့ကတော့ စိုးရိမ်ရတာပေါ့။ နောက်ကျရင် ဒီလိုထပ်ဖြစ်မှာလည်း ကြောက်တယ်။ သူတို့က ဘယ်တပ်ဖွဲ့ကလည်း မပြောဘူး။ သေနတ်နဲ့ ပြပြီး ဓားပြတိုက်နေတာပဲ “ ဟု လဲချားမြို့ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် ပင်လုံ – လဲချားလမ်းကြား ဓားပြတိုက်မှုသည် ယခုတစ်ကြိမ် ဖြစ်ပွားခဲ့ရာ ပထမဆုံးအကြိမ် မဟုတ်တော့ဘဲ မကြာခဏ ဖြစ်ပွားနေကြောင်း၊ တစ်လလျှင် အနည်းဆုံး ၂ ကြိမ်ခန့် ဖြစ်ပွားနေပြီး လမ်းသွားလမ်းလာ ပြည်သူများက ဆိုင်ကယ် မကြာခဏ လုယက်ခံနေရကြောင်း ဒေသခံများက ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article