နောင်ချို
နောင်ချိုတိုက်ပွဲအတွင်း ပြည်သူနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီး
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဟိုခဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (MDY- PDF) တို့ ထိတွေ့တိုက်ပွဲကြား နေအိမ် ၂၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၅ ရက်)မှစပြီး ၁၀ ရက်ကျော်ကြာ နောင်ချိုမြို့နယ်အတွင်းတွင်...
နောင်ချိုတိုက်ပွဲ ၇ ရက်အတွင်း နှစ်ဖက်တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ၇ ရက် ဆက်တိုက် ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဖက် တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများ ရှိသည့် အပြင် စစ်ရှောင်ပြည်သူများလည်း နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်း သိရသည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့ နေ့လည်ပိုင်း အချိန်ထိ အာဏာသိမ်း စစ်ကောင်စီ...
နောင်ချိုမြို့နယ် စစ်ရှောင်အချို့ အိမ်ခန်းငှားနေရ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ရှောင်ထွက်ပြေးရသည့် ပြည်သူများ အချို့သည် အိမ်ခန်းငှားခ တစ်လလျှင် ငါးသောင်းကျပ်ဖြင့် ငှားရမ်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်မှ စတင်ကာ ယနေ့အထိ ထိတွေ့တိုက်ပွဲပြင်းထန်နေသည့်...
နောင်ချိုမှာ ပြည်သူတစ်ဦး မိုင်းနင်းမိ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ခင်းသွားသည့် ပြည်သူတစ်ဦးက မိုင်းနင်းမိကြောင်း စုံစမ်း သိရ သည်။ ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းတွင် နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ...
ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်း ယာဉ်တိုက်မှုဖြစ်ပြီး လမ်းများပိတ်ဆို့နေ
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဂုတ်တွင်းအဆင်း၊ ကျောက်မဲရေကန် အောက်ကွေ့တင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လမ်းများပိတ်ဆို့နေကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၃၀ရက်) နံနက်ပိုင်း ၉ နာရီတွင် ကျောက်မီးသွေးတင်ဆောင်လာသည့် ကုန်ကားကြီးတစ်စီး ဂုတ်တွင်းအဆင်းတွင် ဘရိတ်ပေါက်ပြီး ကုန်တင်ကားနှစ်စီးနှင့် ဝင်တိုက်မိခဲ့ကြောင်း သွားကူညီသည့် ကမ်းလင့်လက်များ...
နောင်ချိုမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန်ကြိုးစား
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု လုံခင်းကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲနေထိုင်နေချိန် ကျေးရွာတွင်းရှိ အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ကြိုးပမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) ရက်ထိ စစ်ကောင်စီတပ်ဖွဲ့သည် လုံခင်းကျေးရွာတွင်း တပ်စွဲနေထိုင်ပြီး ပြည်သူပိုင် ပစ္စည်းများ၊ တိရိစ္ဆာန်များကိုလည်း ယူသုံးပြီး မပေးပါက...
နောင်ချိုအတွင်း PDF သတင်းများ ထပ်မံကြားရပါက ရွာကို မီးရှို့မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ပြော
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း PDF တပ်ဖွဲ့ သတင်းများ ထပ်မံကြားသိရပါက ရွာကို မီးရှို့မည်ဟု စစ်ကောင်စီ တပ်ဖွဲ့က ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် နောင်ချိုမြို့နယ်အတွင်း မန္တလေး PDF နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်...
နောင်ချို စစ်ဘေးရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း စစ်ဘေးရှောင်များတချို့ စစ်ကောင်စီ နှင့် PDF များရွာပတ်လည်တွင် တည်ရှိနေသဖြင့် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲသည့် ဖေဖော်ဝါရီ ၁၄ ရက်တွင် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု ဟိုခိုကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ရှိ စစ်ဘေးရှောင် ၅၀၀ ဝန်းကျင်သည်...
နောင်ချိုတိုက်ပွဲ စစ်ကောင်စီ ၂၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၂၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း PDF တို့က သိမ်းဆည်းရမိကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီဘက်မှ...
နောင်ချို ဒေသခံ ၁၅၀ ကျော် စစ်ရှောင်နေရ၊ ကူညီထောက်ပံ့မှု လိုအပ်
သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ (PDF) တို့ တိုက်ပွဲကြောင့် ဒေသခံ ရွာသား ၁၅၀ ကျော် စစ်ရှောင်ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ရှောင်ထွက်ပြေးရသည့် နောင်ချိုမြို့နယ်မှ လုံခန်ရွာ၊ နားခါးရွာ၊ ခေးနင်းရွာ (ဒိုးပင်ရွာ)...





