ပင်လုံ – တောင်ကြီး ကားလမ်းမပေါ် ကျောက်မီးသွေး ပြန့်ကြဲနေ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ မှ တူးဖော်လာသည့် ကျောက်မီးသွေးကားများသည် စနစ်တကျ ဖုံးအုပ်သွားလာခြင်းမရှိသည့်အတွက်ကြောင့် လမ်းမကြီးပေါ်တွင် ပြန့်ကြဲနေကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တွင်း ကျောက်မီးသွေးတွင်း တစ်နေရာ

ပင်လုံမြို့ မြောက်ဘက်ရှိ ကျောက်မီးသွေးတွင်းကို တူးဖော်နေသည့် ဟေဟိန်းကုမ္ပဏီ နှင့် ငွေပင်လုံကုမ္ပဏီတို့သည် ကျောက်မီးသွေးကို တင်ပို့ရာတွင် သေချာဖုံးအုပ်ထားခြင်းမရှိဘဲ မြို့အတွင်းသို့ ဖြတ်သန်းသွားလာနေကြောင်း သိရသည်။

မြို့အတွင်းတွင်လည်း လျင်မြန်စွာ ဖြတ်မောင်းသွားကြောင်း ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ သူတို့ မြို့ထဲကိုလာတဲ့အချိန်ကျရင် အရှိန်ကို စည်းမဲ့ကမ်းမဲ့မောင်းတယ်။ ကျောက်မီးသွေးကို သယ်လာတာက ဘေးမှာ အကာမရှိဘူး ။ အမိုးတွေ မကာထားဘူး။ အဲ့တာ ကျောက်မီးသွေးတွေက လမ်းပေါ်မှာ အများကြီး ပြုတ်ကျတယ်။ ပြုတ်ကျတော့ သူ့နောက်ကနေ ကားတွေကျော်ရင် ကားပေါ်ပြုတ်ကျတာတွေဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ သေချာစွာ ဖုံးအုပ်ထားခြင်းမရှိပဲ မြို့တွင်းသွားလာချိန်တွင် လမ်းမကြီးပေါ်တွင် ကျောက်မီးသွေး ပြုတ်ကျသည့်အတွက်ကြောင့် ဆိုင်ကယ်သမားများအတွက် သွားလာရန် အခက်ခဲဖြစ်ပြီး ယာဉ်တိုက်မှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုအပြင် တာဝန်ရှိ ဌာနဆိုင်ရာ အဖွဲ့စည်းများကလည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

“ကျောက်မီးသွေးကားတွေက သေချာလည်း မဖုံးထားဘူး။ ပြီးတော့ အရှိန်တင်ပြီး မောင်းတော့ ပင်လုံမြို့ထဲမှာ မကြာမကြာ ယာဉ်တိုက်မှုဖြစ်တယ်။ စစ်ကောင်စီတပ်တွေကလည်း စစ်ဆေးရေးဂိတ်တွေမှာတော့ လက်ဖက်ရည်ဖိုးတော့ တောင်းနေတာရှိတယ်။ ဒီကျောက်မီးသွေးတွေကိုတော့ မြို့ထဲသွားရင် သေချာသယ်ဖို့ စနစ်တကျသယ်ဖို့ လူတွေကို အန္တရာယ်မဖြစ်အောင် သယ်ဖို့တော့ ဘယ်သူမှ ကြီးကြပ်ပြီးတော့ စစ်ဆေးနေတာမျိုးမရှိဘူး” ဟု ပင်လုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျောက်မီးသွေးတင်ကားသည် တွဲကား ၂၂ ဘီး ဖြစ်ပြီး ပင်လုံမြို့ မှတစ်ဆင့် တောင်ကြီး ၊ မန္တလေး ၊ ကျောက်ဆည်တို့ ပို့ဆောင်ပေးနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...